Channel Myanmar

Xiaoguang Hu

Three Old Boys ( 2024 ) 6
Three Old Boys ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။ Filesize : 995 MB / 625 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Three Old Boys ( 2024 )

Red Cliff II (2009) 7.6
Red Cliff II (2009) Red Cliff  II (2009)_________IMDb -7.6/10  ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီး နောက် ဒုတိယ ကားကို၂၀၀၉ ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ် ဇာတ်လမ်းကတော့ပထမကား ကိုပဲ ဆက်လက်ရိုက်ကူးထားပြီး ပထမကားကိုသာ ကြည့်ပြီးမှ ဒီကားကိုဆက်ကြည့်မှသာ ဇာတ်ရည်လည်မှာပဲဖြစ်ပါတယ်ဒီကားကတော့ IMDb rating 7.6 ထိရရှိထားပြီးသိုင်းကား ရှေးရာဇဝင်စစ်ကားကိုကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ချောင်ချောက်ရဲ့ ကုန်းတပ်စစ်ဦးကို အနိုင်တိုက်ပြီးနောက်မှာ အင်အားသောင်းချီတဲ့ ရေတပ်ကြီးကို ကျိုးယွီနဲ့ ခုံးမင်တို့ ဘယ်လို ဆက်ရင်ဆိုင်ကြမလဲဆိုတာ......   File size…(2.3 GB) and (1.3 MB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias  
movie

Red Cliff II (2009)

2009
Red Cliff (2008) 7.4
Red Cliff (2008) Red Cliff - 2008 IMDb (7.4/10).........Rotten Tomatoes (91%)  ဒီဇာတ်ကား ၂ ကားကို လွီပုနဲ့သောင်းချန်၊ သစ္စာဂုဏ်ရည် ကြည့်ဖူးတဲ့သူတွေ၊ P2 ဂိမ်းမာတွေတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။  Romance of the three kingdoms ဂိမ်းတွေလည်း ထွက်ထားပါတယ်။ အရင်နှစ်တွေကတော့ ဒီသမိုင်းကာလ စဆုံးကို စီးရီးထွက်ပါတယ် အပိုင်း ၆၀ လောက်တော့ ရှိမှာပေါ့။တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောင်ဟာ လျိုပေ့ကို  လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ ...
movie

Red Cliff (2008)

2008