Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vladimír Kulhavý
5.8
The Prince & Me (2004)
ဒီဇာတ်ကားကတော့ မင်းသားတစ်ပါးနဲ့ လယ်သူမလေးတစ်ယောက်အကြောင်းRomanceဆန်ဆန်ရိုက်ထားတဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ ဒိန်းမတ်နိုင်ငံရဲ့မင်းသားဖြစ်တဲ့ အက်ဗက်ဟာ အလိုလိုက်ခံထားတဲ့သူပီပီ အပျော်အပါးအသောက်အစားများစွာလုပ်ပြီး မကောင်းသတင်းတွေ သတင်းစာထဲမှာပါပါလာကာ တော်ဝင်မိသားစုကိုအရှက်ရအောင် ခဏခဏလုပ်တဲ့သူပေါ့။တစ်နေ့မှာတော့ သူဟာတီဗွီအစီအစဉ်တစ်ခုကနေ အမေရိကရဲ့ကောလိပ်ကျောင်းသားဘဝဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်းမြင်လိုက်ရပြီးတဲ့အချိန်မှာ ထိုကောလိပ်သို့တခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးတက်ဖို့သွားပါတော့တယ်။ အဲဒီကျောင်းမှာပဲ နယ်ကတက်လာတဲ့ကောင်မလေး "ပေ့ခ်ျ မော်ဂန်"နဲ့တွေ့တဲ့အခါမှာတော့ အမြဲဆိုးခဲ့တဲ့မင်းသားလေးတစ်ယောက် အချစ်အစွမ်းကြောင့် တဖြည်းဖြည်းနဲ့လိမ္မာပြီး အားကိုးထိုက်သူဖြစ်လာတာကို Comedyနဲ့ Romanceရောပြီး ရိုက်ပြထားပါတယ်။ File size…(2.2 GB) / (1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson
movie
The Prince & Me (2004)
The Illusionist (2006)
မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
The Illusionist (2006)
6.6
Last Holiday (2006)
Last Holiday (2006) ================ IMDb Rating - 6.6/10The Secret Life of Bees, Girls' Trip, Hustle စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက် ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင် ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင် ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ် လို့ ပြောလို့ရပါတယ်။၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Miss Georgia Berd - နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြော ရရင်တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်း ဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့် သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့ အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ...
movie
Last Holiday (2006)
2006
6.7
The Brothers Bloom (2008)
IMDb Rating (6.7) / Rotten Tomatoes (68%)နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ The Pianist မင်းသားကြီး Adrien Brody, MCU ရဲ့ Hulk မင်းသားကြီး Mark Ruffalo,The Mummy ရဲ့အသည်းကျော်မင်းသမီးကြီး Rachel Weisz တို့ပါ၀င်ထားပြီးဒါရိုက်တာ Rian Johnson ရိုက်ကူးထားတဲ့ Action,Adventure,Comedy ရုပ်ရှင်ကားလေးပါ။ဇာတ်လမ်းကတော့....မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့Bloomတို့ဟာငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီးအစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီးညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။နှစ်တွေကြာပြီးမှာတော့ Bloomညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူတစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ဖို့အကြောင်းဖန်လာတဲ့အခါ....။ File size…(2 GB)/ (970 MB) Quality….BluRay 1080p /720p Format…mp4 Duration….01:53:40 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by SP
movie
The Brothers Bloom (2008)
8.0
[James Bond] Casino Royale (2006)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်....https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။ဒီဇာတ်ကားက ဂျိမ်းဘွန်းမင်းသားသစ်အဖြစ် Daniel Craig ကိုစတင်အသက်သွင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ထူးခြားလာတာက ယခင် ဂျိမ်းဘွန်းကာရိုက်တာတွေနဲ့ မတူတော့ဘဲ တမူထူးခြားတဲ့ ကာရိုက်တာကိုအသက်သွင်းလာတာတွေ့ရပါတယ်။ယခင်ကလို တိုက်တိုင်းအောင် ပုံစံမျိုးမဟုတ်တော့ဘဲလက်တွေ့ပုံစံဆန်လာပြီးခပ်ကြမ်းကြမ်းနဲ့ မိုးဆုံးမြေဆုံး လိုက်လံချေမှုန်းတတ်တဲ့ အေးဂျင့်တစ်ယောက်အဖြစ် 007 ပုံစံကို ပြောင်းလာပါတယ်။ ဒီဇာတ်ကားကတော့ IMDb Rating(8/10) နဲ့ Rotten Tomatoes (95%) ထိရရှိထားပါတယ်။ File size…(1.9 GB) and (1 ...
movie
[James Bond] Casino Royale (2006)
HEVC 1080p 5.1
6.9
A Knight’s Tale (2001)
A Knight's Tale (2001) IMDb - 6.9/10_____Rotten - 59% Heath Ledgerရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကလည်း ပြောစရာ မရှိအောင် ဒရာမာ ရိုးမန့် အဗန်းရှား အက်ရှင် ရသစုံပါတယ်။ Friendhood .. Fatherhood.. Sonhood... Loverhood အစုံအလင်ပါပါတယ်။ ဇာတ်လမ်းရဲ့ အခြေခံကလည်း ဂျော့ဖရေး ချောဆာလို့ခေါ်တဲ့ နာမည်ကျော် အလယ်ခေတ် ကဗျာဆရာစာရေးဆရာတစ်ယောက်ကနေ ဆင့်ကူးခံစား ထားတာဖြစ်ပြီး ဂျော့ဖရေးချောဆာတို့ အင်္ဂလန်သမိုင်းထဲက မင်းသားအက်ဒဝပ်တို့လို သူတွေလည်း ပါပါတယ်။ ကြည်နူးရင်ခုန် အားကျသွားစေမယ့် ရိုမန်တစ်အဆန်ဆုံး Sceneတစ်ခု ဟာလည်း တော်တော်အသက်ဝင်ပါတယ်။ ခရမ်းချဉ်သီး ၇၉လုံးနဲ့ အိုင်အမ်ဒီဘီ ၆.၉လည်း ရထားပါသေးတယ်။ စကားမစပ် အဗန်ဂျာဂိုဏ်းဝင် ဗီးရှင်းကြီးကိုလည်း ကိုယ်လုံးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။ အလယ်ခတ်ကာလမှာ စီးချင်းထိုးပြိုင်ပွဲတွေရှိခဲ့ကြတယ်။ ချပ်ဝတ်ဝတ် မြင်းစီးပြီး ထိပ်တုံးထားတဲ့လှံရှည်အတုံးကို ကိုင်ဆွဲ ဟိုဘက်သည်ဘက် ထိုးနှက်တိုက်ခိုက်ကြရတဲ့ ပြိုင်ပွဲမျိုးတွေပါ။ ဒီလိုပွဲတွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေ သူကောင်းပြုခံထား ရတဲ့လူတွေကိုသာ ဝင်ပြိုင်ခွင့် ပေးထားတယ်တဲ့။ အဲ့ဒီလို ပြိုင်ပွဲဝင်လူတွေကိုတော့ "Knight"လို့ခေါ်ခဲ့ကြတယ်။ Knight တစ်ယောက်ရဲ့ တပြည့်လက်ပါးစေကောင်လေးဖြစ်တဲ့ ဝီလီယမ်ဟာ စီးချင်းထိုးပွဲတစ်ဝက်တစ်ပျက်မှာ သူ့ဆရာ Knight သေသွားတဲ့အတွက် သူ့ဆရာဟန်ဆောင်ပြီး စီးချင်းဝင်ထိုးရင်း ကလေးကတည်းက ...
movie
A Knight’s Tale (2001)
2001