Channel Myanmar

Xavier Maly

My Sole Desire aka  À mon seul désir (2023) 6.1
My Sole Desire aka À mon seul désir (2023) “My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်း‌လေးကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့ ၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့ Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့ သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့ စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲ ရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့ စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။ မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ...
movie

My Sole Desire aka À mon seul désir (2023)

Remi, Nobody’s Boy (2019) 7.0
Remi, Nobody’s Boy (2019)  ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲကတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသားဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody's Boy ဖြစ်ပြီးဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ်ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲမွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစားသားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကိုမကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာမာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီးတိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီကနေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာတွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာတွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီးနောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။  File size…1.67GB/ 753MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ..... Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Remi, Nobody’s Boy (2019)

Asterix & Obelix: Mission Cleopatra (2002) 6.6
Asterix & Obelix: Mission Cleopatra (2002) Asterix & Obelix: Mission Cleopatra (2002)IMdb (6.6) / Rotten Tomatoes (86%)ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်...ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်..ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်..၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့...ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ...အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ...၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix ...
movie

Asterix & Obelix: Mission Cleopatra (2002)

2002
HEVC 1080p 5.1
Saint Omer (2022) 7
Saint Omer (2022) Saint Omer (2022)~ IMDb - 7/10, Rotten Tomato - 94% ~2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Saint Omer ဟာ Film Critics ​ဆီတွေက​နေ Rating ​​တော်​တော်​ကောင်း​ကောင်းကိုရခဲ့တဲ့ ဥပ​ဒေ ဒရာမာဇာတ်ကား​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ ဆု​တွေအ​နေနဲ့လည်း ဆန်ကာတင်ဝင်ခဲ့တဲ့ ဆု ၄၁ ဆုမှာ ဆု ၁၆ ဆုထိရရှိခဲ့တဲ့ကား​လေးဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~စာ​ရေးဆရာမတစ်ဦးဖြစ်တဲ့ ရာမားက ပဲရစ်က​နေ စိန့်အိုမားထိ ​လော့ရန့်ကိုလီရဲ့ အမှု​အ​ကြောင်း​ရေးဖို့ လာခဲ့ပါတယ်။ ကိုလီက​တော့ ၁၅ လအရွယ် ကိုယ့်သမီး​လေးကို ပြန်သတ်တယ်ဆိုပြီး အမှုရင်ဆိုင်​နေရတဲ့ ဆီနီးဂဲတစ်​ယောက်ဖြစ်ပြီး ကိုယ့်အ​မေနဲ့လည်း ရှုပ်​ထွေးတဲ့ဆက်ဆံ​ရေးရှိ​နေတာ​ပေါ့။ အ​မေနဲ့အဆင်မ​ပြေတဲ့ ရာမားကလည်း သူနဲ့ အဖြစ်ချင်း​တူ​​နေ​တော့ ကိုလီကို အရမ်းစိတ်ဝင်စားသွားတယ်။ ရာမား ကိုလီအ​ကြောင်းဆက်ပြီး ​လေ့လာ​နေတုန်း ကိုလီ ပြင်သစ်​မှာ​နေရင်း ခံစားရတာ​တွေကို ကြားပြီး ...
movie

Saint Omer (2022)

2022
A Very Long Engagement (2004) 7.6
A Very Long Engagement (2004) A very long engagement (2004)========================၁၉၁၉ ခုနှစ် သြဂုတ်လမှာ မာသိဒ် သီလရှင်တစ်ပါးဆီက စာရပါတယ်။စာက ပထမကမ္ဘာစစ်ထဲမှာ သေသွားပြီလို့ သိထားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ရဲဘော်တစ်ဦးဆီပါ။ အဲဒီနောက်မှာတော့ သူ့ခင်ပွန်းလောင်းအပါအဝင်သေမိန့်ချခံခဲ့ရတဲ့ စစ်သားငါးယောက်အကြောင်းကို ကြားခဲ့ရပါတယ်။အဲဒီကနေစပြီး မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်း မတ်နတ်ခ်ကို ရှာပုံတော်ဖွင့်ပါတော့တယ်။မာနတ်ခ်ကို ရှာရတဲ့ခရီးက လွယ်တော့ မလွယ်လှပါဘူး။ ပထမဆုံးပဲရစ်ကို သွားပြီး စုံထောက်တစ်ယောက်ငှားတယ်။ သူ့ကို ပိုက်ဆံတွေအလကားဖြုန်းပစ်နေတာပဲလို့ ပြောကြပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ကလည်း မေ့ပစ်ပြီး သင့်တော်တဲ့သူတစ်ယောက်ရှာတော့တဲ့။အမျိုးမျိုးတားကြတဲ့ကြားမှာ မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းအသက်ရှင်နေသေးတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပါပဲ။ ဒီလိုနဲ့ရသမျှအချက်အလက်တွေကို လိုက်ချိတ်ဆက်ပါတော့တယ်။မာသိဒ်တစ်ယောက် သူ့ခင်ပွန်းလောင်းကို ရှာတွေ့ပါ့မလား?သူ့ခင်ပွန်းလောင်းကရော အသက်ရှင်နေပါ့မလား?အသက်ရှင်နေရင်ရော ဘာတွေကြောင့် ပြန်မလာနိုင်တာလဲ? အညွှန်းနဲ့ ဘာသာပြန်ကို Phu Myat Thwe ရေးသားထားပါတယ်  File size…2 GB / 819MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 13m Genre ..... ...
movie

A Very Long Engagement (2004)