Channel Myanmar

Xavier Mathieu

Abbé Pierre – A Century of Devotion (2023) 6.6
Abbé Pierre – A Century of Devotion (2023)  IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက "ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ" အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။)ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ ...
movie

Abbé Pierre – A Century of Devotion (2023)