Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Winston Chao
6.4
Pegasus ( 2019 )
ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်.. Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်.. 5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်... သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်..ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို ့ပြန်လည်ကြိုးစားပါတော့တယ်... ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ..ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ...ကားအလန်းဆင်ဖို့ရာလည်း ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင် နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ.. သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Sport , Action Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Pegasus ( 2019 )
2019
6.1
The Meg (2018)
The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်း ပုံစံကတော့... မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်.... အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့ အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်...ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ မမြင်ရတဲ့ ...
movie
The Meg (2018)
2018
4K HEVC
7.8
Eat Drink Man Woman (1994)
Eat Drink Man Woman (1994) ~ IMDb - 7.8/10, Rotten Tomatoes - 88% ~Directed by " Ang Lee "" Taiwanese Cinema "ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau ...
movie
Eat Drink Man Woman (1994)
1994
5.6
I Dreamed A Dream ( 2021 )
I dreamed a dream ဆိုတဲ့ဇာတ်ကားက ရွှေကျင်းလို့ခေါ်တဲ့ ကောင်မလေးနဲ့ ယောဂအိပ်မက် နည်းပြဆရာကြီး လီရှီဟောင် (ရွှေကျင်းရဲ့အဖေ)တို့ရဲ့ အိပ်မက်ခရီးစဉ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ရွှေကျင်း ငယ်ငယ်ထဲက သူ့အိပ်မက်ထဲမှာ စူးရှတဲ့အလင်းတန်းကိုအမြဲတွေ့နေရခဲ့တယ် အဲ့အလင်းတန်းကို ဘာဖြစ်လို့အမြဲမြင်နေရလဲဆိုတာ သူကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး သူ့အဖေက နတ်နဂါးရဲ့မျက်လုံးဆိုပြီး တင်စားပြီးပြောဆိုခဲ့တယ် နတ်နဂါးမျက်လုံးဆိုတာတော့ အိပ်မက်ထဲကစိတ်ကူးယဥ်ကမ္ဘာနဲ့ ကျွန်တော်တို့အပြင်လောက ကမ္ဘာနှစ်ခုကြားကို ဆက်သွယ်ပေးတဲ့ လိုဏ်ခေါင်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ် အရမ်းချမ်းသာလွန်းတဲ့ သူဌေးလီရှီဟောင်က သူ့သေခါနီးအချိန်မှာ ပိုင်ဆိုင်ခဲ့တဲ့ရှယ်ယာတွေအားလုံးကို သူ့ရဲ့တစ်ဦးတည်းသောဖြစ်တဲ့ သူ့သမီးရွှေကျင်းကိုမပေးခဲ့ပဲ သူ့ရဲ့ ငယ်ဘဝက အချစ်ဦးဖြစ်သူ ကျူးလိယင်းကိုပေးခဲ့လိုက်တယ် ကျူးလိယင်းနဲ့ လီရှီဟောင်က ကိုယ့်အိမ်ထောင်နဲ့မိသားစုတွေရှိနေပြီး အချင်းချင်းအဆက်သွယ်မရှိတာလဲကြာခဲ့ပါပြီ ဒါပေမဲ့ ရုတ်တရက်ကြီး ရှယ်ယာတွေကို ကျူးလိယင်းလက်ထဲအပ်ခဲ့လဲဆိုတာ ရွှေကျင်းကအံ့ဩတဲ့အတွက် ကျူးလိယင်းအကြောင်းကိုလိုက်ပြီးစုံစမ်းရာမှ မထင်မှတ်ပဲ လျှို့ဝှက်ချက်များကိုသိခဲ့လိုက်ရပါတယ် အဲ့လျှို့ဝှက်ချက်တွေကို ရွှေကျင်းကလိုက်စုံစမ်းရင်း သေခါနီး comaဖြစ်နေတဲ့သူ့အဖေရဲ့ အတွင်းစိတ်အိပ်မက်ထဲကို ယောဂအိပ်မက်ကတစ်ဆင့် ဘယ်လိုကြည့်ရှုခဲ့ပါတယ် ကျူးလိယင်းနဲ့ ဒီလျှို့ဝှက်ချက်ကြားမှာ ဘယ်လိုပတ်သက်နေတာလဲ ယောဂအိပ်မက်ဆိုတာက ဘာလိုမျိုးဖြစ်မလဲ နောက်ဆုံးအမှန်တရားနဲ့ အိပ်မက်ထဲအမြဲမြင်နေခဲ့ရတဲ့ အလင်းတန်းကရော ဘာဖြစ်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာQuality : WEB-DL 1080p Format : mp4 Duration : 1h 46min Genres : Drama , Romance , Mystery Subtitle : Myanmar ...
movie
I Dreamed A Dream ( 2021 )
5.8
1911 Revolution (2011)
တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။ File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
1911 Revolution (2011)
2011
5.9
The Palace (2013)
[Unicode]The Palace(2013)ဒီဇာတ်လမ်းကနန်းတွင်းကိုရောက်လာတဲ့ အပျိုတော်လေးနှစ်ယောက် ချန်ရှန်းနဲ့လျိုလီတို့အကြောင်းကိုပုံဖော်ထားတာပါလူတစ်ယောက်ကိုအနစ်နာခံပြီး ရူးရူးမူးမူးချစ်ခဲ့တဲ့ချန်ရှန်း(ZhouDongYu)နဲ့အချစ်ထက်ဂုဏ်အဆင့်အတန်းကိုပိုမက်မောတဲ့ လျိုလီ(ZhaoLiYing)တို့နှစ်ယောက်က နန်းတွင်းထဲမှာခင်သွားကြတဲ့သူငယ်ချင်းတွေ....မင်းသားတစ်ပါးတည်းကိုသာချစ်မိခဲ့တဲ့ချန်ရှန်းနဲ့ ဘယ်မင်းသားရရဆိုတဲ့လျိုလီတို့နှစ်ယောက်ရဲ့ ဘဝအလှည့်အပြောင်းတွေ....လျိုလီရဲ့ရက်စက်ယုတ်မာမှုတွေ...မင်းသားညီအစ်ကိုတွေကြားက ရာဇပလ္လင်လုပွဲတွေအပြင်ချင်မင်းဆက်ကမင်းသားတစ်ပါးနဲ့အပျိုတော်လေးတို့ရဲ့အချစ်ဇာတ်လမ်းကိုလွမ်းမောဖွယ်ကြည့်ရှုရမှာပါ ၊ဒီဇာတ်လမ်းကတရုတ်ကားကြိုက်သူတွေအတွက်တော့ ကျောက်လိယင်းနဲ့ အနှစ်တွေချည်းပဲရိုက်တဲ့ကျိုးတုန်ယွီတို့ကိုကြည့်ရတာနဲ့တင်တော်တော်တန်နေမှာပါ xD( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် ) [Zawgyi]The Palace(2013)ဒီဇာတ်လမ်းကနန်းတွင်းကိုရောက်လာတဲ့ အပျိုတော်လေးနှစ်ယောက် ချန်ရှန်းနဲ့လျိုလီတို့အကြောင်းကိုပုံဖော်ထားတာပါလူတစ်ယောက်ကိုအနစ်နာခံပြီး ရူးရူးမူးမူးချစ်ခဲ့တဲ့ချန်ရှန်း(ZhouDongYu)နဲ့အချစ်ထက်ဂုဏ်အဆင့်အတန်းကိုပိုမက်မောတဲ့ လျိုလီ(ZhaoLiYing)တို့နှစ်ယောက်က နန်းတွင်းထဲမှာခင်သွားကြတဲ့သူငယ်ချင်းတွေ....မင်းသားတစ်ပါးတည်းကိုသာချစ်မိခဲ့တဲ့ချန်ရှန်းနဲ့ ဘယ်မင်းသားရရဆိုတဲ့လျိုလီတို့နှစ်ယောက်ရဲ့ ဘဝအလှည့်အပြောင်းတွေ....လျိုလီရဲ့ရက်စက်ယုတ်မာမှုတွေ...မင်းသားညီအစ်ကိုတွေကြားက ရာဇပလ္လင်လုပွဲတွေအပြင်ချင်မင်းဆက်ကမင်းသားတစ်ပါးနဲ့အပျိုတော်လေးတို့ရဲ့အချစ်ဇာတ်လမ်းကိုလွမ်းမောဖွယ်ကြည့်ရှုရမှာပါ ၊ဒီဇာတ်လမ်းကတရုတ်ကားကြိုက်သူတွေအတွက်တော့ ကျောက်လိယင်းနဲ့ အနှစ်တွေချည်းပဲရိုက်တဲ့ကျိုးတုန်ယွီတို့ကိုကြည့်ရတာနဲ့တင်တော်တော်တန်နေမှာပါ xD( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Hikari ဖြစ်ပါတယ် ) File size__( 950 MB ) and ( 400 MB) Quality__Blu-720p IMDb Rating__5.9/10 Format__mp4 Duration__01:49:55 Type__History, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Myint Myat Thinn Encoded by Naing Aung Latt
movie
The Palace (2013)
6.4
Kabali ( 2016 )
ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်..IMDb ကတော့ 6.4 ပဲဖြစ်ပါတယ်သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦး...ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်..သူဟာ လူအများကြီးရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီးထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ်သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာအကုန်လုံးသေဆုံးခဲ့တယ်..လူမသေပေမယ့် ဘ၀သေသွားတဲ့ကာဘာလီ..ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာသူချစ်ရတဲ့မိသားစု..အတွက်..သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကိုပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်..ဒီလိုနဲ့နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့............... Subtitle Credit to Somonlian ( Subscene )
movie
Kabali ( 2016 )
2016