Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wayne Duvall
7.8
A Quiet Place Part II (2020)
A Quiet Place Part 2 (2020)IMDb Rating (7.2) / Rotten Tomatoes (91%)Quiet Place 2 လာပါပြီ။အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီးနောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်းလူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ....။ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။ File size…(7 GB)/(1.7 GB ) / (830 MB) Quality….BluRay 4K ...
movie
A Quiet Place Part II (2020)
2020
4K HEVC
6.1
Duplicity (2009)
cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင်ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေးအရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေအေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲလူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင်လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကိုအလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစားဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေးကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသားအကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦးဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး...။ File size…1.66GB , ...
movie
Duplicity (2009)
6.1
Marmalade (2023)
ဒီဇာတ်လမ်းလေးက အချစ်အတွက်ဆို ဘဏ်ဓားပြလည်းတိုက်မယ်၊ ထောင်လည်းဖောက်မယ်ဆိုတဲ့ နုံနုံအအကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ဇာတ်လမ်းအကျဥ်းကို ပြောပြရရင် ဘာရွန်ဟာ လည်လည်ဝယ်ဝယ်မရှိတဲ့လူရိုးလေးဖြစ်ပြီး ရောဂါသည်အမေကြီးကိုပြုစုနေရသူပါ..။ငွေရေးကြေးရေးက သိပ်မပြေလည်လို့ မိခင်ကြီးရဲ့ဆေးဖိုးအတွက် ရုန်းရင်းကန်ရင်း တစ်နေ့မှာအလုပ်ဖြုတ်ခံလိုက်ရပါတယ်...။အဲ့ဒီနေ့မှာပဲ မာမလိတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ဆုံပြီးအချစ်ရဲ့ ကြိုးဆွဲရာကတဲ့ရုပ်သေးဖြစ်ခဲ့ရပါတော့တယ်...။ဒီကောင်မလေးရဲ့ စေခိုင်းမှုကြောင့် နုံအအနဲ့ ချစ်မျက်ကန်းတစ်ယောက်ဖြစ်တဲ့ ဘာရွန်တစ်ယောက် ဘဏ်ဓားပြဘယ်လိုတိုက်မလဲထောင်ဘယ်လိုဖောက်မလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာမြင်တွေ့ရမှာပါ....။ File size…1.63GB / 769MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Marmalade (2023)
5.9
Hard Rain (1998)
Hard Rain (1998) IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီးမော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်းခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။ File size… 2.89 GB / 1.35 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
movie
Hard Rain (1998)
1998
6.7
[18+]Disclosure(1994)
[18+]Disclosure(1994)********************* ရည်းစားဟောင်းတစ်ယောက် ကောင်းမှုကြောင့် ဘယ်လောက် အကျိုးပေးခံလိုက်ရလဲဆိုတာကိုတွမ်ဟန်းဒါးစ် တစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့ Micheal Douglas ကြီးက သေချာသရုပ်ဖော်ပေးထားပါတယ်နည်းပညာကုမ္ပဏီက မန်နေဂျာတစ်ဦးဖြစ်တဲ့ တွမ်ဟန်းဒါးစ်က အလုပ်အရမ်းကြိုးစားပြီးဇနီးမယားသမီးသားတွေကိုလည်း အရမ်းချစ်တဲ့သူကြီးပါ တစ်နေ့တော့ ရာထူးတိုးဖို့ အနှစ်နှစ်အလလမျှော်လင့်ခဲ့ရပြီးအကောင်အထည်ပေါ်တော့မယ့်နေ့မှာပဲ တစ်စုံတစ်ယောက် ပေါ်လာပါတယ်...တွမ့်ရည်းစားဟောင်းပါပဲ... အရမ်းဆွဲဆောင်မှုရှိပြီး တော်လည်းတော် ထက်လည်းထက်တဲ့မဲရီဒစ်ဂျွန်ဆန်ဟာ သူမနဲ့မဆိုင်တဲ့ တွမ့်ဌာနမှာ ရာထူးတိုးသွားပါလေရဲ့ တွမ်ကတော့ သူ့ဌာနက သူ မလုပ်တဲ့ ထုတ်လုပ်ရေးပြဿနာတစ်ခုကို အဖြေရှာနေရသပေါ့။အဲ့ဒီနောက်မှာတော့ ပြဿာနာအကြီးကြီးသူဆက်လက်ရင်ဆိုင်ရပါတော့တယ်..Demi Moore ရဲ့ လှသွေးကြွယ်ဆုံးအချိန်ဖြစ်သလို အဖော်အချွတ်ဘာညာခန်းတစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး.. File Size :(2.07GB )(861 MB) and (380 MB) Quality : Blu-Ray1080p,720p Format…mp4 Duration…02:08:00 Genre :Adult , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by SD
movie
[18+]Disclosure(1994)
7.6
Falling Down (1993)
Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Falling Down (1993)
6
Werewolves Within (2021)
Werewolves Within (2021)[Subtitle Error Fixed]~ IMDb - 6/10, Rotten Tomatoes - 86% ~ " လူတိုင်းက လ လိုပဲ။ လူတိုင်းမှာ ဘယ်သူမှ မမြင်ရတဲ့ အမှောင်ဘက်ခြမ်းတစ်ခုရှိတယ်။ " - Mark Twain၂၀၂၁ ထွက် Horror, Comedy ဇာတ်ကားလေးပါ။ Werewolves Within ဆိုတော့ Cherokee အင်ဒီးယန်းလူမျိုးစုရဲ့ စကားပုံလေးလိုပေါ့။ ကျွန်တော်တို့ စိတ်အတွင်းမှာ ဝံပုလွေနှစ်ကောင်ရှိတယ်။ တစ်ကောင်က ကောင်းတယ်။ တစ်ကောင်ကဆိုးတယ်။ ခင်ဗျားအစာကျွေးတဲ့ ကောင်က နိုင်သွားလိမ့်မယ်တဲ့။ ဒီဇာတ်ကားမှာ ဇာတ်ကောင်တွေရဲ့ ဝံပုလွေတွေ ထွက်လာပြီး အချင်းချင်း ကိုက်ဖြတ်ကြတာကို တွေ့ရပါလိမ့်မယ်။သဘောကောင်းလွန်းလို့ ရည်းစားဖြတ်ခံလိုက်ရတဲ့ ရိန်းဂျား ဖင်း တစ်ယောက် နယ်မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ နယ်မြို့လေးတွေရဲ့ ထုံးစံအတိုင်း ဒေသခံတွေက တစ်ယောက်နဲ့ တစ်ယောက် နီးစပ်ကြတာပေါ့။ ...
movie
Werewolves Within (2021)
2021
7.0
Edge of Darkness(2010)
Edge of Darkness(2010) အညွှန်း***************************IMDb...7.0"လူတိုင်းနိုင်ငံရေးလုပ်လာကြတဲ့ အခြေအနေတစ်ခုရှိတယ် လုံးဝမဖြစ်သင့်တဲ့အဖြစ်မျိုးမှန်း သိနေတဲ့အခါမှာ ဝင်ပါရတော့တာပဲလေ ကိုယ့်ဘဝဆုံးသွားနိုင်တယ်ဆိုတာတောင်သိလျှက်နဲ့ပေါ့"ဒါကတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဂျက်ဘာ့ဂ်က ပြောခဲ့တဲ့စကားပေါ့...ဘော်စတွန်မြို့က စုံထောက် သောမတ်စ်ခရေဗင်မှာ အမ်မာခရေဗင်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်.. တစ်နေ့တော့ သူနဲ့သူ့သမီးနဲ့ အိမ်တံခါးဝကအထွက် လူတစ်ယောက်က "ခရေဗင်"လို့အော်ပြီး Shotgun နဲ့ပစ်သွားတာမှာ သူ့သမီးမှန်ပြီး ဆုံးသွားတယ်..... ခရေဗင်ဟာ စုံထောက်တစ်ယောက်ဖြစ်တဲ့အတွက် ရန်ငြှိုးရန်စတွေရှိမှာပဲလို့ရဲတွေကတွေးမိတဲ့အခါမှာ လူသတ်သမား တကယ်တမ်းသတ်ချင်တဲ့လူကစုံထောက်ခရေဗင်ပဲဖြစ်မယ်လို့ ကောက်ချက်ချလိုက်တယ်... သူ့ကိုပစ်တဲ့အချိန်မှာ သူ့သမီးကိုမှားပြီးထိသွားတယ်ပေါ့... ဒါပေမဲ့ ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်မှန်းရိပ်မိတဲ့ စုံထောက်ခရေဗင်အတွက်တော့တစ်ကိုယ်တော်ထောက်လှမ်းမှုတွေလုပ်ပြီး လူသတ်သမားကို လိုက်ရှာတဲ့အခါမှာသူ့သမီးနဲ့ပတ်သက်တဲ့အကြောင်းတွေကို မထင်မှတ်စွာဘဲ ရှာဖွေတွေ့ရှိလာခဲ့ရချိန်မှာတော့... File Size :(2.2GB) (0.9 GB) and (365 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…01:52:00 Genre : Action, Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie
Edge of Darkness(2010)
7.3
Lincoln (2012)
Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေလောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie
Lincoln (2012)
2012
8.0
The Trial of the Chicago 7 (2020)
တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie
The Trial of the Chicago 7 (2020)
2020
6.4
The Hunt (2020)
The Hunt (2020)==============IMDb Rating 6.4 / 10 ထိရရှိထားပါတယ်။#Unicodeဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . .လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီးအပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ .... တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံကလူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီးတစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင်ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ်လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို"လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား" နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည်အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့်IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ #Zawgyiဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . .လူကုံထံလူတစ်စုရဲ့ Group Chat ...
movie
The Hunt (2020)
2020
7.5
Richard Jewell (2019)
unicodeဖစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီးထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီးလူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊သတင်းတွေမှာလည်း ပါလာတဲ့အခါရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကိုသက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်းဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ….File Size : (1 GB , 235 MB ) Quality : WEB-DL 720p Running Time : 2 hr 11 min Format : ...
movie
Richard Jewell (2019)
5.2
The Kitchen (2019)
Hell’s Kitchen လို့ခေါ်တဲ့ နယ်မြေလေးမှာ လူမိုက်အဖွဲ့ ကျင်လည်ကျက်စားပါတယ်။ဆက်ကြေးကောက်လိုက် လူသတ်လိုက် ဓားပြတိုက်လိုက် လုပ်နေတဲ့အဖွဲ့ပါ ဇာတ်လမ်းအဖွင့်မှာတော့ လူမိုက်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ရော့ဘ်၊ ကယ်ဗင်နဲ့ ဂျင်မီတို့ သုံးယောက်သားဟာဆိုင်တစ်ဆိုင်ကို ဓားပြ၀င်တိုက်ရင်း အက်ဖ်ဘီအိုင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ် တစ်ရက်နှစ်ရက်နေရင် လွတ်လာမယ်ထင်ပေမယ့်ဗဟိုကတိုက်ရိုက်ကိုင်တာမို့လို့ ထောင်သုံးနှစ်စီအသီးသီးကျသွားတဲ့အခါမှာတော့ သူတို့ရဲ့အဖွဲ့ကလစ်တဲဂျက်ကီ ဆိုတဲ့တစ်ယောက်စီ ခေတ္တလွှဲပြောင်းပေးခဲ့ရပါတော့တယ် သူတို့မိန်းမတွေကို အချင်းချင်းစောင့်ရှောက်ပေးထားမယ်ထင်ပေမယ့်မသထာရေစာ လောက်သာ ပေးကမ်းထားတဲ့အခါမှာတော့မိန်းမသားတန်မဲ့ လူမိုက်အဖွဲ့ထောင်ဖို့ ဇာတ်လမ်းဖန်လာပါတော့တယ် ဆက်ကြေးပေးပေမယ့် ကာကွယ်ပေးခြင်းမခံရတဲ့ဆိုင်တွေ..ဆက်ကြေးကောက်ထားပေမယ့် ဘာတစ်ခုမှပြန်မလုပ်ပေးတာတွေကိုသူတို့ပြုပြင်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လူမိုက်ဖွဲ့ထောင်လိုက်တာယောကျာ်းတွေထက်ရော လက်ရှိ လူမိုက်အဖွဲ့ထက်ပါလက်ဇောင်းတွေထက်ကုန်လို့ ရဲတွေရော နာမည်ကြီးလူမိုက်အဖွဲ့တွေကပါသူတို့ကို ပြောင်းစောင့်ကြည့်ရတဲ့အဆင့်ရောက်သွားပါတော့တယ် စိတ်နဲ့မတည့်ရင်သတ်ထည့်လိုက်တဲ့အဆင့်ထိ ကြမ်းလာတဲ့အခါမှာတော့ဂိုဏ်းထဲမှာအချင်းချင်း သွေးကွဲမှုတွေ ပေါ်ပေါက်လာပါတော့တယ် အဲဒီအချိန်မှာပဲ သူတို့ကိုအနိုင်ကျင့်တတ်တဲ့သူတို့ယောကျာ်းတွေက စောပြီးလွတ်လာတဲ့အခါမှာတော့… သူတို့တွေဆက်လက်ရပ်တည်နိုင်ပါ့မလားအနိုင်ကျင့်တတ်တဲ့ယောကျာ်းတွေလက်ကလွတ်နိုင်ပါ့မလား လူမိုက်ဂိုဏ်းကိုမိန်းမသား ၃ ယောက်တည်းနဲ့ ဦးဆောင်နိုင်ပါ့မလားဆိုတာကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါတချိန်းချိန်းချမနေပေမယ့် တဒိုင်းဒိုင်းနဲ့တော့သတ်နေတဲ့ကားပါ ...
movie
The Kitchen (2019)
2019
7.7
O Brother, Where Art Thou?(2000) IMDb....7.7/10_______Rotten - 77% အဲဗရက် ဒယ်လ်မာ နဲ့ ပိဒ်တို့ တို့ သူငယ်ချင်း (၃)ယောက်ဟာ ခပ်ဆိုးဆိုး ဘော်ဒါတွေ.... တစ်ရက်တော့အမှုတစ်ခုကြောင့် ၃ယောက်လုံးထောင်ကျသွားတယ်.... ဒါပေမယ့် ထောင်မကျခင်တုန်းမှာ ရတနာတွေကို သူတို့ဖွက်ထားနိုင်ခဲ့တယ်.... ဒီရတနာတွေကြောင့် သူတို့ (၃)ယောက်ဟာ ထောင်ကထွက်ပြေးပြီး ရတနာတွေကိုရှာဖွေဖို့ကြိုးစားကြတော့တယ်.... သူတို့ ထောင်ကလွတ်မြောက်မလား...ဖွက်ထားတဲ့ရတနာတွေရောပြန်တွေ့မလား.... ဒီကြားထဲ သူတို့ထောင်ပြေးလုပ်နေစဉ်ကာလအတွင်းမှာ ရင်ဆိုင်ရတဲ့ အန္တရယ်ပေါင်းစုံကိုလည်း ကျော်လွှားနိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး........ ဒီကားက IMDb 7.7, Rotten Tomatoes 77% ရရှိထားပြီး လူ(၃)ယောက်စရိုက် ၃မျိုးနဲ့ ထွက်ပြေးစဉ်ကာလတစ်လျှောက် လူတွေရဲ့သဘော မနောတွေ အာဏာရူးတဲ့သူတွေအကြောင်း သူငယ်ချင်းမေတ္တာတရားတွေအကြောင်းကို ဟာသလေးတွေနှောပြီး ပညာသားပါပါလေးရိုက်ကူးပြထားတာပါ...အတင်းကလိထိုးရယ်ခိုင်းတဲ့အကွက်တွေလုံးဝမပါပဲ တွေးတွေးပြီးပြုံးနေရတဲ့အခန်းမျိုးတွေပါ... 1930 ခုနှစ်လောက်က အမေရိကန်တောင်ပိုင်းရဲ့ ကျေးလက်ဒေသ အလှအပတွေကို တစ်ဝကြီး ရှုစားရမှာဖြစ်တဲ့အပြင် Cinematography ပိုင်းကလည်းပြောစရာမလိုအောင် လှပတဲ့ ရှုခင်းတွေ ကို ခံစားရမှာဖြစ်ပါတယ်... မင်းသားကြီးတွေကလည်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့ George Clooney, John Turturro, Tim Blake Nelson တို့ဖြစ်ပါတယ်... Comedy,Drama ကားကောင်းတစ်ခုဖြစ်သလို Folk ...
movie
O Brother, Where Art Thou? (2000)
2000
8.1
Prisoners (2013)
Prisoners (2013)IMDb.... 8.1 Rotten Tomatoes.. 82% Cast..... Hugh Jackman, Jake Gyllanhaal" ကျွန်တော်တို့တတွေရဲ့ ဘဝ အဓိပ္ပါယ် ကျွန်တော်တို့ တန်ဖိုးထားမြတ်နိုးရတဲ့ လူတွေကို ဆုံးရှုံးရတဲ့အခါ ကျွန်တော်တို့တကယ်ပဲ မကောင်းဆိုးဝါး တစ်ပိုင်းဖြစ်သွားကြသလား"ဒီကားရဲ့ Main cast တွေကတော့ Hugh Jackman နဲ့ Jake Gyllanhaalပါ။ သူတို့ ပါနေတာနဲ့တင် ဘာမှဆက် ညွှန်းဖို့ မလိုလောက်အောင်ပါပဲ။အဖေဇာတ်ရုပ်တွေနဲ့ အတော်စားတဲ့ Hug Jackmanဟာ Logan တို့ Greatest Showman တို့ တို့မှာ အတော်လေး စျာန်ဝင်ခဲ့သလို ဒီကားထဲမှာလည်း သမီးပျောက်လို့ ပူပန်နေရတဲ့ အဖေတစ်ယောက်အနေနဲ့ လုံးဝ Perfect ဖြစ်ခဲ့ပါတယ်။Jake Gyllanhaal ရဲ့ ဟန်ကလည်း အတော်လေး သဘောကျစရာကောင်းတာကို တွေ့ရမှာပါ။မြို့ကလေးတစ်မြို့မှာ ဖြစ်လာမဲ့ အရာရာတိုင်းအတွက် အသင့်ပြင်ထားရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ Keller(Hugh)ဆိုတဲ့ လူလတ်တန်းစားတစ်ယောက် ရှိပါတယ်။ ကျေးဇူးတော်နေ့မှာ တစ်ဖက်လမ်းက အိမ်ကို စားသောက်ပွဲတစ်ခုသွားရင်း အိမ်ရှင်ရဲ့ သမီးလေးနဲ့ Kellerအိမ်ကို ပြန်သွားရင်း Keller ရဲ့ သမီးလေး ပျောက်ဆုံးသွားပါတယ်။လိုက်သမျှ အမှု မအောင်မြင်တာ မရှိသေးတဲ့ စုံထောက်Loki (Jake) ဟာ ဒီအမှုကို ကိုင်တွယ်ဖို့ ဖြစ်လာခဲ့တယ်။ သမီးအတွက် ...
movie
Prisoners (2013)
2013
7.6
American Animals (2018)
ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာကအတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ်ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ်IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူးအကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်ကတကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ်ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာသန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါသူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေကသူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲအတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်ကပြန်ပြောပြထားပါတယ်....ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇဝတ်မှုမှမကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံးဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးပါသည်။
movie
American Animals (2018)
2018
7.6
Apollo 13 (1995)
ဒီနေ့တော့ CM Member တွေအတွက် ရှားပါးပြီး ကောင်းလှတဲ့ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေး လိုက်ပါတယ် Apollo 13 ဇာတ်ကားဟာ 1995 ခုနှစ်မှာထွက်ရှိခဲ့ပြီး ရိုက်ကူးတဲ့ဒါရိုက်တာကတော့ Ron Howard ပဲဖြစ်ပါတယ်..IMDb Rate ကလည်း 7.6 ရထားတဲ့အတွက်ဇာတ်ကားကောင်းတစ်ကား ဆိုတာငြင်းချက်ထုတ်နေစရာမလိုပါဘူး..ဒီဇာတ်ကားမှာပါဝင်တဲ့မင်းသားကလည်း ကျွန်တော်တို့ ရုပ်ရှင်ပရိတ်သတ်တွေရဲ့အသည်းစွဲ..ပြီးတော့ သူပါဝင်တဲ့ဇာတ်ကားတိုင်းအမြဲတမ်းအောင်မြင်ခဲ့တယ် လို့အသိအမှတ်ပြုရမယ့် မင်းသားကြီး Tom Hanks ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကလည်းစိတ်ဝင်စားစရာကောင်းလှပါတယ်..လကမ္ဘာခရီးသွားရောက်ရေးအတွက်စူးစမ်း လေ့လာရေးပြုတဲ့ အာကာသယဉ်ဟာ လကမ္ဘာပေါ်မှာ ချို့ယွင်းချက်တစ်ခုဖြစ်သွားပြီး ကမ္ဘာကိုလုံခြုံစွာ ပြန်ရောက်နိုင်ရေးအတွက် NASA က ဘယ်လိုကြိုးပမ်းမလဲ..အစရှိတဲ့အချက်တွေကို ရိုက်ကူးသွားပြီး မင်းသား Tom Hanks ရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဆက်လက်ခံစားလိုက်ရအောင် ဒီခေတ်မှာဒီလိုဇာတ်ကားမျိုးကို ကွာလတီကောင်းကောင်း စာတန်းထိုးမှန်မှန်နဲ့ပြန်ကြည့်ရဖို့ဆိုတာ သိပ်မလွယ်တော့ပါဘူး..Filesize : 650 MB Quality :Bluray-720p Format : mp4 Source : Yify Run Time : 140 minutes Subtitle : Myanmar Subtitle ( Hardsub ) Encoded By LK
movie
Apollo 13 (1995)