Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
William Hill
6.0
A Dog Year (2009)
ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်..ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက်သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေးတစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေစတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်းသောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆိုခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ်စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော်ကွိုင်ပါတော့တယ်..ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝသူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်းနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာသရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆုရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေအတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာမြင်ဖူးကျမှာပါ) File ...
movie
A Dog Year (2009)
6.5
Eileen (2023)
Eileen (2023)~ IMDb - 6.6/10, RT - 85%, Meta - 71% ~မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family ...
movie
Eileen (2023)
2023
4K HEVC
7.2
Maestro (2023)
Maestro (2023)~ IMDb - 7.2/10, RT - 80%, Meta - 78% ~Maestro ဟာ လက်ရှိမှာ American Film Institute ရဲ့ Top Ten Films of The Year စာရင်းဝင်ထားပြီး Bradley Cooper ရဲ့ ဒါရိုက်တာဘဝ ပိုအသက်ဝင်လာစေတဲ့ ရုပ်ရှင်လို့ပြောကြတယ်။ Maestro ကို ကနဦးမှာတော့ ပါရာမောင့်က မာတင်စကောဆဲစီရိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး The Irishman ရိုက်ဖို့ မာတင်ကြီးက ငြင်းလိုက်လို့ စပီးဘာ့ဂ်ရဲ့ Amblin Entertainment လက်ထဲရောက်သွားပြီး ဘရက်ဒလေကူးပါးလက်အပ်လိုက်ပါတယ်။ မာတင်စကောဆဲစီလည်း သူ မရိုက်ဖြစ်ပေမဲ့ စတီဗင်စပီးဘာ့ဂ်နဲ့အတူတူ ပရိုဂျူဆာတော့ ဝင်လုပ်ထားပေးတယ်။ စီနီမာတိုဂရပ်ဖာကတော့ ဒါရန်အာရွန်နော့စကီးရဲ့ Pi (1998), Requiem for a ...
movie
Maestro (2023)
2023
[18+] Striptease (1996)
Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie
[18+] Striptease (1996)
1996
7
A Most Violent Year (2014)
A Most Violent Year (2014)အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size : 923MB, 387MB, 240MB Quality ...
movie
A Most Violent Year (2014)
2014
8.1
Gran Torino(2008)
Gran Torino(2008) IMDb....8.1,,,,,,Rotten....80%,,, Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာClint Eastwoodကို သတိထားမိခဲ့ပါတယ်...သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်....သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်.... Gran Torni ကားရဲ့ပိုစတာကြည့်မိပြန်တော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ပြီး ဇာတ်လမ်းအကျဉ်းလေးရေးထားတာကလည်း သိပ်ပြီးစွဲမက်စရာမရှိခဲ့ဘူး...သို့ပေမယ့် Top IMDb စာရင်းထဲပါနေတာရော Rotten မှာလည်း အတော်လေးကောင်းနေပြန်တော့ဘာသာပြန်ပြီးကြည့်ခဲ့မိတယ်...ဒီကားမှာလည်း သူကိုယ်တိုင်အဓိကသရုပ်ဆောင်ထားပါတယ်.... ဇာတ်လမ်းအစမှာ သူဟာ ခန်းမတစ်ခုထဲမှာ မတ်တပ်ရပ်နေတယ်...သူ့မိန်းမရဲ့ အသုဘ အခမ်းအနား... လာရောက်တဲ့သူတွေကိုသူကြည့်နေတဲ့ပုံက ခက်ထန်မာကြောမှုအပြည့်နဲ့.... သူ့သားတွေ မြေးတွေနဲ့ မိတ်ဆွေ အများစုတစ်ဖွဲဖွဲရောက်လာတယ်...သူ့မျက်လုံးတွေဟာ ဇနီးဆုံးလို့ ဝမ်းနည်းတဲ့အရိပ်အယောင်အစား မြေးတွေ ရဲ့ အပြုအမူတွေကို ဒေါသထွက်နေတဲ့ပုံပဲ...သူဟာ စကားတွေကိုလည်း အမြင်ကိုအမြင်အတိုင်း ငဲ့ကွက်ခြင်းမရှိဘဲ ဒဲ့ဒိုးပြောဆိုတတ်တဲ့သူ.သူ့စရိုက်ကြောင့် သားသမီးတွေမြေးတွေကလည်း သူနဲ့ဆိုစကားပြောရမှာတောင်ဝန်လေးနေတယ်.. ဒီလိုနဲ့ ကမောက်ကမ သူ့ရဲ့ပတ်ဝန်းကျင်ကို နိုင်ငံခြားသားမိသားစုတွေပြောင်းလာတယ်.... ဒီကားဟာ ဘီကီနီဝတ်အလှတွေမပါသလို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေ လည်းမပါပါဘူး...သို့ပေမယ့် ခင်ဗျားကိုဇတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့အပြင် ခင်ဗျားရဲ့နှလုံးသားကိုလည်းအရောင်အမျိုးမျိုးနဲ့ခပ်ကြမ်းကြမ်းဖြန်းပက်သွားလိမ့်မယ်.... သေချာတယ်ခင်ဗျားတို့လည်း ဒီကားကြည့်ပြီးရင် ကျွန်တော့်လို ဒီဘဲကြီးက ဂျလန်းကြီးဟလို့ရေရွတ်မိလိမ့်မယ်...အယ်တစ်ချို့သောသူတွေအတွက်တော့ ...
movie
Gran Torino(2008)
2008
6.4
How to Lose a Guy in 10 Days (2003)
အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2003 ခုနှစ်က ထွက်ခဲ့တဲ့ How to lose a Guy in 10 days ဆိုတဲ့ကားပါဒါကတော့Romance/Comedy အမျိုးအစားလေးပါဒီထဲမှာတော့ ဘန်ဂျမင်ဘယ်ရီဆိုတဲ့ ကြော်ငြာတာဝန်ခံတစ်ယောက်ဟာ စီမံကိန်းအကြီးကြီးတစ်ခုကို ရဖို့အတွက် အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ်ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဘန်ဂျမင်ဟာ မိန်းကလေးတစ်ယောက်ကို 10 ရက်အတွင်း သူ့ကိုကြွေဆင်းလာစေရမယ်လို့ လောင်းကြေးထပ်လိုက်တာပါတစ်ချိန်တည်းမှာပဲ မဂ္ဂဇင်းမှာ 10 ရက်အတွင်း ယောကျ်ားတစ်ယောက်က ကိုယ့်ကိုထားခဲ့ချင်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို ရေးဖို့ ကုန်ကြမ်းလိုက်ရှာမယ့် အန်ဒီ အန်ဒါဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိနေပါတယ်သူဟာစမ်းသပ်ဖို့အတွက် ယောကျ်ားတစ်ယောက်ကိုရှာဖွေဖို့ ဖြစ်လာပါတယ်အလောင်းအစားလုပ်ပြီး သိပ်မကြာခင်မှာ သူတို့ နှစ်ယောက် ဆုံတွေ့ခဲ့ကြပါတယ်သူတို့ရည်ရွယ်ချက်တွေအတိုင်း ဘယ်သူကအောင်မြင်သွားမလဲဘာတွေဖြစ်သွားတယ်ဆိုတာကို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါcomedy ချစ်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေFile Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr ...
movie
How to Lose a Guy in 10 Days (2003)
2003