Channel Myanmar

Whitmer Thomas

Am I OK? (2024) 6.5
Am I OK? (2024)  Am I OK? ရုပ်ရှပ်ပိုစတာကမင်းသမီးငိုနေတဲ့ပုံဖြစ်နေပေမယ့် တကယ်ကတော့Comedy ၊ Drama နဲ့ Romance အမျိုးအစားပဲဖြစ်ပါတယ်။Fifty Shades of Grey နဲ့လူသိများမင်းသမီးဖြစ်တဲ့Dakota Johnson က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချစ်ဆုံးသူငယ်ချင်းတွေရဲ့ ခံစားချက်လေးတွေကိုပြန်လည်တူးဆွကြည့်ချင်နေတဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ကကွက်တိပါပဲ။အလှအပစပါးတစ်ခုရဲ့ဧည့်ကြိုကောင်တာမှာအလုပ်လုပ်တဲ့ အသက် ၃၂ နှစ်အရွယ်လူစီမှာ ဂျိန်းဆိုတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိပါတယ်။ လူစီနဲ့ဂျိန်းဟာ အချင်းချင်းအရမ်းချစ်ကြပြီးအသေးအမွှားလေးတွေကအစ တစ်ယောက်ကိုတစ်ယောက်ပြောပြလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ဂျိန်းကကောင်မလေးတစ်ယောက်ကို နမ်းဖူးတယ်လို့ပြောပြလာတဲ့အချိန်မှ လူစီက သူဟာလိင်တူချင်းချစ်သူတစ်ယောက်ပါလို့ဝန်ခံလာခဲ့ပါတယ်။ လူစီက လိင်တူချစ်ခင်သူဆိုတာကိုတခြားသူတွေသိသွားမှာစိုးရိမ်နေပြီး အချစ်ရေးမှာမဝံ့မရဲတွေဖြစ်နေတာကြောင့် ဂျိန်းကပဲ အစစအရာရာလိုက်ကူညီခဲ့ရပါတယ်။ ဒါပေမဲ့ ဂျိန်းက အလုပ်ရာထူးတိုးနဲ့လန်ဒန်ကိုပြောင်းရတော့မယ့်အချိန်မှာ လူစီနဲ့ဂျိန်းတို့အကြီးအကျယ်ရန်ဖြစ်ခဲ့ကြပါတယ်။တစ်ယောက်နဲ့တစ်ယောက်မခေါ်ဘဲနေတဲ့ အချိန်ကြာလာတာနဲ့အမျှ အချင်းချင်းထောက်ပြခဲ့ကြတဲ့ ကိုယ့်အားနည်းချက်တွေကိုယ်ပြန်လည်ဆန်းစစ်ပြုပြင်ခဲ့ကြပါတယ်။တစ်ယောက်တစ်နေရာစီဝေးကွာသွားကြတော့မယ့် အချစ်ဆုံးသူငယ်ချင်းတွေဟာ အချင်းချင်းမာနတွေတင်းခံပြီးတစ်သက်လုံးမခေါ်ဘဲနေကြတော့မှာလား။ဂျိန်းလန်ဒန်ကိုမသွားခင် လူစီနဲ့ဂျိန်းတို့ ပြန်လည်သင့်မြတ်သွားမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.55GB / 542MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy  , Drama , ...
movie

Am I OK? (2024)

The Civil Dead (2023) 6.3
The Civil Dead (2023) The Civil Dead (2023) ================ IMDb Rating - 6.3/10ဒီကားလေးကတော့ Clay လို့ခေါ်တဲ့ အပျော်တမ်းဓာတ်ပုံစရာ တစ်ယောက်ရဲ့ ကြုံခဲ့တာလေးကိုရိုက်ကူးထားတာပါ။ Clay က များသောအားဖြင့် အိမ်မှာဘဲ ဘီယာလေးသောက်လိုက် Chill လိုက်နဲ့ နေတတ်တဲ့ အိမ်တွင်းပုန်းဖက်တီးလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူ့မှာချစ်သူကောင်မလေးတော့ရှိပါတယ်။ အိမ်ငှားခပေး ရက်နီးလာပြီဆိုရင် ကောင်မလေးကခိုင်းတော့ Clay တစ်ယောက် ပုံလေးဘာလေးထွက်ရိုက်ရတာပေါ့။တစ်နေရာကျ သူရိုက်မဲ့ ရိုက်ကွင်းထဲ လူတစ်ယောက်က လာပိတ် ရပ်နေတော့ Clay လည်း ဘာညာသွားပွားရင်းနဲ့ အမှတ်မထင် စကားလက်ဆုံကျပြီး ခင်မင်သွားပါတော့တယ်။ လူတစ်ယောက် ဓာတ်ပုံရိုက်မဲ့ရှေ့ ဖြတ်လျှောက်တာတောင် ခုကာလမှ သိပ်ကြိုက် ကြတာမဟုတ်ဘူးမှတ်လား၊ အခုလိုရိုက်မဲ့ view ထဲ တည့်ကြီးရပ် နေတာကကျ ဘောင်ကျော်သွားပါပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရပ်နေ တဲ့သူကလည်း အမြင်ကတ်ပုဒ်မနဲ့ရပ်နေတာမဟုတ်ဘဲ သူ့ကိုမမြင် နိုင်ဘူးထင်လို့ သူ့ဖာသာရပ်နေတာပါ၊ ဘာလို့ဆို သူက သရဲဖြစ်နေ လို့ပါဘဲ။ အဲတော့ သရဲ နဲ့ ဘော်ဒါဖြစ်သွားတဲ့ Clay တစ်ယောက် ဘာတွေဘယ်လိုကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File ...
movie

The Civil Dead (2023)

2023