Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Xia Vigor
5.7
Itutumba Ka Ng Tatay Ko (2024)
Itutumba Ka Ng Tatay Ko [2024] (IMDb - 5.7/10)တီတန်နဲ့ တင်တင်တို့က အဖေတစ်ခု သမီးတစ်ခု... သူတို့နှစ်ယောက်သာ ရှိတဲ့ ဘဝလေးမှာ တီတန်ဟာ ဖခင်ကောင်းတစ်ယောက် တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေမယ့် သူ့သမီးလေးကို အနိုင်ကျင့်ဗိုလ်ကျနေသူတွေဆီကနေတော့ အပြည့်အဝ မကာကွယ်ပေးနိုင်ရှာဘူး.. အကြောင်းကတော့ တီတန်ဟာ လူကြောက် ဖြစ်နေလို့ပါ... ဒါကိုလည်း သမီးဖြစ်သူက မုန်းတီးလို့ နေခဲ့ပါတယ်... တီတန်ဟာ ဆုံးပါးသွားတဲ့ အမေကိုသာ သူ့အဖေ လူဆိုးလူမိုက်လို မဖြစ်စေရပါဘူးလို့ ကတိမပေးခဲ့ရင် သူဟာ အခုလို လူကြောက်ကြီးဖြစ်နေမှာ မဟုတ်ပါဘူး...ဒီလိုနဲ့ ဒါရိုက်တာတစ်ယောက်ဆီမှာ လက်တိုလက်တောင်း လုပ်ရင်း အသက်ဆက်နေရတဲ့ တီတန်တစ်ယောက်... ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဦးနှောက်မှာ အကျိတ်ရှိနေပြီး ခုနှစ်ရက်သာ အသက်ရှင်ရတော့မယ်လို့ ကြားသိလိုက်ရပါတော့တယ်... သိပ်မကျန်တော့တဲ့ သူ့ရဲ့ လူ့သက်တမ်းမှာ သူ့သမီးလေးအတွက် တီတန်တစ်ယောက် ဘာတွေဘယ်လိုမျိုးများ လုပ်ပေးသွားလိမ့်ဦးမလဲဆိုတာ ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ...
movie
Itutumba Ka Ng Tatay Ko (2024)
2024
Wedding Dress (2022)
Wedding Dress (2022) ဂျိုအန်က မင်္ဂလာဝတ်စုံတွေရောင်းတဲ့ဆိုင်က ဒီဇိုင်နာလက်ထောက်တစ်ယောက်ပါ။ သူ့မှာ ကာလာလို့ခေါ်တဲ့ သမီးငယ်လေးတစ်ယောက်ရှိပြီး ယောက်ျားကဆုံးပါးသွားပြီဖြစ်တဲ့ တစ်ကိုယ်ရည်မိခင်တစ်ယောက်ပါ။သူ့ယောက်ျားက သူတို့မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက်ကျရင် Wedding Dress လေးရစေရမယ်လို့ ကတိပေးခဲ့တာကြောင့် ဒီအိပ်မက်လေးကိုလည်း ဆက်ပြီးဖက်တွယ်ထားဆဲပါ။ သူ့မှာဒီဇိုင်းလုပ်လက်စ မင်္ဂလာဝတ်စုံဂါဝန်လေးလည်းရှိနေပါတယ်။အမေတစ်ခု သမီးတစ်ခုဘဝမို့ စားဝတ်နေရေးအတွက် အလုပ်အမြဲလုပ်နေရပါတယ်။ ဒါပေမဲ့ သမီးလေးကို အရမ်းချစ်ပြီး သမီးအတွက် လိုလေးသေးမရှိ ထားချင်တဲ့ အရာရာမြှုပ်နှံထားတဲ့မိခင်မျိုးပါ။ဒီလိုကြိုးစားနေတဲ့ ဂျိုအန်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဂျိုအန်မှာ ကင်ဆာရှိနေပြီဖြစ်လို့ပါပဲ။ သူက ကင်ဆာဆေးတွေသွင်းပြီးလူမမာအဖြစ်နဲ့ ထွက်ခွာမသွားချင်တာကြောင့် ဆေးမကုဘဲနေဖို့ဆုံးဖြတ်ထားပါတယ်။ဒါ့ကြောင့် သူမသွားရခင်မှာ သမီးလေးအပေါ် သူလစ်ဟင်းခဲ့တဲ့မိခင်တာဝန်တွေကိုလုပ်ဖို့ အလုပ်ကနေခွင့်ယူပြီး ဟင်းချက်ပေးတာကစလို့ သမီးလေး သူငယ်ချင်းတွေပိုရအောင် မောင်နှမဝမ်းကွဲတွေနဲ့တည့်အောင် ဘဲလေးအကမယ်ပြိုင်ပွဲဝင်ဖြစ်အောင် ကြိုးစားပါတော့တယ်။မိခင်မေတ္တာနဲ့ သားအမိသံယောဇဉ်ပေါ်လွင်ပြီး ကြည့်ရှုသူတွေကို နွေးထွေးမှုနဲ့ ဝမ်းနည်းမှုတွေတပြိုင်တည်းဖြစ်စေတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ စိတ်ခံစားလွယ်တဲ့သူတွေအတွက်ကတော့ တော်တော်လေးမျက်ရည်ကျရမယ့် ရုပ်ရှင်ပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San ...
movie
Wedding Dress (2022)
2022
6.8
Alone/Together (2019)
Alone/Together (2019)အထီးကျန် (သို့မဟုတ်) အတူတကွကို မရှိတဲ့အချိန်က ကျွန်မအတွက် အထီးကျန်တဲ့အချိန်တွေပေါ့ ကို ရှိတဲ့အချိန်တွေက ကျွန်မတို့ အတူတကွ ရှိကြမယ့် အချိန်တွေပေါ့ ..... ကို ရယ်။ကျွန်မ ဘဝမှာ တွေ့တိုင်း မြတ်မြတ်နိုးနိုးငေးကြည့်မိတဲ့အရာတစ်ချို့ရှိတယ် ပြတိုက်ထဲက အနုပညာလက်ရာ ပြကွက် ပြခန်းတွေ ပန်းချီပန်းပုတွေရယ်။ပြီးတော့……… ကို ရယ်။ အဲဒီအကြောင်းအရာ ၂ ခုဟာ ကျွန်မဘဝရဲ့ ရည်မှန်းချက်တွေပဲပေါ့….. ရည်မှန်းချက်တွေအတိုင်း ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မက အနုပညာလေ့လာမှုဘာသာရပ်နဲ့ လက်တင်ဂုဏ်ထူးတန်းတက်ရင်း အမျိုးသားပြတိုက်မှာ စေတနာ့ဝန်ထမ်းလုပ်တယ် ကျွန်မ ဘွဲ့ရပြီးရင် ပြတိုက်တွေ ပြခန်းတွေမှာ ပြတိုက်မှုး ဖြစ်ချင်တယ်။ အနုပညာ လက်ရာတွေ ဝိုင်းဝိုင်းလည်နေတဲ့ နေရာမှာ အလုပ်လုပ်ရတာ ကျွန်မပျော်တယ်။ အမှန်တကယ်ကြိုးစားမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့လည်း ကျွန်မ ယုံကြည်တယ်။ကို ကတော့ ဘာမှမဖြစ်ချင်ဘူးတဲ့ သူက အရာရာကို အဆိုးမြင်နေသူလေ။ ကျွန်မက စိတ်ကူးနဲ့ ...
movie
Alone/Together (2019)
2019
HEVC 1080p 5.1