Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Virginie Efira
Tall Tales from the Magical Garden of Antoon Krings (2017)
Tall Tales from the Magical Garden of Antoon Krings (2017)အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်...ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။ တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။ သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့ နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ? ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်း အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်... File size… 1 GB / 491 MB Quality… WEB-DL 1080p ...
movie
Tall Tales from the Magical Garden of Antoon Krings (2017)
6.3
It Boy (2013)
It Boy(2013) IMDb: 6.3/10 Rotten Tomatoes: 45% Genre: Comedy/RomanceIt Boy ဟာ ပြင်သစ်နောက်ခံစကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းသဘောကျဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရိုမန်တစ်အဆန်ဆုံး ဘာသာစကားတစ်ခုဖြစ်တဲ့ ပြင်သစ်နောက်ခံစကားပြောဖြစ်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြုံးကြီးဘာသာပြန်ရတဲ့ ကားဆိုရင်လည်းမမှားပါဘူး။ဇာတ်ညွှန်း အဲလစ်ဆိုတာက ရီဘဲလ် စာနယ်ဇင်းက အယ်ဒီတာတစ်ယောက်ဖြစ်ပါတယ်။ ဘရာဇီးမှာအလုပ်လုပ်ရင်း ပြင်သစ်ကိုလေယာဉ်နဲ့ပြန်လာခဲ့ပါတယ်။ ဘဲလ်သက်ဇာ ဆိုတာကတော့ ဗိသုကာအတန်းမှာသင်ကြားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ဘဲလ်သက်ဇာကလည်း ဘရာဇီးကနေ ပြင်သစ်ကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာပါလာခဲ့ပါတယ်။ ဒါပေမယ့် အဲလစ်က ပထမတန်းမှာဖြစ်ပြီး ဘဲလ်သက်ဇာကတော့ ဒုတိယတန်းမှာဖြစ်ပါတယ်။ ကံချင်းအပ်ချင်တော့ ဘဲလ်သက်ဇာဟာ အဲလစ်ဘေးကိုရောက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ တစ်ညတာဖြတ်သန်းပြီး ခွဲခွာချိန်ကိုကြုံလာတဲ့အချိန်မှာ အဲလစ်ရဲ့ USB ဟာလေယာဉ်ပေါ်မှာကျန်ခဲ့ပါတယ်။ အဲဒါကို ဘဲလ်သက်ဇာက ကောက်ပြီးပေးဖို့ကြိုးစားခဲ့ပေမယ့် မမှီခဲ့ပါဘူး။ အသက် ၂၀ တောင်မပြည့်သေးတဲ့ ဘဲလ်သက်ဇာနဲ့အသက် ၄၀ ပြည့်ခါနီး အလုပ်ကလွဲဘာကိုမှ စိတ်မဝင်စားတဲ့ အဲလစ်တို့ရဲ့ ...
movie
It Boy (2013)
6.6
Just the Two of Us (2023)
လူတွေပြောနေကျ စကားတစ်ခွန်းရှိတယ်...။အချစ်တစ်ခုတည်းနဲ့မပြည့်စုံဘူး...နှစ်ကိုယ်တူဘဝတည်ဆောက်ဖို့ဆိုမေတ္တာ၊သစ္စာ၊ ဥစ္စာ ပြည့်စုံဦးမှ ဘာဘာညာညာပေါ့....။ဒီအရာတွေပြည့်စုံပြီပဲထား နှစ်ယောက်တစ်ဘဝကို တကယ်တမ်းတည်ဆောက်လို့ရပြီလား ခိုင်မြဲပြီလား.....။ဒီအချက်တွေအပြင် ကျွန်တော်တို့ မျက်စိအောက်တင်ဘဲ မေ့လျော့နေခဲ့တဲ့အခြားအရေးကြီးအချက်ရှိပါသေးတယ်...။ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် mental support၊စိတ်ခွန်အားပေးဖို့၊တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို အလေးထားပြီး psychological freedomသူ့ကိုယ်ပိုင်စိတ်လွတ်လပ်ခွင့်ထားပေးဖို့လည်းလိုပါသေးတယ်....။ဒါတွေ မပေးဆပ်နိုင်ဘဲ အရမ်းချစ်တယ်ဆိုပြီး နှုတ်ကသာ တစ်ဖွဖွချစ်တယ်ပြောရင်းနဲ့.... ကိုယ့်လက်တွဲဖော်ကို အပိုင်သိမ်းပိုက်ချုပ်ချယ်ထားချင်မယ်ဆိုရင်တော့ ကိုယ့်အချစ်ကသူ့အတွက် မွန်းကြပ်စရာတွေသာဖြစ်လာမှာပါ...။ဒီအချိန်ကျရင်တော့ အချစ်ဟာကြောက်ဖို့ကောင်းသွားပြန်ပါပြီ...။အတ္တအချစ်စိတ်ဟာ ဘယ်လောက်ထိ မွန်းကြပ်စေနိုင်လဲ၊ဘယ်လိုရုန်းထွက်မှလွတ်မလဲဆိုတာကို ဒီပြင်သစ် psychologicaldramaလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.68 GB / 868 MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Just the Two of Us (2023)
6.8
Other People’s Children (2022)
အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့ ထူးထူးဆန်းဆန်းပါပဲ။ကိုယ့်ကလေးမဟုတ်တဲ့သူများရဲ့ကလေး Other People's Children ပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ နာမည်လေးအတိုင်းပဲ တခြားသူရဲ့ကလေးနဲ့ သွားပတ်သတ်မိတဲ့ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။IMDb Rating 6.8 အထိရရှိထားပြီး Rotten Tomatoes မှာတော့91 ရာခိုင်နှုန်းအထိရရှိထားပါတယ်။ရေချယ်ဆိုတဲ့အမျိုးသမီးတစ်ယောက်က ကျောင်းတစ်ခုမှာစာသင်ပေးနေတဲ့ဆရာမဖြစ်ပြီး အချစ်ရေးကံမှာတော့ညံ့ဖျင်းလှပါတယ်။အခုလည်း အသည်းကွဲလာပြီးသိပ်မကြာခင်မှာပဲသူ့ရဲ့ဂစ်တာသင်တန်းကအလီဆိုတဲ့ ကလေးတစ်ယောက်အဖေနဲ့ငြိသွားပါတော့တယ်။သူတို့နှစ်ယောက်ကအတူတူနေတာကြာလာတဲ့အခါမှာတော့ အလီရဲ့သမီးဖြစ်သူလီလာနဲ့ရေချယ်တို့ကိုမိတ်ဆက်ပေးခဲ့ပါတော့တယ်။လီလာကချစ်စရာကောင်းတဲ့အပြင်ရေချယ့်ကိုလည်းချစ်တော့ သူတို့သုံးယောက်သားက မိသားစုကြီးတစ်ခုလိုတောင်ဖြစ်နေပါပြီ။ဒါပေမယ့် အဲ့လိုပျော်ရွှင်နေတဲ့မိသားစုလေးရဲ့ဘဝထဲကို အလီ့ရဲ့ကွာရှင်းထားတဲ့ မိန်းမအဲလစ်ပြန်ရောက်လာတဲ့အခါမှာတော့ဘယ်လိုရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာမယ်ဆိုတာကိုရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်... File size…1.54 GB/ 711 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Other People’s Children (2022)
6.8
Revoir Paris (2022)
Revoir Paris (2022) =============== IMDb Rating - 6.8/10အဓိပ္ပာယ်က "ပဲရစ်မြို့ရဲ့ အမှတ်တရများ" တဲ့။ ပဲရစ်မြို့ဆိုတာနဲ့ စိတ်ကူးယဉ်အိပ်မက်မြို့တော်လေးလို့ မြင်ယောင်မိကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အမှတ်တရတွေက ချိုမြိန်တဲ့အမှတ်တရ လေးတွေတော့ ဟုတ်မနေခဲ့ဘူး။ အရိပ်လို တကောက်ကောက်လိုက် နေမဲ့ ဆိုးရွားတဲ့အမှတ်တရတွေဖြစ်နေခဲ့တယ်။ပဲရစ်မြို့လယ်ခေါင်စားသောက်ဆိုင်တစ်ခုမှာ လူပေါင်းများစွာ သေ ကြေခဲ့ရတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ဆိုတာ လက်နှစ်ဖဝါးစာတောင် မပြည့်တဲ့အရေအတွက်တစ်ခုပါ။ မီရာက အဆိုပါတိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့ပေမဲ့ သူဘယ် လိုတွေဖြစ်ခဲ့တယ်ဆိုတာကို လုံးဝသတိရခြင်း မရှိတော့ပါဘူး။ တခြား ကျန်ရစ်သူတွေပြောတဲ့ အဲဒီညက သူ့အကြောင်းတွေကလည်း လိုက် ကောက်ဖို့မလွယ်တဲ့ ပဟေဠိလေးတွေ ဖြစ်နေခဲ့ပြီး သူ့အတွက်အရာ ရာဟာ မှုန်ဝါးဝါးပါပဲ။ မီရာတစ်ယောက် သူတိုက်ခိုက်ခံခဲ့ရတဲ့ညက အမှတ်တရတွေကို ပြန်တူးဖော်မိနိုင်မလား ဆိုတာကတော့ "ပဲရစ်မြို့ရဲ့ အမှတ်တရများ" ကနေ ဆွဲဆောင်ပြောပြသွားပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.5 GB) / (612 MB) / (353 MB) Quality............WEB-RIP 1080p / ...
movie
Revoir Paris (2022)
2022
6.7
[18+]Sibyl(2019)
[18+]Sibyl(2019)***************ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း...စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီကဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။ လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီးမားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲ မားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါFile Size :(1.5 GB) and (618 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by SD
movie
[18+]Sibyl(2019)
6.5
Waiting for Bojangles (2022)
Waiting for Bojangles (2022) ==================== IMDb Rating - 6.5/10လူသားနှစ်ယောက်ရဲ့ တွေ့ဆုံမှုကလည်း ထူးဆန်းခဲ့ပါရဲ့ ၊ စတွေ့ကတည်းက နှစ်ယောက်ဆုံဆည်းမှုဟာ ပျော်စရာတွေ ယူဆောင်လာပေးမယ်ဆိုတာကို ကိုယ်စီ သိခဲ့ကြသလိုပါပဲ။ ဘဝရဲ့ လက်တွဲဖော်အစစ်နဲ့ ဆုံလာတဲ့အခါ နှလုံးသားကလည်း အလိုလို သိသည် ထင်ပါရဲ့ ၊ ဘယ်အရာတွေက တားတား အချစ် ခရီးက ခိုင်မာခဲ့တယ်။ မိသားစုဆိုတဲ့ အရာလေးကို ဖန်တီးနိုင်ခဲ့တယ်။ဒါပေမဲ့ ဘဝဆိုတာ သာယာလှပလွန်းနေရင် ပျင်းစရာကောင်း မယ်လို့ ယူဆပုံရတဲ့ ဘုရားသခင်က ကံကြမ္မာနဲ့ ပူးပေါင်းကြံစည်ပြီး ဒီမိသားစုလေးအပေါ် မိုးသက်လေပြင်းတို့ ကျရောက်စေခဲ့တဲ့အခါ၊ ဒီဒုက္ခတွေကို ရုန်းထွက်ရမှာ ဒီမိသားစုလေးရဲ့ တာဝန်ဖြစ်လာပါ တော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Yoon Sandi Aungမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Khant Sett Naing တို့ဖြစ်ပါတယ်)File Size..........(2.02 GB) / (842 MB) / (476 MB) Quality............BluRay 1080p / 720p ...
movie
Waiting for Bojangles (2022)
2022
6.6
[18+] Benedetta (2021)
[18+] Benedetta (2021)Benedetta ဟာ ၁၇ ရာစုဝန်းကျင်က အီတလီနိုင်ငံမထင်မရှားမြို့ငယ်လေးတစ်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ Benedetta Carlini ဆိုတဲ့သီလရှင်ရဲ့ဘ၀ဇာတ်ကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ငယ်ဖြူဆရာလေးတစ်ပါး စည်းကမ်းတင်းကျပ်တဲ့ ဘာသာရေးအရိပ်အာဝါသအောက်မှာနေထိုင်ရင်း ဖောက်လွှဲဖောက်ပြန် အမြင်အာရုံတွေ ရလာတာ... ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညစ်ညမ်းတဲ့ လောကသဘာဝနဲ့သွေဖည်နေတဲ့ အိမ်မက်တွေကတစ်ဆင့် ပြင်ပလောကမှာလဲ သူတို့ ကျောင်းတော်အရိပ်ကို ခိုလှုံဖို့ရောက်ရှိလာတဲ့ နောက်ထပ် ဖခင်နဲ့ အစ်ကိုတွေရဲ့ဖိနှိပ်ခံဆိတ်ကျောင်းသူလေးတစ်ယောက်ကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ရာက သဒ္ဒါလွန်လို့ တဏှာကျွံမိပုံတွေကတစ်ဆင့် ဘာသာရေး၊ လူမှုရေး ၊ ခေတ်ကာလနဲ့ အစရှိတဲ့အကြောင်းအရာများစွာကို တို့ထိကစားပြသွားခဲ့ပါတယ်။အငြင်းပွားစရာများစွာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေးအချက်အချာနေရာက ဘာသာရေးခေါင်းဆောင်တွေကို အဓိကဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် တစ်ချို့အကြောင်းအရာကိစ္စတွေကိုပုံဖော်ထားတဲ့နေရာမှာ နှုတ်နဲ့ဖွင့်လို့တောင်မပြောဝံ့စရာ ညစ်ပတ်စုတ်ပဲ့တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ဘာသာရေးကို ခုတုံးလုပ်ပြီး လူတွေကိုလှည့်စားရတာ ဘယ်လောက်လွယ်ကူနိုင်သလဲ၊ ဘာသာရေးဟာ ဘယ်လောက်အထိ အလွယ်တကူဝင်ငွေကြမ်းနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်နိုင်လဲ၊ ဘာသာရေးအဆောက်အအုံတွေမှာ နေထိုင်အရိပ်ခိုကြတိုင်း သူတော်စင်သူတော်ကောင်းဖြစ်နိုင်ပါ့မလား... အစရှိတဲ့ခေတ်အဆက်ဆက် မေးချင်ပေမယ့်မမေးဝံ့လို့ လက်ရှောင်ခဲ့ကြရတဲ့ မေးခွန်းတွေရဲ့အဖြေတွေကိုလဲ တစ်စိတ်တစ်ဒေသမြင်တွေ့ရပါလိမ့်မယ်။တစ်ခေတ်တစ်ခါက ...
movie
[18+] Benedetta (2021)
2021
6.9
White Fang (2018)
စာရေးဆရာ Jack Landon ရေးသားခဲ့တဲ့ White Fang စာအုပ်ကို Animation အနေနဲ့ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်IMDB အနေနဲ့ကတော့ 6.9 အထိရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်သစ္စာစောင့်သိပြီး ကျေးဇူးတရားကို နားလည်တဲ့ ခွေးဝံပုလွေတစ်ကောင်အကြောင်းကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ White Fang ဆိုတဲ့ ခွေးဝံပုလွေလေးဟာ မိခင်ဖြစ်သူနဲ့နေထိုင်ရင်း ဒုက္ခတွေတွေ့ကြုံခဲ့ရာမှ မိခင်ရဲ့သခင်ဟောင်းဖြစ်သူဆီ ပြန်သွားခဲ့ကြပါတယ်အရွယ်ရောက်ပြီးကြီးပြင်းလာတဲ့ White Fang ဟာ သခင်ရဲ့ငွေကြေးအခက်အခဲကြောင့် မသမာသူတွေလက်ထဲ ရောင်းစားခံရပါတယ်White Fang ဟာ မသမာသူတွေရဲ့ ခွေးတိုက်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ခိုင်းခံရပြီး ပိုက်ဆံတွေရှာပေးခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ ယူအက်စ်အရာရှိ ဝှင်းမ်ဒွန်စကော့နဲ့ တွေ့ဆုံခဲ့ပြီး ဘဝသစ်တစ်ခုရရှိခဲ့ပါတယ်White Fang ကိုပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ မသမာသူတွေဟာလည်း အရာရှိနှင့်ရန်ငြိုးရှိထားသူတွေဖြစ်ပါတယ်အရာရှိကြီးနဲ့ White Fang ဟာ ဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲသူတို့နှစ်ဦးရဲ့ ကံကြမ္မာတွေဟာလည်း ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက် ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ...
movie
White Fang (2018)
2018
7.2
Elle (2016)
" ငါ မုဒိန်းကျင်ခံလိုက်ရတယ် ဘာ... နင် ရဲကိုအကြောင်းကြားပြီးသွားပြီလား ဘာလို့  အကြောင်းကြားရမှာလဲ "ရုပ်ရှင်ဝေဖန်ရေးလောကမှာ လေးစားမှုအများ ဆုံးရယူထားနိုင်ခဲ့သောအနုပညာ ဖန်တီးမှုဒီဇာတ်ကား ရဲ့  အမျိုးအစားက Crime ၊ Drama Thriller ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိ ထားခဲ့ပြီးတော့ တစ်ကား ကြာချိန် ၁၃၀ မိနစ် ရှိပါတယ်။ IMDb Rating 7.2 ၊Rotten Tomatoes average rating 8/10 ၊ Metacritic 89/100 ရရှိထားပါတယ်။ ဘာလို့  ဒီလောက် Rating တွေမြင့်နေရတာလဲ ဆိုတာကိုဇာတ်ကားကြည့်ပြီးမှ ဝေဖန်လိုက်ပါ။ ဒီဇာတ်ကား က ပြင်သစ်စကားပြော ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားက Phillippe Djian ရဲ့  Oh ဆိုတယ့် ၀တ္တုကို ပြန်လည်ရိုက်ကူးထားတယ့် ကားပါ။ ဒီဝတ္တုက ၂၀၁၂ ခုနှစ်ကထွက်ရှိထားပြီး အမျိုးသားစာပေဆုကိုရရှိခဲ့တယ့် ၀တ္ထုပါ။ ၀တ္တု မှာကတည်းက အရှိန်အ၀ါကြီးခဲ့တာပါ။ ဒီဝတ္တု ကို ဒါရိုက်တာ Paul ...
movie
Elle (2016)
2016