Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wang Ge
6.1
Flash Over ( 2023 )
ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့က လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie
Flash Over ( 2023 )
6.3
Lighting Up the Stars ( 2022 )
❏ သုဘရာဇာအလုပ်ကိုလုပ်ကိုင်ပြီး စိတ်မြန်လက်မြန်ရှိသူလဲဖြစ် / ထောင်ကလွတ်မြောက်လာသူတစ်ဦးလဲဖြစ်တဲ့ - မော့စန်းမိန့်❏ အဖွားဖြစ်သူ ဆုံးပါးသွားပြီး အသက်(၇) နှစ်အရွယ်နဲ့ တစ်ကောင်ကြွက် ဖြစ်နေရသူလေး - ဝူရှောင်ဝမ်“မြေးအဖွား နှစ်ဦးတည်းသာ နေထိုင်လာခဲ့ပြီး တစ်နေ့မှာ အဖွားဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဝူရှောင်ဝမ် အဖွားရဲ့စျာပနကို သုဘရာဇာဖြစ်သူ မော့စန်းမိန့်ဟာ စီစဥ်ပေးရဖို့ဖြစ်လာခဲ့ပါတော့တယ် အသက် (၇) နှစ်အရွယ် ဝူရှောင်ဝမ်လေးဟာ သေဆုံးခြင်းနဲ့ပတ်သတ်ပြီးဘာမှမသိတတ် နားမလည်သေးတဲ့ အရွယ်မို့ သူ့အဖွားကို ဝှက်ထားတယ်ဆိုပြီး မော့စန်းမိန့်ကို အထင်လွဲမှားကာအဆက်မပြတ်လိုက်လံနှောက်ယှက်ပါတော့တယ်ဒီလိုနဲ့ တစ်ကောင်ကြွက် ဝူရှောင်ဝမ်လေးဟာ မော့စန်းမိန့်ဆီကို ရောက်ရှိလာဖို့ ကံကြမ္မာအရ အကြောင်းဖန်လာခဲ့ပြီး နဂိုကတည်းကမှ ပြဿနာတွေတောင်လိုပုံနေတဲ့ မော့စန်းမိန့် အပေါ်ကို တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို ဖြစ်သွားစေခဲ့ပါတော့တယ် ရယ်ကြရင်း/ ငိုကြရင်းနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေ ရိုက်ခတ်မှုဒဏ်တွေကို ခံစားပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး❏ နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တွေ ❏ မိသားစုတစ်ခုမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေ / အခက်အခဲတွေ ❏ တွယ်ငြိပြီးသွားတာနဲ့ ဖြတ်ရခက်တဲ့ သံယောဇဥ်ကြိုးတွေ.....? အစရှိတဲ့ အကြောင်းတွေကိုအကွက်ကျကျ စီစဥ်ရိုက်ကူးထားတဲ့အကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By ...
movie
Lighting Up the Stars ( 2022 )
7.3
Lighting up the Stars (2022)
Lighting up the Stars (2022) ===================== IMDb Rating - 7.3/10သံယောဇဉ်ဆိုတဲ့ဆွဲအား၊ ချစ်ခြင်းမေတ္တာရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုရင် လူဆိုးကိုလည်း လူကောင်းဖြစ်သွားစေနိုင်သလို ကြမ်းတမ်းတဲ့ လူကိုလည်း နူးညံ့တဲ့ပန်းလေးတစ်ပွင့် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတစ်ခါလည်း CM ပရိတ်သတ်ကြီးကို မျက်ရည်ဝဲစေမယ့် ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ထူးထူးခြားခြား ဒီကားလေးက သုဘရာဇာလုပ်ငန်းကိုလုပ်ကိုင်တဲ့ လောင်စန်း အကြောင်း ရိုက်ကူးထားတာပါ။ လောင်စန်းက ထောင်ထွက်တစ်ယောက် ပြီးတော့ အဖေ့အိမ်ကို အမွေလိုချင်လို့ သုဘရာဇာလုပ်ငန်းကို လုပ်နေရတာပါ။လူသေတွေနဲ့ ပိုက်ဆံရှာတယ်ဆိုပြီးတော့ အားလုံးကလှောင်ကြတဲ့အပြင် ကောင်မလေး ကလည်း စွန့်ပစ်သွားလို့ ပူလောင်နေတုန်းမှာ ရှောင်ဝန်ဆိုတဲ့ကလေးမလေးတစ်ယောက် အိမ်ရှေ့ရောက်လာပါတယ်။ ရှောင်ဝန်ဆိုတာ မနေ့ကအသုဘပွဲလုပ်ပေးလိုက်တဲ့အဘွားရဲ့ မြေးမလေးပါ။ သူ့အဘွားကို လောင်စန်းက သေတ္တာကြီးထဲထည့်ပြီးခေါ်သွားတာမို့ ဘွားဘွားကိုပြန်ခေါ်ပေးပါတဲ့လေ။ ကဲ... ဘယ်လိုလုပ်ကြမလဲ။ရှောင်ဝန်လေးကလည်း သရုပ်ဆောင်ကောင်းလိုက်ပုံများ ဝါရင့်မင်းသမီးကျနေတာပဲ။ သူလေးကြောင့် ရုပ်ရှင်ကားကို အဆုံးထိကြည့်မိသွားမှာ သေချာပါတယ်ဗျ။ တရုတ် ကားတွေက မေတ္တာဖွဲ့ကားလေးတွေနဲ့ပေါက်နေကြဆိုတော့ ဒီကားလေးကလည်း ပရိသတ် ရင်ထဲ ဘယ်လောက်ထိနေရာယူနိုင်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.56 ...
movie
Lighting up the Stars (2022)
2022
6.1
Looking Up (2019)
Looking Up (2022)ဒီလိုကားမျိုးကို ရီဗျူးရေးဖို့ အများကြီးစဉ်းစားရပါတယ်။ ဇာတ်လမ်းကကောင်းပြီး ရီဗျူးချာသွားမှာဆိုးလို့ပါ။ ရီဗျူးကို သည်းခံဖတ်ပြီး ဘယ်လိုနေနေ ဇာတ်ကားကိုတော့ဒေါင်းပြီးကြည့်လိုက်ကြပါ။ ပေးရတဲ့အချိန်နှစ်နာရီခွဲနဲ့တန်အောင် ကြည့်ရမှာပါ။ ဘာသာပြန်နေရင်းနဲ့တောင် ကြက်သီးမွှေးညင်းထရတဲ့အထိ ဒိုင်ယာလော့ခ်တွေက ထိမိသလို Deng Chao၊ Bai Yu၊ Li Jianyi တို့လိုဝါရင့်သရုပ်ဆောင်တွေမို့ အကယ်ဒမီရှော့ခ်ပါပဲဗျာ။တရုတ်ပြည်ရဲ့အသက်အငယ်ဆုံး အာကာသယာဉ်မှူးဖြစ်တဲ့ မာဖေး အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး တရုတ်ပြည်ရဲ့ ပြောင်းလဲဖို့ကြိုးစားနေတဲ့ ပညာရေးစနစ်အပြင် မိဘနဲ့သားသမီးကြားက သံယောဇဉ်နဲ့ယုံကြည်မှုကို အဓိကရိုက်ပြထားပါတယ်။တုန်းဖေနယ်ရဲ့ ဂုဏ်ထူးဆောင်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဟောက်ဝန်က သူဒီဇိုင်းဆွဲထားတဲ့တံတားကြီး ပြိုကျပျက်ဆီးသွားလို့ ရှိသမျှအပြစ်တွေအကုန်လက်ခံလိုက်ပြီး ထောင်ကျခဲ့ပါတယ်။ သူအရမ်းချစ်တဲ့သားလေး မာဖေးကတော့ ဉာဏ်မမှီတဲ့သူဆိုပြီး လူတွေအားလုံးက လက်ညှိုးထိုးနေကြတဲ့ ထူးခြားတဲ့ကလေးတစ်ယောက်ပေါ့။ ခုနစ်နှစ်ကြာပြီး မာဖေးကျောင်းထုတ်ခံရတဲ့အချိန်ကျမှ သားအဖနှစ်ယောက်ပြန်တွေ့ကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဖခင်တစ်ယောက်က ကလေးတစ်ယောက်ကို စိတ်ဓါတ်သန်မာလာအောင်၊ ပြဿနာနဲ့ကြုံတွေ့ရင် ဖြေရှင်းတတ်အောင်၊ စဉ်းစားတတ်အောင် ဘယ်လိုမျိုးလေ့ကျင့်ပေးလဲဆိုတာကို ဒီကားလေးကြည့်ပြီး အတူတူလေ့လာလိုက်ကြရအောင်နော် ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | ...
movie
Looking Up (2019)
2019