Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Luodan
6.1
Moments We Shared ( 2024 )
Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့ အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ... ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ် အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့ Moment We Shared ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်... မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်... သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်... ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ...အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်.. အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း... အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း.... ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ နေရတာ ဘယ်အဆင်ပြေပါ့မလဲ...သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့ တွေးနေပေမယ့်... ပြောနေပေမယ့်လည်း... စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်...ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ...
movie
Moments We Shared ( 2024 )
5.9
Day Dreaming ( 2024 )
ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့ တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်... ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လို ဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ..ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်း သူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကို ပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို.. ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကို နည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော...Baby's Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့ သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီး ရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့... ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ် ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို... စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်း ဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်...ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်... အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်... Filesize : 1.08 ...
movie
Day Dreaming ( 2024 )
6.5
Rise of the Legend (2014)
Rise Of The Legend (2014)IMDb - 6.4/10 Rotten Tomotoes - 63%ဒီတစ် ခေါက် မိတ်ဆက် ပေးမယ့်ကား လေးက တော့ Rise Of The Legend ဆိုတဲ့ တရုတ် သိုင်းကားအက်ရှင်ကား လေးပဲဖြစ်ပါတယ် 2014 မှာထွက်ရှိထားပြီီး Sammo Kam-Bo Hung, Eddie Peng တိုနာမည်ကြီးသရုပ် ဆောင် တွေပါဝင်အားဖြည့်ထားတဲ့ကားဖြစ်ပြီး ဆု တွေလည်းအများကြီးလည်းရထားပါတယ်ဇာတ်လမ်းအညွှန်းကျင်မင်းဆက် နှောင်းပိုင်းအချိန်အခါ ၁၈၆၈ ခုနှစ်အ တောအတွင်း ဂွမ်ဂျုံးပြည်နယ် ကုန်သွယ် ရေးဂိတ်ကိုကျားမဲဂိုဏ်းနဲ့ မြောက်ပင်လယ်ဂိုဏ်းတို စိုးမိုးထားစဥ် အချိန်အခါကို ကျောရိုးထားပြီးရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်ဖိန်းဆိုတဲ့ သိုင်းသမားလူငယ်တစ် ယောက် ဂိတ်ကိုစိုးမိုး နေတဲ့ လူဆိုးဂိုဏ်း တွေကို ရှင်းလင်းဖို သူငယ်ချင်း ဝူနဲ့ ချန်းတိုနဲ့ အတူ နှစ်ရှည်အစီအစဥ်ဆွဲ အ ကောင်အထည် ...
movie
Rise of the Legend (2014)
2014
7.2
The Dead End (2015)
[Unicode]မင်းသားလည်းဟုတ် ဒါရိုက်တာလည်းဟုတ်ပြီး သရုပ်ဆောင်တဲ့နေရာမှာ သူများနဲ့မတူတမိုထူးတဲ့ပုံစံနဲ့ မင်းသားChao Deng ကိုသိကြမယ်ထင်ပါတယ် ။ တော်တော်များများကတော့ သူ့ကို The Mermaid (2016) တို့ Detective Dee တို့နဲ့ သိကြတာပါ ။ ဒီတစ်ခေါက်မှာတော့ 2015 မှာ ထွက်ရှိခဲ့တဲ့ The Dead End ဆိုတဲ့ movie လေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအကျဉ်းရှီလုံမှာ မိန်းကလေးတစ်ယောက် အဓမ္မကျင့်အသတ်ခံရပြီး သူမရဲ့ မိသားစု ၄ ယောက်လည်း ရက်ရက်စက်စက် အသတ်ခံရတဲ့ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါတယ် ။ ဒီလူသတ်မှုမှာ အဓိက သံသယဖြစ်ဖွယ် တရားခံ ၃ ယောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ၇ နှစ်ကြာတဲ့အထိ ဒီအမှုကို မဖြေရှင်းနိုင်ခဲ့ဘူး... ဒါပေမယ့် စုံထောက် 'ရီ' ကတော့ ဒီအမှုကို လက်မလျှော့ခဲ့ပါဘူး ။သူပထမဆုံးကိုင်ရတဲ့ အမှုကြီး ဖြစ်တာကြောင့် တရားခံကို အခုထိ ...
movie
The Dead End (2015)
2015