Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
William B. Davis
5.8
Passengers (2008)
cm ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ MysteryRomance Thriller ဇာတ်လမ်းလေး တစ်ခုကတော့ Passengers ဆိုတဲ့ဇာတ်ကားလေးပါ။ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway နဲ့Patrick Wilson တို့ခေါင်းဆောင်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကြောင်း ပြောရရင် ကမ်းခြေတစ်ခုအနီးမှာ လေယာဉ်ပျက်ကျမတော်တဆမှု ဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆမှုမှာ အသက်မသေဘဲရှင်ကျန်ရစ်တဲ့ ခရီးသည် ငါးဦးကို ကလဲရာဆိုတဲ့ စိတ်အထူးကုဆရာဝန်မလေးက အဖွဲ့လိုက် ဆွေးနွေးကုသမှု အကြံပေးနေတာပါ။ဒီငါးဦးထဲမှာမှ အဲရစ်ဆိုတဲ့ ကောင်လေးက တခြားသူတွေနဲ့ မဟုတ်ဘဲကလဲရာနဲ့ တစ်ဦးချင်း သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုပြန်ပါတယ်။သူတို့နှစ်ဦးကြားမှာ စစတွေ့ဆုံကတည်းက အဲရစ်က ကလဲရာကိုသဘောကျမိပြီး ကလဲရာဘက်ကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာကြောင့်ဒါကိုမသိကျိုးကျွံ နေဖို့ ကြိုးစားနေတာပါ။ ဒီလိုနဲ့ ဆရာဝန်မလေးနဲ့တွေ့ဆုံဆွေးနွေးနေတဲ့ ကျန်လေးဦးမှာ တစ်ယောက်ပြီး တစ်ယောက်ပျောက်ဆုံးကုန်ကြတဲ့အခါ လူနာတွေအတွက် စိတ်ပူမိတဲ့ ကလဲရာတစ်ယောက် လေကြောင်းလိုင်းဘက်က သူနဲ့ တွေ့ဆုံမေးမြန်းရာမှာလည်းကျေနပ်စရာ အဖြေမရပါဘူး။ဒီပဟေဠိကို ဖော်ထုတ်ဖို့ ကြိုးစားရင်းနဲ့ သူမကိုယ်တိုင် ...
movie
Passengers (2008)
5.9
The Tall Man (2012)
ဝါရှင်တန် ပြည်နယ်က ကိုးရော့ခ်ဆိုတဲ့ မြို့ငယ်လေးဟာယခင်က သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းအမှီပြုပြီးစည်ကားသိုက်မြိုက်တဲ့ မြို့လေး တစ်မြို့ ဖြစ်ခဲ့တာပါ။မိုင်းတွင်း တူးဖော်ရေး ပိတ်ချခံလိုက်ရပြီးတဲ့ နောက်ပိုင်းမှာစီးပွားလည်ပတ်မှု မရှိတော့ဘဲ တစ်စထက် တစ်စအကျဘက်ကို ဆုတ်ယုတ်လာခဲ့ပါတယ်။ အဆိုးဆုံးကမြို့နေလူထုထဲမှာ ကလေးငယ်တွေ တဖြည်းဖြည်းပျောက်ဆုံးသွားကြတာပါ။ ဒီပျောက်ဆုံးမှုတွေအတွက်ဒဏ္ဍာရီလိုလို ယုံတမ်းပုံပြင်လိုလို ဖြစ်လာတာကတော့ခေါင်းစွပ်နဲ့'လူရှည်ကြီး' တစ်ယောက်က ကလေးတွေကိုတောထဲကို ဆွဲခေါ်သွားခဲ့တာဆိုတာပါပဲ။ ဂျူလီယာဆိုတဲ့သူနာပြုတစ်ယောက်က ခင်ပွန်းဖြစ်သူ ဆရာဝန်ဆုံးပါးပြီးနောက်ပိုင်း အိမ်မှာ သားလေးဒေးဗစ်နဲ့အတူ ကလေးထိန်းတစ်ယောက်နဲ့ နေထိုင်သူပါ။ တစ်နေ့အိပ်ယာနိုးလာချိန်တွေ့လိုက်ရတာက ကလေးထိန်းကို ကြိုးနဲ့တုပ် ပါးစပ်အဝတ်ဆို့ထားပြီး ကလေးကိုလည်း မတွေ့ရတော့ပါဘူး။ကလေးကို ပြန်ရဖို့အတွက် ဂျူလီယာတစ်ယောက် ဘယ်လိုတွေလုပ်မလဲ။ မြို့က ပျောက်ဆုံးနေတဲ့ ကလေးတွေနဲ့ သူမနဲ့ကရောဘယ်လိုဆက်စပ်နေမလဲဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ File size…1.44GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Crime , Drama , ...
movie
The Tall Man (2012)
It’s a Wonderful Knife (2023)
ဒီတစ်ခါမှာတော့ ခါတိုင်းလိုသမရိုးကျမဟုတ်တဲ့ ခရစ္စမတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားလေးက Horror Comedy Mystery အမျိုးအစားလေးပါ။ဇာတ်လမ်းအကျဥ်းလေးကတော့ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေးဟာ ခရစ္စမတ်အကြိုညမှာ သူတို့မြို့က လူသတ်သမားကို သတ်လိုက်နိုင်ပြီး တစ်မြို့လုံးကိုကယ်တင်ပေးနိုင်လိုက်ပါတယ် အဲဒီလိုနဲ့တစ်နှစ်ကြာပြီး နောက်နှစ်ရဲ့ခရစ္စမတ်အကြိုညပြန်ကောက်တဲ့အချိန်မှာ ဝင်နီဟာ မိဘတွေနဲ့ ကတောက်ကဆဖြစ် ရည်းစားနဲ့လည်းကွဲ တက္ကသိုလ်ဝင်ခွင့်ကလည်းမရနဲ့ စိတ်တွေရှုပ်ပြီး ''ကျွန်မသာမွေးဖွားမလာရင်ကောင်းမှာ ကျွန်မသာမွေးဖွားမလာခဲ့ရင် လူတွေအားလုံးအတွက် ပိုကောင်းနေမှာပဲဆိုပြီး ဆုတောင်းမိလိုက်တယ်ဒါပေမဲ့ အဲ့ဆုတောင်းကတကယ်ဖြစ်လာပြီး လောကကြီးမှာ ဝင်နီခရူးသာစ်ဆိုတဲ့ကောင်မလေး ဘယ်တုန်းကမှမရှိခဲ့တဲ့ပုံစံအတိုင်းဆက်ရှင်သန်နေကြပြီး သူမကိုလည်း ဘယ်သူကမှမမှတ်မိတော့ပါ။ သူမ ဘယ်တုန်းကမှမမွေးဖွားလာခဲ့တဲ့ အတွက်သူမသတ်ခဲ့တဲ့လူသတ်သမားကလည်းသေစရာမလိုပဲ ပြန်ရှင်ပြီးလူတွေကိုဆက်သတ်နေတဲ့အခါ ဝင်နီတစ်ယောက် သူတို့မြို့လေးကလူတွေကို ဘယ်လိုကယ်တင်မလဲ သူမရဲ့ဆုတောင်းကရော ဘယ်လိုကြောင့်ပြည့်သွားရတာလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာပါ File size…(1.2 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
It’s a Wonderful Knife (2023)
The Thaw (2009)
Horror/Sci-fi အမျိုးအစားကားလေးပါ.......ဂေဟဗေဒ သုတေသန ကျောင်းသားလေးယောက်က ကြီးမားတဲ့ အာတိတ်မှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေကို တွေ့ရှိခဲ့တဲ့အခါ... အခုတော့ ကမ္ဘာတစ်ဝှမ်း ကပ်ဘေးကို ရပ်တန့်ရန် သူတို့အပေါ်မှာ မူတည်နေပါပြီဒီဇာတ်ကားရဲ့ ဇာတ်ကွက်က အာတိတ်မှာ သေစေနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိတဲ့ သိပ္ပံပညာရှင်အုပ်စုနဲ့ ပတ်သက်နေပါတယ်။ အရမ်းအမိုက်စားရုပ်ရှင်တစ်ကားမဟုတ်ပေမဲ့ ဒီကားကပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အချို့နဲ့ ဆန်းကြယ်သောအကြောင်းအရာတွေပါတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(728 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie
The Thaw (2009)
The Dead Zone (1983)
The Dead Zone 1983 Imdb 7.2/10 rotten tomatoes 88% 1979 ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ The Dead Zoneကိုအခြေပြုပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားကတော့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ယာဥ်မတော်တဆမှုကြောင့် ၅နှစ်ကြာ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုမာကနေ ပြန်လည်သတိရလာတဲ့အခါမှာ သူ့မှ ာ လူတွေကို ထိလိုက်တာနဲ့ အဲ့လူရဲ့အနာဂတ်ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရတယ် သူဟာသူ့ကိုယ်သူစစချင်းမယုံကြည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့လူတွေကိုကူညီဖို့ပြုလုပ်လာခဲ့တယ် သူဟာ ဂရက်ဂ်စတေးလ်ဆန်လို့ခေါ်တဲ့ မဲရွေးဝင်ခံနေတဲ့ အမတ်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပဲ ဂျွန်နီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Johnny Smithအဖြစ် အော်စကာဆုရှင် Christopher Walkenက သရုပ်ဆောင်ထားပြီးတော့ Johnny Smithရဲ့ ရည်းစားအဖြစ်အဖြစ်Brooke Adamsမှပါဝင်သရုပ်ဆောင်ထားသလို အမတ် Greg Stillsonအဖြစ် Martin Sheenမှပါဝင်သရုပ်ဆောင်ထားပါတယ်တယ်File size…(2 GB)/(1.3 GB)/(600 Mb) Quality….Webrip ...
movie
The Dead Zone (1983)
7.1
Bad Times at the El Royale (2018)
Bad Times at the El Royale (2018) IMDb - 7.1/10_____Rotten - 75%အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2018 မှာ ထွက်လာတဲ့ အသစ်စက်စက်ရုံတင်ကား Bad Times At The El Royale ဆိုတဲ့ ဇာတ်ကားလေးပါEl Royale ဆိုတဲ့ ဟိုတယ်ရှေ့မှာ ဖာသာဒန်နီယယ်ဖလင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးနဲ့ အဆိုတော်ပေါက်စခါလင်းဆွိတို့ တွေ့ဆုံတဲ့နေရာကနေ ဇာတ်လမ်းလေးကို စတင်ထားပါတယ်ဒါလင်းကတော့ ကယ်လီဖိုးနီးယားကနေ သီချင်းဆိုဖို့ လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ ငွေကြေးသိပ်မပြည့်စုံလို့ ဒီဟိုတယ်မှာလာတည်းတာပါဖာသာဖလင်းကတော့ သူ့ညီဖြစ်သူ ဖွက်ထားခဲ့တဲ့ ငွေတွေကို ပြန်ယူဖို့ ဟိုတယ်ကို ရောက်လာခဲ့တာပါသူတို့အရင် ဟိုတယ်မှာ ရောက်နေနှင့်တဲ့သူကတော့ ဖုန်စုပ်စက်အရောင်းဝန်ထမ်းဟန်ဆောင်ထားတဲ့ အေးဂျင့်ဘရော့ဘက်ပါ သူ့မှာလည်း လူတွေသိပ်မတည်းကြတော့တဲ့ El Royale ကို လာတည်းရတဲ့ အကြောင်းတစ်ခုရှိနေပါတယ်ဟိုတယ်တစ်ခုလုံးမှာ ဝန်ထမ်းဆိုလို့ မိုင်စ်မီလာဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ရှိပါတယ်သူကလဲ ဆေးကြောင်နေတာလိုလို ...
movie
Bad Times at the El Royale (2018)
2018
5.4
Game Over, Man! (2018)
ဒီတစ်ခါတော့ CM Fan တွေကို Netflix ကဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒါပေမယ့် ကြိုသတိပေးချင်တာကတော့18+ အဆင့် R- Rated အဆင့်ပါလိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ၀ိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်...သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီးဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ချမ်းသာချင်တဲ့ စိတ်ပါပဲ :Pတစ်ရက်မှာတော့ သူတို့ ဟိုတယ် ကိုVIP တစ်ယောက်လာတည်းပါတယ်အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေခွဲဝေယူရရင်း အလုပ်ရှုပ်နေတာပေါ့အဲ့ဒီ VIP ကတော့ ...
movie
Game Over, Man! (2018)
2018
5.4
The Messengers (2007)
The Messengers (2007)_____IMDb - 5.4/10 ကနေဒါနိုင်ငံရဲ့ လယ်တောထဲမှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ရိုလင်မိသားစု ကြောက်မက်ဖွယ်အဖြစ်ဆိုးကြီး ကြုံတွေ့ရပြီး နောက်ခြောက်နှစ်အကြာမှာ မိသားစုတစ်စုက ထိုလယ်ကိုဝယ်လိုက်ပြီး ပြောင်းရွှေ့လာကြပါတယ်... အဲ့ဒီအချိန်မှာပဲ မကျွတ်လွတ်သေးတဲ့ ပရလောကသားတွေက တစခန်းထလာပါတော့တယ်။ (အကယ်၍သင်ဟာသင့်အိမ်ထဲမှာ တစ္ဆေတစ်ကောင် တွေ့ပြီဆိုပါစို့... သင်ပြောတာကိုဘယ်သူမှမယုံဘူး၊ ဘယ်သူမှလက်မခံဘူးဆိုရင် သင်ဘာဆက်လုပ်မှာလဲ...) လယ်သမားမိသားစုရဲ့ စီးပွါးရေး၊ မိသားစုဆက်ဆံရေးနဲ့ ပရလောကတွေအပါအဝင် စိတ္တဇ စသည့်ဖြင့် ဝေဆာအောင် ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ပိုပြီးကြည့်ချင်စရာကောင်းတာကတော့ Twilight မင်းသမီး Kristen Stewart ပါဝင်အားဖြည့်ထားပါတယ်။ (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ဖြစ်ပါတယ်) File Size - 712 MB File Type - mp4 Quality - BluRay Rip 720p Duration - 01:30:00 Translator - Aye Min Oo Encoder - Joker.phs
movie
The Messengers (2007)
2007