Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Shengli
6
The Assassins ( 2012 )
မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei - Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား......အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Filesize : 2.74 GB / 1.25 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , History Runtime : 1h 47 min Subtitle ...
movie
The Assassins ( 2012 )
6.4
Call of Heroes (2016)
Call of heroes (2016)ဒီကားလေးကတော့ နိုင်ငံရေးအရှုပ်အထွေးတွေ ကွန်ဖူးသဘောကျသူတွေ ကြည့်သင်တဲ့ကားလေးပါနော် မြင်းတစ်ကောင်ကိုပဲ မှီခိုပြီး မြင်းသွားရာနောက်သာလိုက်တတ်တဲ့ မာဖုန်း... သူ့မှာဘယ်လိုအတိတ်တွေရှိခဲ့လို့ လောကကြီးကိုစိတ်ကုန်ပြီး လေလွင့်နေတာလဲ?တောမီးလောင် တောကြောင်လက်ခမောင်းခတ်သလို တိုင်းပြည်မငြိမ်သက်ချိန် ချောင်ယင်းက စစ်အင်အားစုပြီး မြို့လေးတွေကို လိုက်သိမ်းပိုက်ပါတော့တယ်စိတ္တဇဆန်ဆန် လူပဲသတ်ချင်နေတဲ့ ချောင်ယင်းရဲ့သား ချောင်ရှောလန်ကြောင့် မာဖုန်းနဲ့ ဆရာမလေးပိုင်တို့ တွေ့ဖို့ဖြစ်လာတဲ့အခါ...ဘယ်လိုကံကြမ္မာတွေကြုံတွေ့ရမလဲ?ချောင်ယင်းတို့ကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )File Size__(2.7GB) / (1.3GB) Quality__Bluray_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:00:00 Type__Action, Adventure, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt
movie
Call of Heroes (2016)
6
Taoist Priest In The Tomb ( 2023 )
ရှေးခေတ်မင်းဆက်ရဲ့ သင်္ချိုင်းမြေကြီးတစ်ခုဖြစ်တဲ့ လော့ထျန်းဟွမ်းနယ်မြေကြီး ။ ထူးဆန်းတဲ့အရာတွေကြောင့် ချိတ်ပိတ်ခဲ့တာ ကြာပေမဲ့ သင်္ချိုင်းတူးဖော်သူတွေကြောင့် လော့ထျန်းဟွမ်းရဲ့ လျှို့ဝှက်ချက်ကြီးက ပြန်လည်နိုးထလာခဲ့တဲ့အခါ ။ သူနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ရွာငယ်လေးတွေမှာလဲ ကြောက်မက်ဖွယ်ရာကိစ္စတွေဖြစ်ခဲ့ပြီး လူတွေဟာလဲ တစ်စ တစ်စနဲ့ ပျောက်ဆုံးလို့လာခဲ့ပါတယ် ။ ဒီကိစ္စတွေနဲ့ တစ်ချိန်က ပတ်သတ်ခဲ့တဲ့ ကျူးချွဲ့တစ်ယောက် ... ?❏ သူ့ရဲ့ ရွာသူရွာသား မိတ်ဆွေတွေကို ကယ်တင်ဖို့ ❏ သူတို့နေထိုင်ရာ နယ်မြေ အဒွန့်ရှည်စေဖို့ ❏ လော့ထျန်းဟွမ်း ကိစ္စကြီးမှာ သေဆုံးသွားကြပြီတဲ့ ဖခင်အတွက် ပြန်လည်လက်စားချေဖို့“သူဘယ်လိုတွေ လုပ်ဆောင်မလဲ ? လော့ထျန်းဟွမ်းရဲ့လျှို့ဝှက်ချက်ကြီးကို သူဖြေရှင်းနိုင်ပါ့မလား ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ ရုပ်ရှင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ အခုပဲကြည့်ရှူလိုက်ရအောင်ပါနော် ။” [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Mystery , Fantasy Runtime : 1h ...
movie
Taoist Priest In The Tomb ( 2023 )