Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Yinglu
6
Welcome to My Side ( 2024 )
ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ကြည့်နေကျဇာတ်ကားမျိုးမဟုတ်တဲ့ အချစ်ဇာတ်ကားလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ချန်ရှောင်ကျိုးဆိုတဲ့ ကောင်လေးတစ်ယောက် တစ်နေ့ သူ့ချစ်သူနဲ့လမ်းခွဲခဲ့ကြပါတယ် အကြောင်းအရင်းကတော့ ဆေးလိပ်မဖြတ်နိုင်လို့ပါ အဲ့နေ့လမ်းခွဲတဲ့ညမှာတင်ပဲ ရှောင်ကျိုးတစ်ယောက် ဆေးလိပ်ကိုနာကျည်းပြီး ဆေးလိပ်ဖြတ်ဖို့ ဆေးခန်းတစ်ခုကို ရောက်သွားရာမှာတော့ ဆရာဝန်က ဦးနှောက်ကို လျှပ်စစ်ကုထုံးနဲ့ လုပ်ပေးနေချိန်မှာ ရုတ်တရက်ကြီး မီးပျက်သွားပြီး ဦးနှောက်ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်၃ရက်ကြာမေ့မြောပြီးနောက်မှာတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အဝါရောင်ကိုမြင်တာနဲ့ ဘေးပတ်ဝန်းကျင်က လူတွေအားလုံးဟာ အဝါရောင်ဘဲရုပ်အဖြစ်ပြောင်းသွားပြီး စကားသံမကြားရတော့ဘဲ ဘဲအော်သံပဲကြားရတော့တာပါအဲ့လိုနဲ့တစ်နေ့ အစားသောက် vlog လုပ်တဲ့နာမည်ကြီး ဖုန်ကျားနန်ဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းကြောင့် တွေ့ဆုံခဲ့ရပြီးနောက်မှာတော့ ရှောင်ကျိုးတစ်ယောက်သိလိုက်ရတာက ကျားနန်သူ့နားမှာရှိနေရင် သူအဝါရောင်ကိုကြည့်လည်း ဘာမှမဖြစ်တာပါပဲအဲ့လိုနဲ့ တစ်နေ့မှာ ကျားနန်တစ်ယောက် သူ့အနားကနေ ထွက်သွားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမှာလဲ ဘာလို့ ကျားနန်က သူ့အနားမှာရှိနေချိန်တိုင် ရောဂါမဖောက်ရတာလဲ ဆိုတာကိုတော့ ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ အချစ်ဇာတ်ကားလေးမှာ ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော် Filesize : 956 MB / 536 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance , Fantasy Runtime : 1h 42 ...
movie
Welcome to My Side ( 2024 )
6
I Love You to the Moon and Back ( 2024 )
I Love you to the Moon and Back ဆိုတဲ့ကားလေးကတော့ မင်းမျက်နှာလေးကိုမြင်ရဖို့အတွက်နဲ့ လကမ္ဘာထိအောင် အသွားအပြန်လုပ်ရလဲကျေနပ်ပါတယ်ဆိုတဲ့ ချစ်ခြင်းတွေကိုဖော်ပြတဲ့အချစ်ကားလေးဖြစ်ပါတယ်။ရွာကညားခါစလင်မယားလေးဟာ မြို့တက်ပြီးအလုပ်လုပ်ကြတော့ တစ်မြို့စီခွဲနေကြရတယ်။ ပျော်ရွှင်ခြင်းစံအိမ်ဆိုတဲ့ ရှင့်ဖူတည်းခိုခန်းလေးမှာ တစ်လကို ၁ခါ ၂ခါ လောက်ချိန်းတွေ့ကြပြီး ချစ်ကြည်နူး တစ်တီတူးကြတာပေါ့။ဆောင်းလယ်ပွဲတော်လို့ခေါ်တဲ့ လနတ်ကန်တော့ပွဲနေ့မှ နှစ်ယောက်လုံးမထင်မှတ်ပဲအလုပ်ကခွင့်ရကြတော့ အရင်လိုကြိုမချိန်းပဲ surprise တိုက်မယ်ဆိုပြီး ၂ယောက်လုံးကမပြောမဆိုသွားကြတော့ လွဲကြတာပေါ့။ဒီလိုနဲ့သွားလိုက်ပြန်လိုက်နဲ့ ပွဲတော်နေ့မှာ ၂ယောက်သားဆုံရောဆုံနိုင်ကြပါဦးမလား ဆိုတဲ့အကြောင်းလေးကို ရထားပေါ်မှာကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်လေးတွေနဲ့ရောညှပ်ပြီး ပုံဖော်ထားတဲ့ ကြည်နူးစရာဇာတ်ကားလေးပဲဖြစ်ပါတယ် ။ Filesize : 1.03 GB / 587 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama , Romance Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie
I Love You to the Moon and Back ( 2024 )
5.7
Crazy Tsunami ( 2021 )
ဒီနေ့တော့ Crazy tsunami ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဒီဇာတ်ကားလေးကို အမြည်းပြောပြရမယ်ဆိုရင်.. ဆင်ခြေဖုံးရပ်ကွက်ကို ပရောဂျက်ကြီးနဲ့ မြို့ပြအဖြစ်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ရှိတယ်.. ဒီလူကို ဆန့်ကျင်နေတာကတော့ အဲ့ ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေပေါ့...အဲ့ဒေသလေးက ပင်လယ်နဲ့နီးလို့ ပင်လယ်ပျော်မြို့အနေနဲ့ အမှတ်သင်္ကေတ မိကျောင်းတောင် ထားဦးမှာဆိုပြီး ကျန်းဖုန်းဆိုတဲ့လူကို မိကျောင်းသယ်လာခိုင်းတယ်.. သူလည်း သယ်လာတာပေါ့..ဒါပေမယ့် ၁၀ နှစ်ကျော် ခင်မင်လာတဲ့ သူငယ်ချင်း အိမ်နီးချင်းတွေက ကန့်ကွက်ကြတယ် အဲ့ကိစ္စကို... ဒီကန့်ကွက်တဲ့ထဲ အိမ်ကပျောက်သွားတဲ့ သူ့သမီးလေးလည်း ပါနေတာပေါ့.. သူတို့အငြင်းပွားနေချိန်မှာပဲ ဆူနာမီလှိုင်းလုံးကြီးက အမှတ်မထင် နှုတ်ဆက်လိုက်ပါတယ်.. တစ်ချိန်တည်းမှာပဲ ကျန်းဖုန်းသယ်လာတဲ့ မိကျောင်းကြီးလည်း လွတ်သွားတာပေါ့... မိကျောင်းကြီးနဲ့ ဆူနာမီရေကြီးနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေး ဘာဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းလေးကြည့်လိုက်နော်... Filesize : 1.11 GB / 668 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Action , Drama Runtime : 1h 18 min Subtitle : Myanmar ...
movie
Crazy Tsunami ( 2021 )
6.2
Heart’s Motive (2023)
Return of the Condor Heroes (2006)ဇာတ်လမ်းတွဲ နာမည်ကျော်ခဲ့တဲ့မင်းသား Huang Xiao Mingရဲ့ မမAngelababy နဲ့ကွာရှင်းပြီးမှထွက်တဲ့ Comeback Movie လေးပဲဖြစ်ပါတယ်။Huang Xiao Ming ကအရမ်းတော်တဲ့ရှေ့နေတစ်ယောက်ဖြစ်သရုပ်ဆောင်ထားတာပါ။ (၆)နှစ်ကြာမှဥပဒေလောကထဲကိုပြန်ရောက်လာတဲ့သူဟာ ပထမဆုံးပြန်ကိုင်ရတဲ့အမှုဟာ အနှိပ်ခန်းကအထူးဝန်ဆောင်မှုပေးတဲ့ အနှိပ်သည်မတစ်ယောက်ဟာ သူ့ရဲ့ဖောက်သည်ကိုရိုက်သတ်ခဲ့တဲ့အမှုဖြစ်တယ်။အားလုံးကအနှိပ်သည်ကတရားခံဆိုပြီး တရားသေအမှုအဖြစ် သတ်မှတ်ထားတဲ့အချိန်မှာ အမှုဟာမရိုးရှင်းဘူးလို့သူသုံးသတ်ခဲ့ပါတယ်။ ဒီလိုနဲ့သူရဲ့အမှုသည်ဟာအပြစ်မရှိကြောင်းပြနိုင်ဖို့ကြိုးစားရင်း အမှန်တရားတွေဟာ ချည်မျှင်စဆွဲထုတ်သလိုတဖြည်းဖြည်းပေါ်လာပါတော့တယ်။သူ့ရဲ့(၆)နှစ်ကြာမှာလုပ်ငန်းခွင်ပြန်ဝင်ရတဲ့အမှုဟာအောင်မြင်မလား အမှန်တရားရဲ့နောက်ကွယ်မှာဘာတွေရှိမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Heart’s Motive (2023)
6.2
The Woman in the Storm ( 2023 )
မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာ ရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင် ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့် ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာ စာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့် ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီး အုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီး မိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ...... ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာ ကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ...... လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်း အိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Family Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Woman in the Storm ( 2023 )