Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wendell Kinney
Temptation Under the Sun (2022)
ဒီထရိုက်မြို့မှ စုံထောက်မလေး"ကာဆေဒီခရူးဇ်"ဟာ အာဏာရှိအကောင်ကြီးကြီးတစ်ယောက်ရဲ့အမှုကို အလွတ်မပေးဘဲ စုံစမ်းစစ်ဆေးနေတာကြောင့် သူမကိုခဏပထုတ်ချင်တာကြောင့် အားလပ်ရက်ခရီးတစ်ခုစေလွှတ်ခြင်းခံလိုက်ရပါတယ် သူမကို ကာရေဘီယာပင်လယ်နားက စိန့်လုခ်ဆိုတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို အပန်းခရီးထွက်ခိုင်းခဲ့တာပါ အဲ့ကျွန်းပေါ်မှာ ခရီးသွားဧည့်သည်တွေအတွက် လှေငှားတဲ့အလုပ်လုပ်တဲ့ "ထရာဗစ်ကင်း"ဆိုတဲ့ လူနဲ့ဆုံမိပြီး ရင်ခုန်သံတွေနိုးကြားခဲ့ပါတယ်ဒါပေမဲ့ တစ်ရက်မှာ ထရာဗစ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ "မင်နာဗာ"တစ်ယောက်အသတ်ခံလိုက်ရတာနဲ့ပက်သက်ပြီး အဲ့ကျွန်းရဲ့ရဲမှူးက တရားခံဟာ "ထရာဗစ်"ဖြစ်တယ်လို့ သတ်မှတ်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ် အဲ့တော့ အမှုတစ်ခုကိုအမှန်တရားမပေါ်မချင်းလိုက်လံဖော်ထုတ်တတ်တဲ့ စုံထောက်မလေးဟာ ထရာဗစ်မှာအပြစ်မရှိကြောင်းသက်သေပြဖို့နဲ့ တရားခံအစစ်ကိုရှာဖွေဖို့အတွက်ကူညီပေးပါတော့တယ်မင်နာဗာကို သတ်တဲ့တရားခံကတကယ်ပဲ ထရာဗစ်လား ဒါမှမဟုတ် အခြားတစ်ယောက်လား....... သတ်ရတဲ့အကြောင်းပြချက်ကရော ဘာဖြစ်မလဲ...... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.7 GB)/(888 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre... Thriller, TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Temptation Under the Sun (2022)
7.1
Concussion (2015)
2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Peter Landesman က ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အနေနဲ့ Will Smith က ပါဝင်သရုပ်ဆောင်ထားပါတယ်။Dr Omalu ဆိုတဲ့ ဆရာဝန်တစ်ဦးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ဘောလုံးသမားဟောင်းတွေကို ရင်ခွဲစစ်ဆေးတဲ့ အပြင်က တကယ့်ဖြစ်ရပ်ကို စိတ်ကူးဉာဏ်ကွန့်ပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက် စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန် ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက် သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့ ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေက ဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီး အားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာ ကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။ IMDb 7.1 အထိရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။File size… 1.6 GB / ...
movie
Concussion (2015)
4.3
Alvin and the Chipmunks: Chipwrecked (2011)
Alvin and the Chipmunks: Chipwrecked (2011) =================================ဇာတ်လမ်းလေးကတော့ Brittany Jeanette နဲ့ Eleanor တို့ကိုပါ Ian လက်ကနေကယ်ပြီး Alvin တို့တစ်မိသားစုလုံး အပျော်စီးသ င်္ဘောနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မှာစပါတယ်။ ထိန်းရမယ့်လူ ပိုများလာလို့ Dave တစ်ယောက် လက်မလည်ဖြစ်နေချိန်မှာ Alvin ဆိုတာကတော့ သိတဲ့အတိုင်း တောင်ဆို မြောက်ရောက်နေပါပြီ။ အပျော်ကနေ အပျက်ဖြစ်လွန်းတဲ့ Alvin ကို ကပ္ပတိန်ဆီပြန်ချွန်ဖို့ သင်္ဘောဝန်ထမ်းအနေနဲ့ပါလာတဲ့ Ian ကလည်း မျက်စိဒေါက်ထောက် ကြည့်နေပါပြီ။Ian အကြံအောင်မြင်သွားတဲ့အခါမှာတော့ ဆော့လွန်းပါတယ်ဆိုတဲ့ Alvin တို့တစ်သိုက်ခမျာ ဆော့နည်းပေါင်းစုံပိတ်ပင်ခံလိုက်ရပါတော့ တယ်။ မခေသူလေးကလည်း " Alvin တဲ့ကွ ထိန်းလို့မရစေရဘူး " ဆိုတဲ့အကွက်နဲ့ ကစားစရာစွန်ကိုပါစီးပြီး ဆော့ရာကနေ စီးတဲ့လူရော ကြိုးဆွဲပေးတဲ့ ကျန် ၅ ယောက်ပါ လေလွင့်သူတစ်သိုက်အဖြစ် .... ကိုယ်ထိန်းတဲ့ကလေးတစ်သိုက် လေထဲပါသွားတာတွေ့မှ Dave လည်း နောက်ကလိုက်ဖို့ပြင်ပါတော့တယ်။ ဒါပေမယ့် Dave အဖြစ်က Alvin တို့ထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရပါတယ်။ Ian လည်း ...
movie
Alvin and the Chipmunks: Chipwrecked (2011)
2011
5.4
Stolen in Her Sleep (2022)
Stolen in Her Sleep (2022) ===================ဟေလီဟာ နှလုံးအစားထိုးခွဲစိတ်ကုသခံထားရတာ သိပ်မကြာသေး တဲ့ သမီးလေးဖြစ်သူအေဗာနဲ့အတူ အိမ်မှာပဲနေဖြစ်တာများတဲ့ stay- at-home ပန်းချီဆရာမတစ်ယောက်ပါ။ စိတ်ပူပန်မှုတွေအလွန်များ လွန်းတတ်တာကြောင့်မို့လို့ စိတ်ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ဆေးတွေ ကိုလည်း သောက်သောက်နေရတဲ့သူပေါ့။ ခင်ပွန်းသည်ဖြစ်သူ ဂျိမ်းစ် ရှိပေမယ့်လို့ အလုပ်ကိစ္စနဲ့ခရီးတွေ ခဏခဏထွက်နေရတာကြောင့်မို့ လို့ တစ်နေ့မှာတော့ ဂျိမ်းစ်ဟာ ဟေလီအတွက်အကူအညီဖြစ်ရအောင် ရယ်၊ သူကိုယ်တိုင်နဲ့လည်း နှစ်ပေါင်းများစွာကြာအောင် အလှမ်းဝေး ကွာလျက်ရှိနေပြီး သိပ်မကြာခင်ကမှ ပြန်အဆက်အသွယ်ရထားတဲ့ မိခင်ဖြစ်သူလင်းနဲ့ မိသားစုဘဝလေး ထပ်ဖြစ်စေချင်တာကြောင့် လင်း ကို တစ်ခါတလေအိမ်ကိုလာကူညီပေးဖို့ခေါ်ထားလိုက်ဖို့ဆုံးဖြတ်လိုက် ပါတယ်။ ဟေလီ့အနေနဲ့ သဘောအကျကြီးမဟုတ်ပေမယ့်လည်း ခင်ပွန်း သည်ကိုအားနာပြီးလက်ခံလိုက်ရတာပေါ့။ဒါ့အပြင် ဟေလီတစ်ယောက် အပြင်မှာ မက်ဂန်ဆိုတဲ့အမျိုးသမီးတစ် ယောက်နဲ့ မထင်မှတ်ဘဲတွေ့ဆုံမိပြီး သူငယ်ချင်းတွေလို ရင်းနှီးကျွမ်း ဝင်လို့လာခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့နားကိုလူသစ်နှစ်ယောက်ရောက်လာ အပြီးတစ်နေ့မှာတော့ ကလေးထိန်းဖြစ်သူမေရီဟာ ပန်းခြံမှာကလေး ထိန်းပေးနေရင်းနဲ့ ရုတ်တရက်သေဆုံးသွားခဲ့သလို ဟေလီ့အနေနဲ့လည်း သူ့အနောက်ကနေ လိုက်လိုက်နေတဲ့ ယောကျ်ားတစ်ယောက်ကို ခဏ ခဏတွေ့တွေ့နေလာရပါတယ်။ ဒါပေမယ့်လည်း သူကလွဲပြီး အဲဒီယော ကျ်ားကို ဘယ်သူမှမတွေ့ရဘူးပြောပြောနေတော့ တကယ်ရောဟုတ်ရဲ့ လား ဒါမှမဟုတ် ဟေလီတစ်ယောက် စိတ်တွေထင်ယောင်ထင်မှားဖြစ်ပြီး မြင်ယောင်နေတဲ့အရာလား။မေရီသေဆုံးသွားတာဟာ သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား။ လင်းဟာလည်း ဂျိမ်းစ်ရဲ့မိခင်ဆိုပေမယ့်လို့ ဝေးကွာနေတာနှစ်တွေအတော်ကြာနေပြီဖြစ် လို့ ဟေလီတစ်ယောက် ...
movie
Stolen in Her Sleep (2022)
2022
7.1
Bernie the Dolphin 2 (2019)
ဒီနေ့တင်မဲ့ကားလေးကတော့ မိသားစုနဲ့ကြည့်ဖို့သင့်တော်ပီးကြည်နူးဖို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။Bernie The DolphinDolphin(1)ဆိုပီး ၂၀၁၈တုန်းက ထွက်ရှိထားပီးအခုကားကတော့ ၂၀၁၉ကမှထွက်ထားတဲ့ Bernie The Dolphin(2)ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ကယ်ဗင်နဲ့ဘာနီဟာသူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးဘာနီ ပြန်လာတဲ့အရမ်းပျော်နေကြပါတယ်။ဒါပေမဲ့သူတိုရဲ့ ရန်သူဟောင်းကြီး ဝစ်စတန်ဟာ လွတ်ငြိမ်းခွင့်နဲ့ ထောင်ကလွတ်လာပါတယ်.ထောင်ကလွတ်ပီးMarinelandမှာအလုပ်လုပ်ဖို့အကြောင်းဖန်လာပါတယ်။အလုပ်လုပ်ရင်းနဲ့ လင်းပိုင်လေးရက်စ်စကယ်နဲ့ရင်းနှီးလာတဲ့အချိန်မှာအရင်တုန်းက ပြန်ပေးဆွဲမှုမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒက်ဗင်နဲ့ပြန်တွေ့ခဲ့ပါတယ်။ဒက်ဗင်ဟာ ဘာနီကိုပြန်ပေးဆွဲဖို့ ဝစ်စတန်ကို ဖိအားပေးပီးတဲ့နောက်မှာတော့ကယ်ဗင်နဲ့ဟော်လီဟာ သူတို့သူငယ်ချင်းဘာနီကို ကယ်တင်နိုင်မှာလား ဆိုတာကိုစိတ်ဝင်တစားရိုက်ပြထားတာဖြစ်ပါတယ်။လင်းပိုင်လေးတွေရဲ့ အမူအရာလေးတွေနဲ့ ညဏ်ကောင်းပီးလူတွေကိုကူညီတတ်လေးတွေကို ကြည့်ရတာအရမ်းချစ်ဖို့ကောင်းပါ တယ်။ဟော်လီနဲ့ကယ်ဗင်ရဲ့ သွက်သွက်လက်လက်သရုပ်ဆောင်ပုံ နဲ့မိသားစုအချင်းချင်းချစ်ခင်ပီးစည်းလုံးကြပုံကိုတွေ့ရမှာဖြစ်ပီး ပေါ့ပေါ့ပါးပါးကားလေးဖြစ်လို့ အခုပဲDownပီးကြည့်သင့်ပါတယ်နော်။File Size : ( 945 MB , 334 MB )Quality : WEB-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Action , Comedy , FamilySubtitle : ...
movie
Bernie the Dolphin 2 (2019)