Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wil Deusner
Half Baked: Totally High (2024)
စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Half Baked: Totally High (2024)
You’re Killing Me (2023)
ဇာတ်လမ်းရဲ့အစမှာတော့ Melissa Brown ဆိုတဲ့ကောင်မလေးတယောက်ပျောက်ဆုံးသွားတာနဲ့ ရဲတွေက ကောင်မလေးရဲ့အထက်တန်းကျောင်းမှာစုံစမ်းစစ်ဆေးရေးတွေပြုလုပ်နေကြပြီး သဲလွန်စတွေမရလို့အခက်တွေ့နေကြပါတယ်၊Eden ဆိုတဲ့ကောင်မလေးက Penbrook College ကိုသူငယ်ချင်းဖြစ်သူ Zara နဲ့အတူ ငယ်စဉ်ကထဲကသွားတက်ဖို့ဆန္ဒရှိနေသူတယောက်ပါ၊Zara ကဂီတမှာထူးချွန်သူဖြစ်လို့ ကျောင်းကို Scholarship နဲ့အတူဝင်ခွင့်ရခဲ့ပါတယ်၊Eden ကလည်း Scholarship ကိုရဖို့ စောင့်ဆိုင်းစာရင်းထဲမှာရောက်နေပြီဆိုပေမယ့် သေချာပေါက်ရဖို့အတွက်ဆို ထောက်ခံစာကောင်းကောင်းရဖို့လိုအပ်နေပါတယ်၊အဲ့ဒီလိုကနေ ကျောင်းကအမတ်တယောက်ရဲ့သားဖြစ်သူ Schroder ကိုချဉ်းကပ်ပြီးသူ့အဖေရဲ့ထောက်ခံစာကိုရနိုင်ဖို့ကြိုးပမ်းပါတော့တယ်၊ဒီလိုနဲ့ Eden တယောက် Schroder နဲ့ရင်းနှီးမှုရအောင် သူငယ်ချင်းဖြစ်သူ Zara နဲ့အတူ Schroder ရဲ့ပါတီကိုသွားခဲ့ကြပါတယ်၊ပါတီမှာ မထင်မှတ်ပဲ Schroder ရဲ့သူငယ်ချင်းဖြစ်သူ Gooch ရဲ့ဖုန်းထဲကနေ Melissa ပျောက်သွားခြင်းက Schroder တို့နဲ့ဆက်စပ်နေတယ်ဆိုတဲ့ သက်သေဗီဒီယိုကိုတွေ့လိုက်ရပါတယ်၊အဲဒါနဲ့ပဲ Eden တယောက် အဲ့ဒီသက်သေကို ရဲလက်ကိုအပ်နိုင်ဖို့ကြိုးစားပါတယ်၊Schroder တို့ကလည်း Eden တို့ကိုအိမ်ကနေထွက်ခွင့်လုံးဝမပေးပဲ ဖုန်းကိုပြန်ယူနိုင်ဖို့ကြိုးစားပါတော့တယ်၊"Eden တို့သက်သေကိုရဲလက်ထဲအပ်နိုင်ပါ့မလား"၊"Melissa တယောက်ကကောဘာဖြစ်သွားတာလဲ"၊"Schroder တယောက်ဘယ်လိုပြစ်မှုတွေကိုဆက်ပြီးကျူးလွန်အုံးမှာလဲ" စတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် File size…(1.3 GB)/(580 ...
movie
You’re Killing Me (2023)
5.3
One True Loves (2023)
One True Loves (2023)စစ်မှန်တဲ့အချစ်နဲ့ ဘဝမှာဘယ်နှစ်ကြိမ်ကြုံတွေ့နိုင်သလဲ။ အမ်မာဘလဲရ်ဆိုတဲ့မိန်းကလေးအတွက်တော့ ကံကြမ္မာက နှစ်ကြိမ်တောင်ယူဆောင်လာပေးခဲ့တယ်။ ဘဝမှာဒုတိယအကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှ ထာဝရဆုံးရှူံးလိုက်ရပြီထင်တဲ့သူကပြန်ရောက်လာတဲ့အခါ....main castတွေအကုန် သရုပ်ဆောင်အဆင်ပြေကြပြီး ဇာတ်ဝင်တေးတွေလည်းသူ့နေရာနဲ့သူအံဝင်ခွင်ကျထည့်ထားပြီး ကြည့်ရတာcringeမဖြစ်ဘဲအဆင်ပြေတယ်လို့ထင်ပါတယ်။ Hacksaw Ridge, Interceptorတို့မှာsupporting rolesတွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့Luke Braceyနဲ့ Shang-Chi and the Legend of the Ten RingsထဲကShang-Chiနေရာမှာသရုပ်ဆောင်ခဲ့တဲ့Simu Liuတို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းအမ်မာက သူ့ဘဝရဲ့ငယ်ရွယ်တဲ့အချိန်မှာပဲ စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ကိုရခဲ့တယ်။ documentaryတွေရိုက်ရတာသဘောကျတဲ့ဂျက်စီရယ် ခရီးသွားဘလော့ဂ်တွေရေးရတာနှစ်သက်တဲ့ အမ်မာရယ် စိတ်တူကိုယ်တူဝါသနာတူစုံတွဲလေးဖြစ်ခဲ့တယ်။ဆမ်လီကတော့ အမ်မာရဲ့ကျောင်းနေဖက်အခင်ဆုံးသူငယ်ချင်း အမ်မာကိုအရင်တွေ့ပြီး အရင်စကြိုက်ခဲ့တဲ့သူပေမယ့် ဖွင့်မပြောဖြစ်ခဲ့ဘဲ တစ်ဖက်သတ်အချစ်နဲ့အဆုံးသတ်သွားခဲ့တယ်။ ဒါပေမဲ့ကံကြမ္မာက ဆမ်နဲ့အမ်မာကိုပြန်ဆုံစေခဲ့တယ်။ အမ်မာလည်း ဂျက်စီမရှိတော့တာ ၃ နှစ်အကြာမှာတော့အမှန်တရားကိုလက်ခံလိုက်ပြီး နောက်တစ်ကြိမ်ထပ်ချစ်ဖို့ဆုံးဖြတ်လိုက်တယ်။တကယ်တော့ဂျက်စီကမသေခဲ့ဘဲ လူသူမရှိတဲ့ကျွန်းတစ်ကျွန်းမှာသောင်တင်နေခဲ့တာပါ။(မင်းသားကြီးTom Hanks)ရဲ့Castawayကိုတောင်သတိရသွား)အမ်မာကိုပြန်တွေ့ရဖို့မျှော်လင့်ချက်နဲ့ လေးနှစ်လုံးကျွန်းပေါ်မှာမသေအောင်နေခဲ့ပေမယ့် ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ့်ဇနီးမှာ နောက်ထပ်စေ့စပ်ထားတဲ့သူရှိနေခဲ့ပြီ။ဒါတွေသာဖြစ်မလာခဲ့ရင် ဂျက်စီလည်းအမ်မာနဲ့ထာဝရပျော်ရွှင်သွားရမှာ။ ဆမ်လီကလည်းကြိုးစားခွင့် မျှော်လင့်ခွင့်ရှိတယ်။ ဒီဆုံးဖြတ်ရခက်တဲ့အခြေအနေကို အမ်မာဘယ်လိုဖြေရှင်းမလဲ။ ပရိသတ်ကြီးသာဆိုရင်ရော ဘယ်သူ့ကိုရွေးချယ်မလဲ....(ဘာသာပြန်ပြီး ...
movie
One True Loves (2023)