Channel Myanmar

Xiang Wei

Pegasus ( 2019 ) 6.4
Pegasus ( 2019 ) ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်.. Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်.. 5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်... သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်..ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို ့ပြန်လည်ကြိုးစားပါတော့တယ်... ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ..ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ...ကားအလန်းဆင်ဖို့ရာလည်း ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင် နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ.. သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Sport , Action Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

Pegasus ( 2019 )

2019
Hello Mr. Billionaire ( 2018 ) 6.2
Hello Mr. Billionaire ( 2018 ) Shen Teng  ရဲ့ ဇာတ်ကားကောင်းလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အညွန်းလေးကိုဖတ်ကြည့်လိုက်ရအောင်Wang Duo Yu ဟာ သာမာန် လိဂ်တစ်ခုက မထင်မရှားတဲ့သာမန်ဂိုးဖမ်းသမားလေးတစ်ဦးပါပဲ..သူ့အဖိုးကတော့ ချမ်းသာကြွယ်ဝတဲ့ လူတစ်ဦးတစ်နေ့မှာတော့ ဂိုးသမားလေးအဖို့ ကံဇာတာတွေကောင်းမွန်လာပါတယ်အဲ့ဒါဘာလဲဆိုတော့ သူ့အဖိုးဆီကအမွေရမယ့်အကြောင်းကိုသိလိုက်ရတာပါပဲ..ရမယ့်ပိုက်ဆံကလည်း ယွမ် သုံးဆယ် ဘီလီယံဆိုတော့ မနည်းမနောပါပဲ..ဒါပေမယ့်သူ့အဖိုးက သူ့ကိုဒီအတိုင်းမပေးဘူး စိန်ခေါ်မှုလည်းတခု လုပ်လိုက်တယ်ဂိုးသမားလေးဟာ တစ်လအတွင်းမှာ ယွမ် တစ် ဘီလီယမ် တိတိကိုကုန်အောင်သုံးရပါမယ်..မဟုတ်တဲ့နေရာမှာလည်းမသုံးရဘူးပြီးတော့ တမင်မကုန်ကုန်အောင် ပစ္စည်းတွေကိုမတန်မဆပေးပြီးဝယ်တာမျိုးလည်းမဖြစ်ရဘူး..လက်ခံနိုင်တဲ့အတိုင်းအတာတခုမှာတလအတွင်းယွမ် တစ် ဘီလီယမ်ကိုသုံးနိုင်မှ ကျန်တဲ့အမွေကိုသူရမှာပါ..စိန်ခေါ်မှုကိုလက်မခံဘူးဆိုလည်းယွမ် 1 ဘီလီယံကိုယူပြီးထွက်သွားယုံပါပဲ..ရှုံးနိမ့်သွားရင်တော့အမွေတွေတပြားတချပ်မှရမှာမဟုတ်ပါဘူးကဲ..ဒီစိန်ခေါ်မှုကို ဂိုးသမားလေးဘယ်လိုဖြတ်ကျော်မလဲပြီးတော့ ဘာတွေဖြစ်လာမလဲ..ဘာတွေသင်ယူနိုင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုခံစားကြပါ..အားကစားနဲ့ ဟာသလေးတွေအပြင်အချစ်ဇာတ်လမ်းလေးတပုဒ်ကိုပါကောင်းကောင်းခံစားရမှာဖြစ်လို့အပန်းဖြေကြည့်ရှုလိုသူ ရုပ်ရှင်ချစ်သူများအတွက်သင့်တော်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်  Quality : Bluray 1080p ( HEVC ) , 720p Format : mp4 Duration : 1h 58 min Genres : Comedy , Drama Subtitle : Myanmar Subtitle ( ...
movie

Hello Mr. Billionaire ( 2018 )

2018
HEVC 1080p 5.1