Channel Myanmar

Winona Ryder

Alien Resurrection (1997) 6.2
Alien Resurrection (1997)  Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Alien Resurrection (1997)

1997
Homefront (2013) 6.5
Homefront (2013) ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။ အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ...
movie

Homefront (2013)

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

Little Women (1994) 7.3
Little Women (1994)   အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie

Little Women (1994)

Haunted Mansion (2023) 6.2
Haunted Mansion (2023) သရဲခြောက်သော စံအိမ်ကြီး Haunted Mansion (2023)ဒစ္စနေးရဲ့ မိသားစုကြည့်ဖို့ ဖျော်ဖြေရေး ဟာသ သရဲကားအသစ်ထွက်လာပါပြီ။ သရဲခြောက်တာတွေဆိုပေမဲ့ ရယ်ရပြီး ကြည့်လို့ကောင်းပါတယ်။သရဲခြောက်တဲ့စံအိမ်ကြီးကိုမသိဘဲ ဝယ်မိသွားတဲ့ သားအမိနှစ်ယောက်က သရဲခြောက်ခံရပါတော့တယ်။ သရဲတွေကို နှင်ထုတ်ဖို့ ပင့်တဲ့ဘုန်းကြီးရော၊ သရဲကင်မရာသမားရော၊ ဝိညာဉ်ဟောတဲ့ဆရာမရော၊ သမိုင်းပညာရှင်ရော အကုန် အကူအညီလိုက်တောင်းပေမဲ့ လာကူညီတဲ့သူအကုန် အိမ်ထဲမှာ ပိတ်မိပြီး သရဲတစ်ထောင်လောက်နဲ့ တိုင်တွေပတ်ကုန်ကြတာပါ။တစ်အိမ်တည်းမှာ သရဲတွေဒီလောက်များနေတာဘာကြောင့်လဲ၊ သူတို့ဘာလို့ ဒီလူတွေကို ထွက်မရအောင်ပိတ်ထားတာလဲဆိုတဲ့ ပဟေဠိတွေကို အိမ်ရဲ့သမိုင်းတွေကနေ လေ့လာပြီး သရဲတွေနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။မိသားစုဖြစ်ဖြစ် တစ်ယောက်တည်းအပျင်းပြေကြည့်ဖို့ဖြစ်ဖြစ် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။) File size…(2.4 GB)/ (1.5 GB)/(665 MB) Quality….WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:02:58 Subtitle….Myanmar Subtitle(Hardsub) Encoder….SWM Translated by Mr.Anderson
movie

Haunted Mansion (2023)

4K HEVC
The Dilemma (2011) 5.3
The Dilemma (2011) 2011 ခုနှစ်က ထွက်ရှိခဲ့ပီး IMbd 5.3 ရရှိခဲ့တဲ့black comedy အမျိုးအစား ဇာတ်ကား ​လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့ ရွန်နီ နဲ့ နစ်ခ် ဟာအထက်တန်း​ကျောင်းတုန်းကနဲ့ ခင်ကြတဲ့ သူငယ်ချင်း​တွေဖြစ်ကြပီးစီးပွား​ရေး လည်းအတူတွဲလုပ်ကြတဲ့ သူတွေပါ။​ဂေါ်မစွံ့ လူပျိုကြီ ရွန်နီ ကို အိမ်​ထောင်ပြုဖြစ်​အောင် နစ်ခ် တို့ ဇနီး​မောင်နှံကကြိုးစားတိုက်တွန်းကြပါတယ် ၊ တစ်​နေ့မှာ​တော့ နစ်ခ်ရဲ့ မိန်းမ က ​ဖောက်ပြန်​နေတာကိုရွန်နီ က သိရှိသွားတဲ့ အခါ နစ်ခ် ကို​ ​ပြောပြဖို့ ကြိုးစားပါတယ်။အဲ့လိုလုပ်​နေရင်းနဲ့ မရိုးရှင်းလှတဲ့ အိမ်​ထောင်​ရေးပြသနာ​တွေ၊ လျို့ဝှက်ချက်​တွေကိုသိသွားပီး ​ဖြေရှင်းဖို့ကြိုးစားပုံ​တွေ ၊ သူငယ်ချင်း​တွေ ကြားကသံ​ယောဇဥ် အ​ကြောင်း​တွေ ကို ​ပေါ်လွင်​အောင်​ဖော်ပြထားတဲ့ဇာတ်လမ်း​လေးပဲ ဖြစ်ပါတယ်။တဖက်ကလည်း အခက်အခဲ​တွေ​ကျော်လွှားပီး​အောင်မြင်​အောင်ကြိုးစား အလုပ်လုပ်ကြပုံ​တွေကိုလည်း​တွေ့ရမှာပါ။Vince Vaughn နဲ့ Kevin James တို့လို မင်းသားကြီး​တွေရဲ့သရုပ်​ဆောင်မှု နဲ့ခပ်​သော့​သော့ ဟာသ ​တွေအပြင် ...
movie

The Dilemma (2011)

2011
Girl, Interrupted (1999) 7.3
Girl, Interrupted (1999) Girl, Interrupted (1999)~ IMDb - 7.3/10, Rotten Tomatoes - 53% ~Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ...
movie

Girl, Interrupted (1999)

1999
The Crucible (1996)
The Crucible (1996) ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie

The Crucible (1996)

Autumn in New York(2000) 6.7
Autumn in New York(2000) Autumn in New York(2000)*************************နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်းဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာအစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီးအသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကိုသူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားကအချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။  File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Autumn in New York(2000)

The Iceman(2012) 7.0
The Iceman(2012) The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie

The Iceman(2012)

Frankenweenie (2012) 6.9
Frankenweenie (2012) Frankenweenie (2012)~ IMDb - 6.9/10, Rotten Tomatoes - 87% ~ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ...
movie

Frankenweenie (2012)

2012
Heathers (1988) 7.2
Heathers (1988) Heathers (1988)Heathers ဟာ ၁၉၈၈ ခုနှစ်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းနောက်ခံပြု Comedy/Drama ဇာတ်ကားတွေထဲက တစ်ကားပါ။ IMDb Rating 7.2 နဲ့ Rotten Tomatoes 93% အထိ ရရှိထားပါတယ်။ Comedy ဆိုပေမယ့် လုံးဝကြီး ဟာသတွေပဲ လုပ်နေတာ မဟုတ်ဘဲ Dark comedy အမျိုးအစားဖက်ကို ရောက်တယ်လို့ပဲ ပြောရမှာပါ။ အမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းသားဘဝကို ခပ်ပါးပါး သရော်ထားပြီးတော့ တခြား အထက်တန်းကျောင်းနောက်ခံပြု Comedy တွေနဲ့ ကွဲထွက်နေလို့ နာမည်ကြီးသွားခဲ့တာပါ။ရှားဝုဒ် အိုဟိုင်းရိုးရှိ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဟယ်သာလို့ အမည်ရတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲအဖွဲ့ကိုတော့ ဟယ်သာချန်ဒလာ၊ ဟယ်သာဒု့ခ် နဲ့ ဟယ်သာ မက်နမဲရာဆိုတဲ့ နာမည်တူ သုံးယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်သလို စိတ်ထင်တိုင်းကြဲနေကြတဲ့ အဖွဲ့ဆိုလည်း မမှားပါဘူး။ သူတို့အဖွဲ့မှာ မတူညီဘဲ ထူးခြားနေတာကတော့ ..... လေးယောက်မြောက်အဖွဲ့ဝင်ဖြစ်တဲ့ ဗရော်နီကာ ဆော်ယာ ဆိုတဲ့ ...
movie

Heathers (1988)

1988
Mr. Deeds(2002) 7.0
Mr. Deeds(2002) Mr. Deeds(2002) အညွှန်း*********************Adam Sandler ဆိုတာ အခြားမင်းသားတွေလို ရူပါ မဖြူးသလိုစွဲမက်ဖွယ် ခပ်ဖြောင့်ဖြောင့် body ရှိသူလည်းမဟုတ်ပါဘူး...သို့ပေမဲ့သူရိုက်တဲ့ romance ,drama တွေဟာ ကျွန်တော်တို့ ရင်ထဲကိုအမျိုးမျိုးသော ရသတွေရောက်ရှိအောင် ပို့ဆောင်နိုင်သူပါ...ဒီဇာတ်ကားလေးဟာ ဒါရိုက်တာ Steven Brill ရိုက်ကူးထားပြီး အားလုံးသိတဲ့မင်းသားကြီး Adam Sandler နဲ့ မင်းသမီး Winona Ryder တို့အပြင် အခြားသောသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဘလိတ်မီဒီယာရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူပရက်စတန်ဘလိတ်ရဲ့သေဆုံးမှုကြောင့် သူ့ရဲ့ကျန်ရှိတဲ့ အမွေပစ္စည်းတွေနဲ့ရှယ်ယာတွေကိုဆက်ခံမယ့်သူလိုက်ရှာရာမှာ လူမသိသူမသိမြို့လေးတစ်ခုမှာနေထိုင်နေတဲ့ ဘလိတ်ရဲ့တူ လောင်းဖဲလိုးဒိစ် (Adam Sandler)ကို သွားတွေ့ပါတော့တယ်။ဒီတော့ ဒိစ်ဟာစာရွက်စာတမ်းကိစ္စတွေနဲ့ နယူးယောက်မြို့ကိုလိုက်လာရင်း ရိုးအေးပြီးကူညီချင်စိတ်အပြည့်ရှိတဲ့ဒိစ်ဟာမီဒီယာတစ်ခုရဲ့သတင်းထောက်ဖြစ်သူ ပန်ဒေါ်ဆန်(Winona Ryder) နဲ့တွေ့ဆုံပြီးဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာကိုတော့... File Size : (3.5GB )(995 MB) and (465 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Comedy ,Romance Subtitle : Myanmar Subtitle (Hard ...
movie

Mr. Deeds(2002)

A Scanner Darkly(2006) 7.0
A Scanner Darkly(2006) A Scanner Darkly(2006) အညွှန်း*****************************IMDb  7,,,,, Rotten Tomatoes 68%ဒီရုပ်ရှင်ထဲမှာတော့ အားလုံးသိပြီးသားနာမည်ကြီး သရုပ်ဆောင်များဖြစ်တဲ့ Keanu Reeves, Robert Downey Jr. Woody Harrelson နဲ့ မင်းသမီး Winona Ryder တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Richard Linklater ကပုံဖော်ရိုက်ကူးထားတဲ့ Animated Sci-fi/thriller ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကြောင်းကိုမပြောခင်မှာ ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ တင်ဆက်ပုံကို အရင်ဆုံးပြောပြချင်ပါတယ်။ ဒီဇာတ်ကားထဲက Scene တွေကို တစ်ကားလုံးရိုက်ပြီးတော့မှ Interpolated Rotoscope လို့ခေါ်တဲ့နည်းပညာကိုသုံးပြီးမူလရုပ်ရှင်ကို ဖရိန်တစ်ခုချင်းဆီ ခြေရာကောက်ပြီး Animation အဖြစ်ပြောင်းထားတာပဲဖြစ်ပါတယ်။ Animation ဖြစ်တာတော့မှန်ပါတယ်.. ဒါပေမယ့် လူအစစ်တွေသရုပ်ဆောင်ထားတာပါ...ဇာတ်လမ်းအညွှန်းကတော့ ဘောပ့်အာတာ(Keanu Reeves)ဟာ မူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့ အဖွဲ့တစ်ခုကို စုံစမ်းဖို့အတွက် အသွင်ယူထားတဲ့ ရဲအရာရှိတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သဏ္ဌာန်လုပ်သရုပ်တူရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိနေတဲ့ ဘောပ့်အာတာဟာ သူကိုယ်တိုင် ဆေးစွဲတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ ဘောပ့်အာတာအနေနဲ့ သူ့ရဲ့လျှို့ဝှက်သရုပ်ကို မပေါ်အောင်ကြိုးစားရင်းနဲ့ မူးယစ်ဆေးတိုက်ဖျက်မှုကို ဘယ်လိုတွေလုပ်ဆောင်မလဲ သူ့ရဲ့အနားမှာရှိတဲ့ ဂျင်ဘယ်ရစ်(Robert Downey Jr.)နဲ့အာနီလက်မန်း (Woody Harrelson)တို့ရဲ့ အရှုပ်တော်ပုံတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။ရုပ်ရှင်ထဲမှာ ...
movie

A Scanner Darkly(2006)

Experimenter (2015) 6.6
Experimenter (2015) Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie

Experimenter (2015)

2015
Destination Wedding (2018) 6.7
Destination Wedding (2018) ၂၀၁၈ ထွက် မင်းသားကြီး Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့Destination Weddimg ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ….အနောက်တိုင်းနိုင်ငံတွေမှာ ယနေ့ခေတ် ခေတ်စားနေတဲ့ မင်္ဂလာဆောင်နည်းတစ်မျိုးကို Destination Wedding လို့ခေါ်ပါတယ်…ဒီလိုမင်္ဂလာဆောင်ကြတဲ့အခါ သတို့သား သတို့သမီးတို့ဟာ ကိုယ့်မြို့မှာမဟုတ်ဘဲနဲ့ ကိုယ့်မြို့နဲ့ အနည်းဆုံး မိုင် ၁၀၀ ဝေးကွာတဲ့အရပ်မှာ ခရီးလည်းထွက် မင်္ဂလာလည်းဆောင် ဆိုသလို ..မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေအတွက်လည်း လမ်းစားရိတ် နေစားရိတ်တွေ အကုန်ကျခံပြီး ကျင်းပကြတဲ့ပွဲဖြစ်ပါတယ်…ဖရန့် နဲ့ လင်းဆေးတို့ဟာ ဒီမင်္ဂလာပွဲကို လာကြတဲ့ လူနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ အမြှီူးအမောက်မတည့်မှုဟာ လေဆိပ်မှာကတည်းက စတင်ခဲ့ကြပါတယ်…နှစ်ယောက်စလုံးဟာ ဇီဇာကြောင်သူများဖြစ်ပြီး သူတို့နှစ်ယောက်စလုံး တူညီနေတဲ့အချက်တွေ ရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်…ဇာတ်ကားတစ်ကားလုံးကို သူတို့နှစ်ယောက်ပြောစကားတွေနဲ့ပဲ တင်ဆက်ထားပြီး ရယ်ရွှင်စရာလေးတွေပါပါတဲ့ Drama/Melodrama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်ခံစားကြည့်ရှုတော်မူကြပါဦ: (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (700 MB)  Quality : WEB-DL ...
movie


2018
Black Swan (2010) 8.0
Black Swan (2010) UnicodeIMDb (8/10)Rotten Tomatoes (86%)Black Swan ....ဒီကားနဲ့ ပက်သက်ပြီး ရေးမယ် လုပ်တော့ ကျွန်တော့်ခေါင်းထဲ ဝင်လာတာ စကားလုံးတစ်လုံးပဲရှိတယ်။" အနုပညာ မှော်ဝင်စားမှု"... ဘဲလေးအကပညာထဲပဲ စိတ်ကို စုံလုံးနှစ်ထားတဲ့ Nina ဆိုတဲ့ကချေသည်မလေးတစ်ယောက် Swan Lake ပြဇာတ်ကို ကဖို့ လူဝင် အရွေးခံရာက ဒီဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်...။Swan Lake ပြဇာတ်ရဲ့ ငန်းဖြူ နေရာနဲ့ အသင့််တော်ဆုံး သူ ဖြစ်ပေမဲ့...ငန်းနက်နေရာအတွက်တော့ သူ့ စရိုက်နဲ့ ကွဲပြားလွန်းနေခဲ့တယ်....။ငန်းနက်ရဲ့ တဏှာများ ကြမ်းတမ်းတဲ့စရိုက်နဲ့ သူမရဲ့ ပျော့ညံ့တဲ့ စိတ်နဲ့ကြား..သူ့ အသက် သူ့ဘဝ ဖြစ်တဲ့ အက အနုပညာရဲ့ မှော်ဝင်စားမှုနဲ့..သူ့ ရဲ့ အမှောင်ဘက်အခြမ်း ထွက်လာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ကြပါ။က ကွက်တွေ....တေးဂီတတွေနဲ့ ဒီ ဇာတ်လမ်းလေးမှာ တာရာမင်းဝေ ရဲ့ အရှေ့မြို့ရိုးက မိုးရေစက်များ ...
movie

Black Swan (2010)

2010
Edward Scissorhands (1990) 7.9
Edward Scissorhands (1990) Edward Scissorhands (1990) IMDb - 7.9/10_____Rotten - 90%    ခပ်ကြောင်ကြောင်သရုပ်ဆောင်ချက်တွေနဲ့မင်းသား Johnny Depp နဲ့ အမြင်ဆန်းတွေနဲ့ ပညာသားပါပါရိုက်ပြပြီး Message လှလှလေးတွေ ပေးတတ်တဲ့ ဒါရိုက်တာ Tim Burton တို့ရဲ့ပူးပေါင်းမှု နောက်တစ်ခုပါ။ဆုကိုးဆုရရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုအပါအဝင် အခြားဆုတွေမှာ ဆန်ကာတင် ၂၂ခုရှိခဲ့ပါတယ်။ IMDB Rating 7.9 နဲ့ Rotten Tomatoes (89%) ထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။အဆင်မပြေဖြစ်နေတဲ့အရောင်းစာရေးမတစ်ယောက်ဖြစ်တဲ့ Peggy တစ်ယောက် ဖောက်သည်အသစ်ရှာရင်း သရဲခြောက်တဲ့အိမ်ကြီးလို့နာမည်ကြီးတဲ့အိမ်ကိုရောက်သွားတဲ့အခါ လူပုံစံအတိုင်းပြုလုပ်နေပေမယ့် အဆုံးမသတ်ခင်တီထွင်သူကသေဆုံးသွားခဲ့တဲ့ စက်ရုပ်လေး Edward တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။စိတ်ထားကောင်းလှတဲ့ Peggy ကစက်ရုပ်လေးကို မွေးစားပြီး လူနေမှုဘဝတွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ တီထွင်ဖန်တီးဉာဏ်ရှိပေမယ့် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့စက်ရုပ်လေး Edward တစ်ယောက် အချောမသပ်ရသေးပေမယ့် နှလုံးသားနဲ့ဦးနှောက်ကိုတပ်ဆင်ပေးခဲ့လို့ Peggy ရဲ့သမီး Kimber နဲ့တွေ့ပြီး ရင်ခုန်မိသွားပါတယ်။စက်ရုပ်လေးEdward လူ့အသိုင်းအဝိုင်းအဝိုင်းမှာ အဆင်ပြေပါ့မလားဆိုတာကတော့...သေချာတာတစ်ခုက အဲဒီမြို့မှာသူမရောက်ခင်ကနှင်းမကျပါဘူး ဒါပေမယ့် ...
movie

Edward Scissorhands (1990)

1990