Channel Myanmar

Wiebke Puls

Dead Girls Dancing (2023) 5.8
Dead Girls Dancing (2023)  ယခုအခါတင်ဆက်ပေးလိုက်‌တာ‌တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားလေးကအမျိုးသမီးအဓိကထားတဲ့ coming-of-age ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ လောလောလတ်လတ်အထက်တန်းပြီးထားတဲ့ အီရာ၊ခါနဲ့မာလင်တို့သူငယ်ချင်းသုံးယောက်ကမာလင်အဖေရဲ့ကားနဲ့အီတလီကိုခရီးထွက်ခဲ့ကြပါတယ်။ ပြီးတော့သူတို့စခန်းချဖို့နေရာလိုက်ရှာလို့မရတဲ့အတွက် မိုတယ်တစ်ခုကိုကားပါကင်သုံးခွင့်ပြုဖို့အကူအညီတောင်းပြီး ကားထဲမှာပဲအိပ်ကြမယ်လို့စီစဉ်ကြပါတယ်။ ရေချိုးစရာနေရာမရှိတဲ့အတွက် မိုတယ်မှာအခန်းယူထားတဲ့ အခြားမိန်းကလေးတယောက်ကိုရေချိုးခန်းသုံးခွင့်ပြုဖို့အကူအညီတောင်းရင် အဲ့မိန်းသလေးနဲ့သူတို့သုံးယောက်နဲ့ရင်းနှီးသွားပါတယ်။ မိန်းကလေးနာမည်ကဇိုဝီပါ။ လေးယောက်သား ဇိုဝီရဲ့အခန်းထဲမှာဆေးခြောက်ခိုးသောက်တာကို မိုတယ်ကမိသွားတဲ့အခါ ဇိုဝီကပါသူတို့နဲ့လိုက်ပါထွက်ပြေးခဲ့ပါတယ်...ဒီလိုနဲ့ကားပေါ်မှာပဲအိပ်ကြီးပြီး နောက်နေ့ကျကားဘီးလေလျော့နေကြောင်းသိရှိခဲ့ပါတယ်...ထိုအခါသူတို့လေးယောက်ကအနီးနားကရွာကိုသွားကြည့်တဲ့အခါမှာ ထိုရွာဟာ တောမီးအန္တရာယ်ကြောင့်ဘယ်သူမှမနေတော့ကြောင်းသိရှိခဲ့ရပါတယ်....ဒီရုပ်ရှင်ကားလေးက ခရီးစဉ်အတွင်းမိန်းကလေးလေး‌ယောက်ရဲ့ခံစားချက်ပွင့်ထွက်လာပုံတွေ၊အပြောင်းအလဲတွေအကြောင်းကိုရိုက်ပြထားပါတယ်...ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.6 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Dead Girls Dancing (2023)