Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
William De Acutis
7.2
Talk Radio (1988)
1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ...
movie
Talk Radio (1988)
6.1
Vampire’s Kiss (1988)
Vampire's Kiss (1988)~ IMDb - 6.1/10, Rotten Tomatoes - 63% ~မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ...
movie
Vampire’s Kiss (1988)
1988
5.9
(18+)Nine 1/2 Weeks (1986)
Nine Half Weeks ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစုေတွနဲ့ အတူကြည့်ဖို့ မသင့်တဲ့လူကြီးတွေကို လူကြီးပညာသင်တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။1986 ခုနှစ်လောက်က Cinematography နဲ့ ခန္ဓာကိုယ်ရဲ့ အနုပညာကောက်ကြောင်းတွေကိုဘယ်လိုရိုက်ပြထားလဲဆိုတာကို ကြည့်ရှုလေ့လာရင်း ပညာတွေအများကြီးတိုးပွားစေမယ့် ဇာတ်ကားလေးပါ။လိင်ကိစ္စဆိုတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှုတွေ လျော့ကျသွားတတ်ပါတယ်..ဒါပေမယ့် ဘယ်လိုနည်းမျိုးတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ပြန်ပြီးရှာဖွေပြီး သာယာမှုကိုပြန်ရှာဖွေမလဲ။ကိုယ့်ရဲ့ ပါတနာကို လွှမ်းမိုးတဲ့နေရာမှာလဲ အတိုင်းအတာဆိုတာ ဘယ်လောက်ရှိလဲ။သာယာမှုတွေ အလွန်မှာရော ဘယ်လိုဆိုးကျိုးတွေ စောင့်ကြိုနေလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ File size…3.2GB / 1.2GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….1h 57mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thu Ra Hein
movie
(18+)Nine 1/2 Weeks (1986)
1986