Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Wanda De Jesus
6.4
Blood Work (2002)
ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie
Blood Work (2002)
Ghosts of Mars (2001)
Ghosts of Mars (2001)မားစ်ဂြိုဟ်ပေါ်မှာ လူ ၆၄၀၀၀၀ နီးပါးလောက် အခြေကျနေထိုင်လျက်ရှိချိန်ပေါ့...ရဲတပ်ဖွဲ့တစ်စုဟာ မိုင်းတွင်း တစ်ခုရဲ့ အကျဉ်းထောင်မှာ ရှိတဲ့ နာမည်ဆိုးနဲ့ကျော်ကြားသူ ဝီလီယမ်ကို လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးဖို့ရာ ခရိုင်စီဆိုတဲ့နေရာကို ပြန်ခေါ်လာပေးရမယ့် မစ်ရှင်လုပ်ဖို့ကြုံလာတယ်။ ရှိုင်းနင်းတောင်ကြား မိုင်းတွင်းကို သူတို့အဖွဲ့ ရောက်ရှိသွားချိန် အရင်လို လူစည်ကားမနေဘဲ ခြောက်ကပ်နေတာကို တွေ့လိုက်ရတယ်။ အဆောက်အအုံတွေထဲ ဝင်စစ်ဆေးလိုက်ချိန်မှာ လူတွေအားလုံးနီးပါး ရက်ရက်စက်စက် အသတ်ခံထားကြရတာကို မြင်လိုက်ရတယ်။အကြောင်းရင်းကို စုံစမ်းရင်း မားစ်ဂြိုဟ်ပေါ်က သယံဇာတတွေကို တူးဖော်ရင်း မလှုပ်နိုးအပ်သင့်တဲ့ အရာတွေကို လှုပ်နှိုးမိတဲ့အခါ...မယ်လနီနဲ့ သူ့ရဲ့တပ်ဖွဲ့ ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပြီး Ice Cube နဲ့ Jason Statham တို့လို နာမည်ကြီး ဘီးကြဲတွေ ကြမ်းပြထားတာမို့ ကြည့်ရတန်မယ့် ကားလည်း ဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie
Ghosts of Mars (2001)
2001
7.9
The Insider(1999)
The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie
The Insider(1999)
1999
7.6
RoboCop (1987)
RoboCop (1987)=============== Science genre အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်Robocop ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Robocop ဆိုတဲ့ စကားလုံးအတိုင်း စက်ရုပ်ရဲရဲ့အကြောင်းကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒက်ထရွိုက်မြို့ကြီးမှာရာဇဝတ်မှုတွေက အဖြစ်များလှပါတယ်။ တစ်နေ့မှာတော့ဒက်ထရွိုက်ရဲဌာနကို မာဖီဆိုတဲ့သူက တာဝန်ပြောင်းလာခဲ့ပါတယ်။လူးဝစ်ဆိုတဲ့ ရဲမေနဲ့ ပါတနာအဖြစ် တာဝန်ထမ်းဆောင်ရင်း လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို လိုက်ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းရှာတဲ့မာဖီက လူဆိုးတွေလက်ထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။OCP ဆိုတာက ဒယ်တာမြို့အသစ် တည်ဆောက်ရေးအတွက်ဒက်ထရွိုက်အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ အဖွဲ့အစည်းပါ။ သူတို့ဟာရဲတွေနေရာမှာ အစားထိုးမယ့် စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပေမဲ့ပရိုဂရမ်အမှားအယွင်းကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာသေသွားတဲ့ မာဖီကို နောက်ထပ်စမ်းသပ်ချက်အတွက် အသုံးချဖို့လုပ်ခဲ့ပါတယ်။ မာဖီအလောင်းကိုယူပြီး စက်ရုပ်တစ်ခုအဖြစ် အသက်သွင်းခဲ့တာပါ။ ဒါဆိုရင် စက်ရုပ်ဖြစ်သွားမယ့် မာဖီကရော မြို့အတွက်အထောက်အကူပြုလာနိုင်မလား၊ သူ့ကို သတ်ခဲ့တဲ့လူတွေကိုရောပြန်ပြီးလက်စားချေမလား၊ ဒီတီထွင်မှုကို ဖျက်စီးချင်တဲ့သူရောရှိလာမလားဆိုတာကိုတော့ Robocop ဆိုတဲ့ ဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါ။ File size…1.98GB / 733MB Quality…Blu-Ray ...
movie
RoboCop (1987)