Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Won Jin
6.3
Operation Scorpio / Scorpion King ( 1992 )
၁၉၉၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ကွန်ဖူးကားဟောင်းလေးတစ်ကားကိုပြန်တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဝကိုအေးအေးချမ်းချမ်းနေသွားချင်ပြီးတော့ သားကိုဆရာဝန်တစ်ယောက်ဖြစ်စေချင်တဲ့အဖေဖြစ်သူ ဖေ့ချိုင်နဲ့ ကွန်ဖူးသိုင်းပညာတွေကိုသာစိတ်ဝင်စားတဲ့သား ဖြစ်သူဖေ့ယွိရှူးတို့ သားအဖ၂ယောက်ရှိကြတယ်။ဒဏ္ဍာရီထဲကသူရဲကောင်းတွေလို မတရားမှုမှန်သမျှကိုဝင်ကယ်ချင်တဲ့ ဖေ့ယွိရှူးကြောင့် ပြဿနာတွေခဏခဏကြုံပြီး တစ်နေ့မှာတော့ စီးပွားရေးသမားတစ်ယောက်အိမ်ကို လိင်ကျွန်အဖြစ်ပို့ခံရတော့မယ့် အစေခံမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း သားအဖနှစ်ယောက်ဟာအိမ်ကရှောင်ပြေးခဲ့ရတဲ့အထိဒုက္ခကြုံလာခဲ့တယ်။မိတ်ဆွေတစ်ယောက်ရဲ့အကူအညီနဲ့ အားယီးဆိုတဲ့အမဲသားဆန်ပြားကြော်ဆိုင်မှာ ခဏခိုလှုံခွင့်ရခဲ့ကြတယ်။ ဖေ့ယွိချိုင်ရဲ့သူရဲကောင်းဖြစ်ချင်စိတ်ဟာပိုပြီး ပြင်းပြလာခဲ့ပါတယ်။ ကွန်ဖူးသိုင်းတွေကိုရူးသွပ်တဲ့ကောင်လေးတစ်ယောက်က မိန်းကလေးတွေကိုလိင်ကျွန်အဖြစ်ရောင်းဝယ် ဖောက်ကားနေတဲ့ အဖွဲ့အစည်းကိုတွန်းလှန်ပစ်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Operation Scorpio / Scorpion King ( 1992 )
6.5
Almost Love (2006)
Almost Love (2006)“တကယ်တော့လောကကြီးမှာ တစ်ယောက်ယောက်ကို သဘောကျရတာလောက် အကျိုးမရှိတဲ့အရာ မရှိပါဘူး။ ထမင်းကျွေးတဲ့အရာလည်း မဟုတ်သလို ပိုက်ဆံရှာပေးတဲ့အရာလည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် တကယ်ချစ်မိသွားတဲ့အချိန်မှာတော့ ပေးဆပ်ခြင်းက ရယူခြင်းထက် ပိုပျော်ဖို့ကောင်းသလို .. ကောင်းကင် နဲ့ ကြယ်၊ ပန်းတွေ နဲ့ သစ်ပင် ဘယ်လောက်လိုက်ဖက်တယ်ဆိုတာကိုလည်း ကောင်းကောင်းသိလာတယ်” တဲ့။ဇာတ်လမ်းလေးကတော့ အချစ်ကိုတော့ခံစားနေပေမယ့် တကယ့်အချစ်ကဘာမှန်းမသိဘဲ Friend Zone ထဲမှာ အူလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆယ်ကျော်သက်ကျောင်းသားအရွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။တိုက်ကွမ်ဒိုကျောင်းသားတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းတွေမှာ ဝါသနာအရ စတန့်မင်းသားအနေနဲ့ အချိန်ပိုင်းအလုပ်ဝင်လုပ်တတ်ပြီး တစ်ချိန်မှာ “ဂျက်ကီချန်း”ထက် ပိုသာတဲ့ အက်ရှင်မင်းသားကြီးဖြစ်ချင်တဲ့ .. “ဂျီဟွမ်”“ဂျီဟွမ်” နဲ့ ငယ်ငယ်တည်းကခင်လာကြပြီး ရုပ်ရှင်မင်းသမီးကောင်းတစ်လက်ဖြစ်ဖို့ကြိုးစားနေတဲ့ အနုပညာကျောင်းသူ .. “ဒါလယ်”နှစ်ယောက်လုံးမှာ ရည်းစားကိုယ်စီလည်းရှိသလို ကိုယ့်အိပ်မက်တွေအမှန်တကယ်ဖြစ်လာအောင်ကြိုးစားနေရင်း တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးဖြစ်လာပါတော့တယ်။ဒီအပြောင်းအလဲကြောင့်ပဲ နှစ်ယောက်သားရဲ့အချင်းချင်းအပေါ်မှာထားရှိတဲ့ သူငယ်ချင်းသံယောဇဉ်ကို သံသယဖြစ်လာတဲ့အခါမှာ ...
movie
Almost Love (2006)
2006
7.8
The Man from Nowhere (2010)
IMDb Rating(7.8) / Rotten Tomatoes (100%)မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ဇာတ်လမ်းအကြမ်းဖျဉ်းကတော့မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ...
movie
The Man from Nowhere (2010)
HEVC 1080p