Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Yanhui
7.2
Black Dog ( 2024 )
ဒီ Black Dogs ဇာတ်ကားလေးကတော့ နာမည်ကြီးဒါရိုက်တာကြီး Guan Huက ရိုက်ကူးထားပြီး ရုပ်ရှင်လောကမှာ နာမည်ကြီးဂုဏ်ယူစရာကောင်းတဲ့ ဆုပေးပွဲကြီးတစ်ခုဖြစ်တဲ့ Cannes Film festival မှာ Un Certain Regard ဆုကြီးနဲ့ Palm Dog Award-Grand Jury Prize ဆိုတဲ့ ဆုကြီးနှစ်ဆုတောင်ရထားတာပဲဖြစ်ပါတယ် ။အဓိကသရုပ်ဆောင်အနေနဲ့ ထိုင်ဝမ်မင်းသားကြီး Eddie Peng က ပါဝင်သရုပ်ဆောင်ထားပြီး Tong Liya , Jia Zhangke , Zhang Yi အစရှိသဖြင့် နာမည်ကြီးဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ - ဂိုဘီသဲဂန္တာရတစ်နေရာမှာ ချစ်ရှားမြို့ကိုလာတဲ့ ခရီးသည်ယာဉ်တစ်စီးဟာ ဘယ်ကလာမှန်းမသိတဲ့ ခွေးအုပ်ကိုရှောင်ရင်း တိမ်းမှောက်သွားပါတော့တယ် ။ ဒီကားထဲမှာပါလာတဲ့သူတစ်ယောက်က နဂိုက မြို့ရဲ့နာမည်ကြီးတေးဂီတအဖွဲ့က အဖွဲ့ဝင်တစ်ဦးလည်းဖြစ် ၊ မော်တော်ဆိုင်ကယ်အဖွဲ့မှာလည်း အတော်ဆုံးဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ခဲ့တဲ့ လန်ရုံဟွေးဖြစ်ပါတယ် ။သူကလူသတ်မှုနဲ့ထောင်ကျပြီး ဆယ်နှစ်ကြာမှ မြို့ကိုပြန်ရောက်လာတဲ့အချိန်မှာ မြို့က တော်တော်များများပြောင်းလဲသွားခဲ့ပါတယ် ။ အဲဒီထဲမှာမှ မြို့သစ်စီမံကိန်းကြောင့် မြို့ကပိုင်ရှင်နဲ့ခွေးတွေကို မြို့ပြင်ကိုမောင်းထုတ်နေတဲ့အစီစဉ်လည်းပါပါတယ် ။အဲဒီအချိန်မှာပဲအစိုးရက ခွေးနက်တစ်ကောင်မှာ ခွေးရူးပြန်ရှိနေတယ်လို့ သံသယရှိပြီး အဲဒီခွေးကိုဖမ်းနိူင်ရင် ...
movie
Black Dog ( 2024 )
6.1
Are You Lonesome Tonight? (2021)
Native Title 热带往事 Are you lonesome tonight?ဒီကားလေးကတော့ 1997ခုနှစ် နွေရာသီ ကွမ်ကျိုးမြို့တစ်မြို့လုံး မီးပျက်သွားချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုကိုအခြေခံထားတာပါအဲ့လူသတ်မှုမှာ လူသုံးယောက်ပါဝင်ပက်သက်နေပါတယ်ဝမ်ရွှယ်မင်ဆိုတဲ့ လူငယ်တစ်ယောက်က သူ့ချစ်သူကောင်မလေးနဲ့ အေးအေးချမ်းချမ်းနေရာမှ မီးတွေပျက်နေတဲ့ညတစ်ညမှာ လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပါတယ်အလောင်းကိုဖျောက်ပစ်လိုက်ပေမဲ့ အပြစ်ရှိသလိုခံစားနေရတာကြောင့် သူဟာသေဆုံးသွားသူဇနီးအနားမှာ တရစ်ဝဲဝဲနဲ့လိုက်နေခဲ့ပါတော့တယ် နောက်ဆုံးသူ မထိန်းထားနိုင်တော့ဘဲ သုကားနဲ့တိုက်မိတဲ့အကြောင်း ဖွင့်ပြောလိုက်ပါတော့တယ်အဲ့လိုပြောရာမှ အရှုပ်ထုပ်ထဲသူရောက်သွားသောအခါ ဘယ်လိုဖြစ်မလဲ ကားလေးထဲကြည့်လိုက်ပါနော်...။ဝမ်ရွှယ်မင်အဖြစ် Eddie Peng Mrs.လျန်ထိုင်အဖြစ် Sylvie Chang စုံထောက်ချန်းအဖြစ် Wang Yan Hui( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__1080p , 720p IMDb Rating__6.1/10 Format__mp4 Duration__01:35:00 Type__Crime , Drama , Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie
Are You Lonesome Tonight? (2021)
5.9
Back to the Wharf ( 2020 )
ဒီကားလေးကတော့ မင်းသားမင်းသမီးတွေ နာမည်သိပ်မကြီးမချောကြပေမယ့် တကယ့်ကိုဇာတ်ကားကောင်းပြီး ပညာရစေတဲ့ ဇာတ်လမ်းကောင်းလေးမို့ ဘာသာပြန်တင်ဆက်လိုက်ပါတယ်ဇာတ်လမ်းလေးအကျဉ်းပြောပြရရင်စုန့်ဟောက်ဆိုတဲ့ အတန်းထဲ အမြဲအဆင့် ၁ ရနေသူလေးက လီထန်ဆိုတဲ့မြို့တော်ဝန်အဖေ့အာဏာနဲ့ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေတဲ့ကောင်လေးနဲ့ ငယ်သူငယ်ချင်းတွေပေါ့စုန့်ဟောက်က စာလုပ်တာအပြင် ဂိမ်းဆိုင်မှာ ဂိမ်းကစားရတာကိုအတော်လေး စိတ်ဝင်စားသူပါ။ဒါကြောင့်လည်း ကျောင်းနဲ့ အိမ်အပြင် ဂိမ်းဆိုင်မှာပဲ အချိန်ကုန်နေတတ်တယ်။ဂိမ်ကစားတိုင်း ရန်လာရှာတဲ့ လူရမ်းကားတွေကို လီထန်က ရှင်းပေးနေကြပေါ့...ဒါပေမယ့် တစ်နေ့ စုန့်ဟောက်အဆင့် ၁ ရလို့ တက္ကသိုလ်တန်းတက်ခွင့်ရတာကိုလီထန်အဖေက အာဏာနဲ့လုယူပြီးနောက်မှာတော့သူတို့ဆက်ဆံရေးက တစ်မျိုးပြောင်းသွားခဲ့ပါတယ်။တကယ်တော့ သူတို့ ဆက်ဆံရေးဆိုတာထက် စုန့်ဟောက်ရဲ့ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်ဆို ပိုမှန်မယ်စုန့်ဟောက်ဟာ သူ့အခွင့်ရေးကို လုယူသွားတာ သူယုံကြည်ရတဲ့တစ်ဦးတည်းသော သူငယ်ချင်း လီထန်ဆိုတာ သိရတော့ စိတ်မထိန်းနိုင်ဘဲလီထန်ကို သွားရှာတဲ့လမ်းမှာ အိမ်မှာဝင်ရာကနေ လူသတ်မိလို့အိမ်က ထွက်ပြေးခဲ့တာ အဆင့် ၁ ကျောင်းသားဘဝကနေမှတ်ပုံတင်အတုနဲ့ကျင်လည်နေတဲ့ လက်လုပ်လက်စားလေးဘဝကို ပြောင်းသွားခဲ့ပါတယ်၁၅ နှစ်ကြာလို့ သူ့အမေ ရက်လည်အတွက် စုန့်ဟောက် ပြန်ရောက်လာချိန်မှာဘယ်လိုတွေပြောင်းလဲပြီး ...
movie
Back to the Wharf ( 2020 )
4.9
Wild Grass 2020
Wild grass 2020 ===================== Drama & romance အမျိုးအစားဇာတ်ကားတခုကိုတင်ဆက်ပေးချင်ပါတယ် ကောင်မလေးနှစ်ယောက်နဲ့ကောင် လေးတယောက် စုစုပေါင်းသုံးယောက်ရဲ့ဘဝသုံးခုကို ဇာတ်လမ်းထဲမှာတမျိုးစီကနေပေါင်းသွားတဲ့ပုံစံကို1990ခုနှစ် နောက်ခံနဲ့ရိုက်ပြထားပါတယ် (အဆုံးသတ်မှာမင်းသားမင်းသမီးညားတာလိုချင်တဲ့သူတွေအတွက်ကတော့ ဒါဟာဘဝအကြောင်းကိုရိုက်ပြထားတာလို့ပြောပါရစေ) - ယွင်ချောင်ဟာ အမေနဲ့အမဆီကနေမြို့ကြီးကိုသွားပြီးရုပ်ရှင်တွေထဲကလိုဘဝကိုဖြတ်သန်းချင်သူ - လီမိုင်ကတော့ အကကိုဘဝထက်ရူးသွပ်ပြီး ဂျပန်ထိတောင်သွားရောက်ကပြချင်သူ - ဖုန်း ဆိုတဲ့ကောင်လေးကတော့ အကိုကိုအရမ်းချစ်ပြီး ဘေးအိမ်က အကကျင့်နေတဲ့ ကောင်မလေးကိုခိုးခိုးကြည့်ကာချစ်နေရသူ သူတို့ရဲ့အိပ်မက်ကိုယ်စီဟာ သူတို့မျှော်လင့်သလိုလက်တွေ့ဖြစ်လာခဲ့မလားသိချင်ရင်တော့ဆက်လက်ကြည့်ရှုပေးကြပါဦ: Translated by : Nay Chii Encoded by : YK
movie
Wild Grass 2020
2020
8.1
Dying to Survive ( 2018 )
Chinese All Time Box Office မှာ 3.097 billion ၀င်ငွေရရှိထားပြီးနံပါတ် ၅ ချိတ်ထားတဲ့ဇာတ်ကားလေးဖြစ်တဲ့ Dying To Survive ကိုတင်ဆက်ပေးလိုက်ပါတယ် IMDb Rate ကလည်း 8.1 ပဲဖြစ်ပါတယ်ကောင်းလားမကောင်းလားဆိုတာတော့ သိပ်ပြောနေစရာတောင်မလိုပါဘူး ဇာတ်လမ်းအကျဉ်းကတော့ တိုင်းပြည်ထဲမှာCMLရောဂါသည်တွေအများအပြားရှိနေပါတယ်..CMLလူနာတွေဟာ Glinicဆိုတဲ့ဆေးကိုအမြဲမပြတ်သုံးစွဲနေရမယ့်သူတွေပါ...တရားဝင်Glinicဆေးတွေဟာဈေးနှုန်းမြင့်မားလွန်းတဲ့အတွက်သာမန်လူတွေအဖို့လက်လှမ်းမမှီနိုင်ဖြစ်ရပြီးဆေးမရပဲသေဖို့စောင့်နေသူတွေများလာပါတယ်..ဒီအချိန်မှာပဲ အိန္ဒိယက copyယူပြီးထုတ်ထားတဲ့ Glinicဟာဈေးနှုန်းအားဖြင့်အရမ်းနည်းနေပြီးအာနိသင်တူနေတာကိုCML လူနာတစ်ယောက်ကသတိထားမိလာပါတယ်..ဒါပေမယ့်အိန္ဒိယGlinicဟာတားမြစ်ဆေးအဖြစ်သတ်မှတ်ခံထားရပါတယ်..ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ကြည့်ရှုခံစားပါ အညွှန်းနဲ့ဘာသာပြန် ဖြိုးဇော်ဖြစ်ပါတယ်Encoded By LK
movie
Dying to Survive ( 2018 )
2018
7.2
A Cool Fish ( 2018 )
2018 ထွက် IMDb 7.2 ရရှိထားတဲ့ တရုတ်ကားသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ရဲဘက်အကူလုပ်ချင်နေတဲ့လောင်မာဆိုတဲ့လူတစ်ယောက်ဟာသူစာမေးပွဲအောင်တဲ့နေ့မှာပဲအမူးလွန်ပြီးကားမောင်းရာကသူ့မိန်မဆုံးပါးပြီး သူ့ညီမကဒုက္ခိတဖြစ်ခဲ့ရတယ်၊တစ်နေ့သူလုံခြံရေးလုပ်တဲ့ siteထဲကနေသေနတ်တစ်လက်ရှာတွေ့ခဲ့ပေမယ့်မထင်မှတ်ပဲပျောက်ဆုံးသွားခဲ့တယ်..တစ်ချိန်တည်းမှာပဲ ဖုန်းဆိုင်ကိုဓားပြတိုက်မှုမှာသေနတ်တစ်လက်ပါဝင်နေပြန်တယ်၊အဲ့သေနတ်ကလောင်မာရဲ့သေနတ်ဖြစ်နေမလား..ဓားပြတိုက်တဲ့တရားခံအစစ်ကိုဘယ်လိုဖမ်းမိမလဲ၊တစ်ဖက်မှာလည်း ဒုက္ခိတဖြစ်သွာရတဲ့အတွက်လောကကြီးကိုစိတ်ကုန်နေပြီးသူ့အစ်ကိုကိုမုန်းတီးနေတဲ့မိန်းကလေးတစ်ယောက်..သူ့အိမ်ထဲအမှတ်မထင်ရောက်လာနဲ့ဓားပြနှစ်ယောက်နဲ့ဆုံပြီးဘယ်လိုတွေများဆက်ဖြစ်ကြမလဲ..အနှိပ်သမအမည်ခံပြည့်တန်ဆာတစ်ယောက်ကသူချစ်ရမဲ့သူကိုဘယ်လိုတွေကာကွယ်ပေးမလဲ..ရဲဘက်အကူဖြစ်ချင်တဲ့လောင်မာရဲ့မလျှော့တဲ့ဇွဲနဲ့ကြိုးစားမှုတွေ၊ အပြန်အလှန်ချစ်ခြင်းမေတ္တာတွေကိုခံစားရမှာဖြစ်ပါတယ် ဘာသာပြန်နဲ့အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်Encoder : LK
movie
A Cool Fish ( 2018 )
2018
6.4
Extraordinary Mission (2017)
ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကား တစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်Extraordinary mission ဆိုတာကတော့ ရဲအရာရှိ လင်ခိုင် ရဲ့ မစ်ရှင် တစ်ခုပါ...သူ့ရဲ့ မစ်ရှင်က တော့ မူးယစ်ဆေးဝါးဂိုဏ်းအကြီးစား တစ်ခုကို နှိမ်နင်းဖို့ပါဒီဂိုဏ်းကို လက်ပူးလက်ကြပ် ဖမ်းဖို့က မလွယ်တဲ့ ကိစ္စတစ်ခုပါဒီတော့ ရဲအရာရှိကြီး ဟာ မူးယစ် ဆေးဝါး ဂိုဏ်းထဲကို သူလျိုတစ်ယောက် အနေနဲ့ ဝင် ဖို့ ဆုံးဖြတ်လိုက်ပါတယ်လူအသစ် တစ်ယောက်ကို ဘယ်သူက ကော လွယ်လွယ်ယုံမှာလဲ... ဂိုဏ်းအကြီးစား ဆိုတော့ ပိုဆိုးပြီပေါ့..ဒါနဲ့ လင်ခိုင် ဟာ သူ့ကိုယ်သူ မူးယစ်ဆေး အစွဲ ခံပြီး မူးယစ်ဆေးဝါးဂိုဏ်းက ယုံအောင် သက်သေ ပြရပါတယ် ( extraordinary ဘဲဗျာ )သူ့ရဲ့ ကြိုးပမ်းမှု ဟာ အရာထင်မလား???ဂိုဏ်းက သူ့ရဲ့ အကြံကို ရိပ်မိသွားမလား ...
movie
Extraordinary Mission (2017)
2017