Channel Myanmar

Woo Ki-Hong

A Tale of Two Sisters (2003) 7.2
A Tale of Two Sisters (2003) A Tale Of Two Sisters (2003) IMDb: 7.1/10 Genre: Drama/Horror/Mysteryမွန်ဂိုယောင်းပါဝင်ထားပြီးနာမည်ကြီးတဲ့ ဒီရုပ်ရှင်ကသရဲကားဆိုပေမဲ့ သာမန်ကြည့်နေကျသရဲကားပုံစံတွေနဲ့ကွဲထွက်နေပြီး ဇာတ်လမ်းရဲ့လှည့်ကွက်တွေကြားထဲမှာ ဟင်ကနဲ ဟာကနဲဖြစ်နေမယ့်ရုပ်ရှင်မျိုးပါ။ ကြောက်ရွံ့မှုတွေ ဝမ်းနည်းမှုတွေခံစားရမယ့်အပြင် တကယ်ကိုစိတ်ထဲမှာစွဲကျန်နေမဲ့သရဲကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ရက်ရှည်ဆေးကုပြီး အဖေနဲ့မိထွေးရှိတဲ့အိမ်ကိုပြန်လာတဲ့ ဆူယွန်းနဲ့ဆူမီတို့ညီအစ်မ၊ သူတို့အိမ်ပြန်လာပြီးနောက်ပိုင်းမှာအရာရာကအရင်လိုမဟုတ်နေတော့ပဲ အိမ်ကြီးမှာလည်း ထူးဆန်မှုတွေဖြစ်လာပါတော့တယ်။ပြောင်းလဲမှုတွေက ဘယ်လိုမျိုးပြောင်းလဲမှုမျိုးလဲ ထူးဆန်းတဲ့အရာတွေကရောဘာတွေဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းအစကနေအဆုံးထိပဟေဠိဆန်ဆန်ကြည့်ရှုခံစားရမှာဖြစ်ပြီးဝမ်းနည်းမှုကြောက်ရွံ့မှုစတဲ့ခံစားချက်များစွာကို ခံစားရမှာဖြစ်ပြီး ညီအစ်မနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုပါပုံဖော်ရိုက်ကူးပေးထားတာကြောင့် ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size…    2.2 GB /  809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Drama/Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia
movie

A Tale of Two Sisters (2003)

2003
Pietà (2012) 7.2
Pietà (2012) Pietà (2012) ဇာတ်လမ်းအညွှန်း****************************(IMDB - 7.2)ဒီကားက Venice, Cannes & Berlin အစရှိတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီး သုံးခုတွင် ထိပ်တန်းဆုရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယားရုပ်ရှင်ကား ဖြစ်ပါတယ်။ ၆၉ကြိမ်မြောက် Venice International Film Festivalမှာ Golden Lion ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ Pietà ဆိုတာ အီတလီစကားမှ ဆင်းသက်လာပြီး သနားစရာကောင်းတယ်၊ ဂရုဏာသက်တယ် ဆိုတဲ့ အဓိပ္ပာယ်ရပြီး မယ်တော်မယ်ရီက သေဆုံးသွားတဲ့ Jesus ရဲ့ ရုပ်အလောင်းကို ပွေ့ဖက်ထားတဲ့ သရုပ်ကို ဖော်ဆောင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ငွေတိုးချေးစားသမား ဂန်းဒိုဟာ သူငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ မိခင်နဲ့ပြန်တွေ့ပြီးနောက် ပြောင်းလဲလာပုံ၊ လောကကြီးမှာ ကိုယ်စွမ်းကိုယ်စ မရှိလျှင် ဖြစ်မယ့်ဒုက္ခ၊ လူသားချင်းစာနာမှုမရှိဘဲ ငွေနဲ့ အရာရာကို တန်ဖိုးဖြတ်ရင် ဖြစ်ပေါ်လာမဲ့ ရလဒ်၊ မေတ္တာရဲ့ အရေးပါအရာရောက်ပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းလေးပဲ ...
movie

Pietà (2012)

2012
A Man Who Was Superman(2008) 7.3
A Man Who Was Superman(2008) A Man Who Was Superman(2008)အညွှန်း**************************************IMDb...7.3Documentaryတွေ ရိုက်ကူးဖန်တီးတဲ့ ပီဒီ ဆုန်းဆူဂျောင်းဟာလခလည်း မရ ကြည့်ရှုနှုန်းလည်း နည်းတာကြောင့် လက်ရှိ အလုပ်ကနေ ထွက်ပြီးအာဖရိကကို သွားဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အာဖရိကမှာ ဝန်ထမ်းတွေခြင်္သေ့ကိုက်ခံရတာကြောင့် ရိုက်ကူးရေး ဖျက်သိမ်းလိုက်ရတဲ့ အချိန်မှာပဲ သူ့ကင်မရာ အခိုးခံလိုက်ရပါတယ်... သူခိုးကို လိုက်ဖမ်းရင် သူ့ကိုယ်သူ စူပါမန်းလို့ ပြောနေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရပါတယ်.... စူပါမန်းဆိုတဲ့သူက သူတတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လူတွေနဲ့ တိရစ္ဆာန်လေးတွေကို ကူညီနေပြီးကလေးတွေရဲ့ သူငယ်ချင်းလည်း ဖြစ်‌နေပါသေးတယ်.... ဒါကိုတွေ့ပြီး ရိုက်ကူးရေးလုပ်ဖို့ အကြံရသွားတဲ့ ဆူဂျောင်းဟာစူပါမန်းကို စတင်ချည်းကပ်ပါတော့တယ်... စူပါမန်းက သူ့ခေါင်းထဲကို လူဆိုးကောင်က ခရစ်ပတွန်နိုက် ထည့်သွားလို့ စွမ်းအားတွေသုံးလို့ မရတာလို့ ပြောခဲ့ပေမဲ့ ဆူဂျောင်းအတွက် ယုံတမ်းစကားလိုပါပဲ... ဒါပေမဲ့ သူပြောသလို စူပါမန်းရဲ့ ခေါင်းထဲမှာ အမည်မသိ အရာတစ်ခုက တကယ် ရှိနေခဲ့ပါတယ်...စူပါမန်းက ဘာဖြစ်လို့ ဒီအခြေအနေ ဖြစ်သွားရပြီး ...
movie

A Man Who Was Superman(2008)