Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Willie Nelson
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
8.0
The Greatest Night in Pop (2024)
နတ်ဖလစ်ကနေ ထုတ်လွင့်တင်ဆက်ပေးလိုက်တဲ့ ပေါ့ပ်ဂီတရဲ့ ဂန္တဝင်ညတစ်ညအကြောင်းပေါ့ဗျာ။ အခု တင်ဆက်ပေးချင်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ "We are the world"သီချင်း ဖန်တီးခဲ့တုန်းကအချိန်ကို ရှင်သန်နေသေးတဲ့ အဆိုကျော်ကြီးတွေ ပရိုဂျူဆာတွေ ကင်မရာမန်းတွေ မီးအလင်းအမှောင်ဆရာတွေကနေ ပြန်ပြောင်းပြောပြထားတာတွေပါ။အားလုံးသိကြတဲ့အတိုင်းပဲ ဒီသီချင်းကို ဖန်တီးရေးဖွဲ့ခဲ့တာက မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ်ရစ်ချီ။စစချင်း စူပါစတားတွေ လေးစားရတဲ့ ပရိုဂျူဆာ ကန်ကရေဂန်စီစဉ်ခဲ့တာက စတီဗီနဲ့ လိုင်ယွန်နယ်တို့ရေးကြဖို့။ စတီဗီကို ဆက်သွယ်လို့မရတဲ့အဆုံးမှာ မိုက်ကယ်နဲ့ လိုင်ယွန်နယ်တို့ အတူတူရေးဖွဲ့ဖြစ်ခဲ့ကြတယ်။ မိုက်ကယ်က ဒီသီချင်းကို ပါဝင်ရေးဖွဲ့ခဲ့ပေမဲ့ ဝင်ဆိုဖို့ ရုပ်သံဗီဒီယိုထဲမှာပါဝင်ဖို့ ဆန္ဒမရှိခဲ့ပါဘူး။မင်းရဲ့ ဂီတသက်တမ်းတလျောက်မှာ နောင်တအကြီးအကျယ်ရလိမ့်မယ်ဆိုတဲ့ ပရိုဂျူဆာရဲ့တိုက်တွန်းမှုနဲ့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်ခါက လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ အဆိုကျော်ကြီးတွေကို အာဖရိကက ငတ်မွတ်ခေါင်းပါးမှုတွေ ဖြေလျော့ဖို့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ သူတို့တွေဘယ်လိုခက်ခက်ခဲခဲနဲ့ စုစည်းပြီး ဒီသီချင်းဖြစ်မြောက်ဖို့ ကြိုးစားခဲ့ရပုံတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File ...
movie
The Greatest Night in Pop (2024)
6.6
Half Baked (1998)
ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် ...
movie
Half Baked (1998)
6.6
Austin Powers: The Spy Who Shagged Me (1999)
James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီးကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာအရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီးပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ...
movie
Austin Powers: The Spy Who Shagged Me (1999)
1999
HEVC 1080p 5.1
5.2
Waiting for the Miracle to Come(2018)
Waiting for the Miracle to Come(2018)IMDb...5.2ကောင်မလေးတစ်ယောက်ဟာ သေဆုံးသွားသောသူ့ဖခင်ရဲ့ အုတ်ဂူရှေ့မှာ ထိုင်နေတယ်..၀မ်းနည်းပူဆွေးနေတဲ့ ဒီကောင်မလေးလက်ထဲမှာလည်းစာတစ်စောင်နဲ့..ဒီစာကတော့ သူ့ဖခင်မသေခင်ပေးသွားတဲ့စာလေးဖြစ်ပြီး စာထဲမှာပါတဲ့အကြောင်းအရာတွေကတော့မြို့တစ်မြို့ကို သွားပြီး လူနှစ်ယောက်နဲ့သွားတွေ့ဖို့ပါ..အဲ့ဒီမှာ သမီးလေးရှာနေတဲ့ရွှေတွေလည်းရှိသတဲ့...သမီးလေးအဖို့ ဖအေက အသေအချာမှာခဲ့လေတော့ ဘာပဲဖြစ်ဖြစ် သွားဖို့ဆုံးဖြတ်လိုက်တယ်...ဖခင်ဖြစ်သူက ဘာလို့သွားဖို့အသေအချာမှာခဲ့တာလဲ...သူမရော ဘယ်လိုတွေကြုံရမလဲ...ရွှေဆိုတာကရော တကယ်ရွှေတွေရှိတာလား ဘာကြောင့်လဲဆိုတာခံစားကြည့်လိုက်ပါဦး...File Size : (757 MB) and (318 MB) Quality : Blu-Ray 720p Format…mp4 Duration…01:18:00 Genre : Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie
2016
6.7
Lost in London(2017)
Lost in London(2017)IMDb....6.7,,,,Rotten.....75%Lost in London ဆိုတဲ့ ဇာတ်လမ်းကတော့ အမေရိကန် ဟာသကားဖြစ်ပါတယ်။ ဟောလိဝုဒ်မင်းသား Woody Harrelsonတစ်ယောက် Londonကိုရောက်ရှိနေတဲ့အခါ အချိန်တိုုင်းဟာ ပြသဒါးဖြစ်နေပါတယ်။Woody Harrelsonဟာ Londonက ဖျော်ဖြေပွဲအပြီးမှာ ပရိတ်သတ်တုံ့ပြန်မှုအားနည်းခဲ့တာကြောင့် စိတ်ဓာတ်ကျနေခဲ့တယ်။ အဲ့ဒီညမှာ သူ့ဇနီးနဲ့ ညစာစားဖို့ သွားရင်း ဇနီးသည်ရဲ့အထင်လွဲမှုကို ကြုံခဲ့ရပါတယ်။အဲ့ဒီ အထင်လွဲမှုကို ဖြေရှင်းဖို့ ကြိုးစားရင်း Woodyတစ်ယောက် မထင်မှတ်ဘဲပြဿနာတွေကိုဖန်တီးမိရာကနေ နောက်ဆုံး ရဲအဖမ်းခံရပြီး ထောင်ထဲထိရောက်ခဲ့ရပါတယ်။ ဒီဇာတ်ကားက ဟာသကားဆိုပေမယ့် ကြည့်ရင်း ကြည့်ရင်းနဲ့ Woodyတစ်ယောက် ဘယ်လိုပြဿနာတွေထပ်ပြီးကြုံဦးမလဲဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပါ ဒီဇာတ်ကားကို မင်းသား Woody Harrelsonကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပြီး သူကိုယ်တိုင်လည်း ဇာတ်လိုက်Woody Harrelsonအဖြစ်ပါဝင် သရုပ်ဆောင်ထားပါတယ် Lost in Londonဇာတ်လမ်းမှာ မင်းသား Woody Harrelson , Owen Wilson , မင်းသမီး Eleanor Matssureတို့အဓိကပါဝင်ပြီး အခြားသော ...
movie
Lost in London(2017)
2017
6.1
Swing Vote (2008)
Swing Vote (2008)_____IMDb - 6.1/10 လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဘာသာပြန်ဖူးတဲ့ ဇာတ်ကားလေးပါ။ အမေရိကန် သမ္မတလောင်း ၂ ယောက် ရွေးကောက်ပွဲမှာ မဲအရေအတွက် တူနေတယ်။ ဖြစ်ချင်တော့ ဘယ်ပါတီဘက်မှ မယိမ်းတဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ မဲက အမှားတစ်ခုဖြစ်ပြီး ပြန်ထည့်ဖို့ အကြောင်းဖန်လာတယ်။ အဲဒီမှာပဲ သမ္မတလောင်း နှစ်ယောက်နဲ့ ပါတီကြီးနှစ်ခုလုံး ဆင်းချလာပြီး လူတစ်ယောက်ထဲကို အလိုလိုက် အကြိုက်ဆောင်ပြီး မဲဆွယ်ကြတာ။ နိုင်ငံအတွက်ဘာလုပ်ပေးမယ် ဘာညာ စီမံကိန်းဘာညာအကုန် မေ့သွားတယ်။ အဲဒီလူ ဘာကြိုက်လဲပဲ လိုက်ရှာပြီး ဖြည့်ဆည်းပေးနေကြေတော့တယ်။ နောက်ဆုံးတော့ အမြင်မှန်ရသွားပြီး နိုင်ငံအတွက်လိုအပ်ချက်က ဘာတွေပါ၊ ဒါတွေကိုဘယ်လိုဖြေရှင်းဖို့ စီမံထားပါတယ် ဘာညာနဲ့ အဆင့်အတန်းရှိရှိ မဲဆွယ်တတ်သွားတဲ့အကြောင်း ရိုက်ပြထားတာပါ။ ဒီဇာတ်လမ်းဟာလည်း ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.1 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း၂ယောက် မဲအရေအတွက်ဟာ ...
movie
Swing Vote (2008)
2008