Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Widika Sidmore
Ali Topan (2023)
အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာအဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားကအကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေးအဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေမိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီကသူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေးတစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်းကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီးအန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုကသူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲမွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွားကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေအကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်းအိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေကပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH ...
movie
Ali Topan (2023)
7.1
Mangkujiwo 2 (2023)
Mangkujiwo 2 (2023) (မှန်သရဲ) IMDb 7.4/10မျှော်လင့်စောင့်စားနေခဲ့တဲ့ မှန်သရဲကတော့ ၂အနေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီ အရင်က ၁ ကို ပြန်လည်အစဖော်ပေးရမယ်ဆိုရင် စုန်းမအဖြစ် သမုတ်ပြီး လူတောမတိုးအောင်အခန်းထဲပိတ်ခံရပြီး နတ်ဆိုးသားကောင်ဖြစ်ခဲ့ရတဲ့ ကွန်တီနဲ့ အမေ့အတွက်လက်စားချေခဲ့တဲ့ သူ့သမီးလေးအူမာ.. အူမာရဲ့သဘာဝလွန်စွမ်းအားကတော့ ဒေါသထွက်ပြီဆိုတာနဲ့ လူစိတ်ပျောက်ပြီး ခွန်အားတွေအဆမတန်ကြီးထွားလာတာပါပဲ ဒါကို သူ့အမေက ဝင်ကူညီပေးတယ်လို့မှတ်ယူထားသူပေါ့ပထမပိုင်းမှာ ပြီးဆုံးသွားတဲ့ နတ်ဆိုးရိုးရာတွေကို ဒုတိယပိုင်းမှာ ဘယ်သူတွေက ထပ်မံပြီးလှုပ်နှိုးအသက်သွင်းကြမလဲ ဒီမှာ ထပ်မံပေါ်ပေါက်လာမဲ့ လူစွမ်းကောင်းကတော့ ရင်ဘာ .. ၆နှစ်တစ်ခါပူဇော်လေ့ရှိတဲ့ယဇ်ပူဇော်ပွဲထဲ အဖေဖြစ်သူပါ ပါဝင်ခဲ့ရလို့ ကလဲ့စားချေဖို့အတွက် လိုက်လံရှာဖွေရင်း အူမာနဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတယ်ဝိညာဉ်တွေကိုမြင်ရတဲ့အူမာနဲ့ ခေတ်ပညာတတ် သိပ္ပံဆန်ဆန်တွေးတတ်တဲ့ ရင်ဘာတို့၂ယောက် ဘယ်လိုပူးပေါင်းသွားကြမလဲ အူမာ့ဘဝရဲ့ဇာတ်လမ်းမှန်ကို စုံစမ်းရင်းသိလာရတဲ့ အမှန်တရားတွေနဲ့ သူတို့ထိန်းသိမ်းရမဲ့ ပရလောကနဲ့ မျက်မှောက်ခေတ်ကိုဆက်စပ်နေတဲ့ ဒီမန်ကူဂျီဝိုမှန်ကြီးကို သူတို့ကာကွယ်နိုင်ပါ့မလား အဖေ့အတွက်လက်စားချေမှုကိုရော အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် )Genre..... Horror Quality…. 1080p | 720p File size… 1.7GB | 734MB Format… ...
movie
Mangkujiwo 2 (2023)
2023
7.3
May the Devil Take You: Chapter Two (2020)
Alfie အဖေဟာ အဖျားကြီးပြီး သူ့ကုတင်ပေါ်မှာဘဲ သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်း Alfie တွေ့ရှိခဲ့တာက သူမအဖေဟာ သူ့မိသားစုတစ်ခုလုံးကို မာရ်နတ်နှင့် လွန်ခဲ့တဲ့နှစ်များစွာက ကျိန်စာတိုက်ခဲ့ပြီး အခုချိန်မှာ သူတို့မိသားစုဆီပြန်လာနေပါပြီ ။ Alfie နှင့်သူ့အပေါင်းအပါတွေက ဒီကျိန်စာက လွတ်မြောက်အောင် သူ့အဖေအိမ်ဟောင်းကို သွားရောက်စုံစမ်းမှုပြုလုပ်ရာ ကြောက်ရွံ့စရာ အတိတ်ကဖြစ်ရပ်အမှန်တရားကို သိရှိခဲ့တဲ့အချိန်မှာတော့ ….. ကဲ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သရဲကားကိုမှ ကြမ်းကြမ်းလေး ကြိုက်သူတွေတွက်အကြိုက်တွေ့စေမှာပါ။ File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - Yawng Yawng Encoder - Thit San Khant
movie
May the Devil Take You: Chapter Two (2020)
2020
7.8
Whipped (2020)
CMပရိသတ်ကြီးကို အင်ဒိုနီးရှားromcom ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ် အန်ဒိုမာ၊ တွမ်မီ၊ ချန်ဒရာနဲ့ ဂျိုး ဆိုတဲ့ သူငယ်ချင်းလေးယောက်ဟာ escape roomဆိုတဲ့ လွတ်မြောက်ခန်းတစ်ခုထဲမှာ ကြိုးတုပ်လျက်သားနိုးလာပါတယ် တကယ်တော့ အဲ့ဒီလွတ်မြောက်ခန်းက သူတို့တက်နေတဲ့ အချစ်နွံမနစ်နည်းသင်တန်းတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုပါ သူငယ်ချင်းလေးယောက်မှာ ချန်ဒရာတစ်ယောက်ကလွဲပြီး အားလုံးမှာကောင်မလေးကိုယ်စီရှိကြပါတယ် ကောင်မလေးတွေကလည်း အကျင့်ကတစ်ယောက်တစ်မျိုးစီ... တချို့က ကောင်လေးအပေါ်အရမ်းနိုင်တယ်... တချို့ကျတော့လည်း ကောင်လေးအပေါ်အရမ်းသည်းခံတယ် ကောင်မလေးကကိုယ့်အပေါ်နိုင်ပါများလာတော့ရော ရေရှည်ဆက်ပြီးသည်းခံနိုင်မလား ကိုယ့်အပေါ်ကောင်းတဲ့ကောင်မလေးနဲ့ရော ရာသက်ပန်ရွှေလက်တွဲခိုင်မြဲနိုင်မလား ဒီအချစ်နွံမနစ်နည်းသင်တန်းက သူငယ်ချင်းလေးယောက်ရဲ့ဘဝတွေကို ဘယ်လိုသက်ရောက်လာမှာလဲဆိုတာတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုကြရမှာပါ RSတွေကြားထဲမှာ FAကြီးတစ်ယောက်ကန့်လန့်ကန့်လန့်နဲ့ တကယ်လည်းရယ်ရသလို ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် Romcomဆိုပေမဲ့လို့ အဆုံးသတ်မှာ thriller နည်းနည်းဆန်ဆန်လေးနဲ့ ဇာတ်သိမ်းထားတာမို့လို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ File Size - 1 gb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San Khant
movie
Whipped (2020)
2020