Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Viraj Ashwin
7
Sriranga Neethulu (2024)
Sriranga Neethulu (2024) "ပြစ်ချက်မကင်းတဲ့ ပန်းများ"IMDb 9.0 အိန္ဒိယခေတ်သစ်လူ့အဖွဲ့အစည်းက လူငယ်တွေရဲ့ ဘဝနေထိုင်မှုကို တင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်ခေတ်နဲ့အမျှ လူ့အဖွဲ့အစည်း ဘယ်လောက်ပဲ တိုးတက်ပြောင်းလဲလာပါစေ လူတန်းစား/ကျားမ ခွဲခြားမှုတို့က ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး ဆင်းရဲမွဲတေမှု၊ လူငယ်တွေ အလုပ်လက်မဲ့ဖြစ်မှုတို့ကလည်း မကွယ်ပျောက်ဘဲ ရှိနေဦးမှာပါအက်ရှ်ဝါရီယာ ဆိုတဲ့ ကောင်မလေးဟာလည်း ဒီလိုပြဿနာတွေကို စင်ပေါ်တက်ဟောပြောဖို့ သတ္တိရှိပေမယ့် သူကိုယ်တိုင်ကျ လူတန်းစားမတူတဲ့ ရည်းစားကောင်လေးအကြောင်း မိဘကို ဖွင့်ပြောဖို့ကျ မဝံ့ရဲဘူးလေ ရှီဗာကတော့ အလုပ်လက်မဲ့ တေလေဂျပိုး ဖခင်ကို အရွဲ့တိုက်ပြီး မူးရူးနေရုံသာမက ဆေးခြောက်ပါ ကိုယ်တိုင်စိုက်လို့ ကွိုင်တက်ရတဲ့ လမ်းပျောက်လူငယ်တစ်ယောက် ...အောင်မြင်ကျော်ကြားဖို့ လူအာရုံစိုက်ခံရဖို့ကို ကိုယ့်အလုပ်ထက် အလေးပေးတဲ့ ခေတ်လူငယ်တွေရဲ့ လက်ရှိအခြေအနေတွေ အပါအဝင် မတူညီတဲ့ နောက်ခံအမျိုးမျိုးက ခေတ်လူငယ်တွေရဲ့ ဘဝပြဿနာအဖုံဖုံကို လက်တွေ့ကျကျ တင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 1.76GB / 778MB Quality…WEB DL 1080p / ...
movie
Sriranga Neethulu (2024)
2024
7.1
Jorugaa Husharugaa (2023)
Jorugaa Husharugaa (2023) "နှစ်ပွင့်ခွဲဆိုင်" ===================================စီအမ်ဖန်တွေအတွက် IMDb 7.7 ရ ပေါ့ပေါ့ပါးပါး တေလဂူးစကားပြော အချစ်ဟာသရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ဆန်တို့ဆိုတဲ့ ပရိုဂရမ်မာလေးဟာ အလုပ်မှာ ရာထူးတိုးချင်လို့ ဂေါ်မစွံ ဘော့စ်ဖြစ်သူကို စော်ရှာပေးဖို့ကြိုးစားရင်း ကပ်ဖားယပ်ဖားလုပ်နေရသူပါ။ သူ့မှာ နီတရာဆိုတဲ့ ခပ်ဟော့ဟော့ ချစ်သူကောင်မလေးလည်းရှိပြီး သူတို့နှစ်ဦးက သိပ်ကို ကဲကြတဲ့ချစ်သူတွေပေါ့။ဒီလိုနေ့ တနေ့မှာ ဆန်တို့ရဲ့ရုံးကို နီတရာက မပြောမဆိုအလုပ်ဝင်လာတဲ့အတွက် သူတို့ချင်း ချစ်သူတွေဖြစ်ကြောင်း ဖုံးကွယ်ထားရင်းကနေ ဆန်တို့ရဲ့ ဘော့စ်ဖြစ်သူ ဂေ ါ်မစွံက နီတရာကို သဘောကျလာတဲ့အခါမှာတော့...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2GB / 922MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Jorugaa Husharugaa (2023)
2023
6.2
Maya Petika (2023)
Mayapetika ( 2023) IMDb 7/10နေဟာ နေ့ဘက်မှာထွက်ပြီး လဟာညဘက်မှာထွက်ပါတယ် ဖုန်းတွေဈေးကွက်ထဲရောက်လာပြီးနောက် ဒီသဘောတရားကိုမေ့လျော့နေသူတွေကတော့ ဖုန်းကိုဆေးစွဲသလိုစွဲနေတဲ့ လူသားတွေပါပဲလူတစ်ယောက် ဘာလုပ်တယ် ဘာကိုင်တယ် ဘာစားတယ်ကအစ ဆိုရှယ်မီဒီယာမှာတင်နေကြတဲ့ ဒီကမ္ဘာကြီးက လမ်းကိုတည့်မတ်စွာလျှောက်ဖို့တောင် မေ့လျော့နေလေရဲ့လေ ကံကြမ္မာက လူသားတွေလက်ထဲမှာပဲရှိပေမဲ့ လူသားတွေလက်ထဲမှာ ဖုန်းတွေကနေရာယူနေကြပါပြီဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ ဖုန်းတစ်လုံးရဲ့ အတ္ထုပ္ပတ္တိကိုကြည့်ရှုရမှာပါ လူတစ်ယောက်ပြီးတစ်ယောက်ရဲ့လက်ထဲ ကူးပြောင်းနေတဲ့ဒီဖုန်းက ဖုန်းပိုင်ရှင်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ပါတယ် ပါယယ်ဆိုတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖုန်းကျကွဲသွားလို့ သူ့ပရိုဂျူဆာက နောက်ဆုံးပေါ် အမိုက်စားဖုန်းတစ်လုံးဝယ်ပေးလိုက်ပါတယ်နောက်ဆုံးပေါ်ဆိုတာနဲ့အညီ ကင်မရာကောင်းကောင်းလှတပတဒီဖုန်းရောက်လာပြီးနောက်မှာတော့ ပါယယ်နဲ့ သူ့ဘေးကလူတွေရဲ့ကံကြမ္မာ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲ ဘယ်လိုဖြစ်ရပ်တွေ တွေ့ကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V တို့ပဲဖြစ်ပါတယ် ) File size…2.6GB / 1.2GB Quality…1080p WEB DL /720p Format…mp4 Duration…2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V
movie
Maya Petika (2023)
2023
7.9
Baby (2023)
Baby (2023) IMDb-7.9/10 အခုတင်ဆက်ပေးမယ့် ရုံတင်ငွေကုဋေခုနစ်တယ်ထိ ရရှိအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးက တလေဂူးစကားပြော အိန္ဒိယအချစ်ဇာတ်လမ်းတစ်ပုဒ်။"တကယ်တော့ အချစ်ဆိုတာ သိစိတ်ရဲ့ခဏတာရူးသွပ်မှုနဲ့ မသိစိတ်ရဲ့စိတ်လိုလက်ရနိုင်တဲ့ထင်မြင်ချက်နှစ်ခု အေးစက်စွာခပ်မြူးမြူးတွေ့ဆုံတဲ့ တဒင်္ဂလေးပါပဲ။ချစ်သူနဲ့အတူ ချစ်ခဲ့တယ်ဆိုတဲ့ သက်တမ်းကလည်း အသေအချာစစ်ကြည့်ရင် အဲဒီတဒင်္ဂရဲ့ပြတ်တောက်မှုကို သတိမပြုမိဘဲ ဆက်ပြီးထင်ခဲ့မိတဲ့ မသိစိတ်ရဲ့လှည့်စားမှုတရပ်ပါ။ဒီတဒင်္ဂတွေက တခုနဲ့တခုပတ်သက်နေပေမဲ့လည်း တခုနဲ့တခု တာဝန်တော့မယူ။ခင်ဗျားတို့လက်ထဲမှာ ရှိနေတဲ့အဲဒီတဒင်္ဂလေး ပျက်စီးသွားတာနဲ့ ရှေ့မှာရှိခဲ့တဲ့ တဒင်္ဂများစွာတို့ကလည်း ပြိုလဲပျက်စီးသွားနိုင်တယ်။ဒါမှမဟုတ် ရပ်တန့်ငြိမ်သက်သွားတတ်ကြတယ်။ အချစ်ဆိုတာ တဒင်္ဂသာပိုင်ဆိုင်ရတတ်တဲ့ ခံစားမှုအစုအဝေးတခုပဲဖြစ်ပြီး တဒင်္ဂတည်းနဲ့ ဆုံးရှုံးသွားနိုင်တဲ့အရာလည်း ဖြစ်တယ်။"(ဒီစကားစုက ဆရာနီကိုရဲရဲ့ မကြည်ပြာနှင့်ချစ်ခြင်း၏နဂ္ဂတစ်များ၀တ္ထုထဲက စကားပြေကို စကားပြောနဲ့ပြန်ရေးပြထားတာပါ)ဒီဇာတ်လမ်းက သစ္စာမဲ့တာလား သစ္စာရှိနိုင်လွန်းတာပဲလား ကျွန်တော်လည်းမဝေခွဲတတ်။ ငယ်ငယ်ကတည်းက အိမ်နားနီးချင်းကောင်လေးနဲ့ကောင်မလေးတို့ ဆယ်တန်းကျောင်းသားဘ၀မှာ ချစ်သူတွေဖြစ်ခဲ့ပြီး ကောင်မလေးက ကောလိပ်ကိုသွားတက်တဲ့အချိန် တတိယတယောက်ပေါ်လာတဲ့အခါမှာတော့။ ချစ်ခြင်းတရားဆိုတာ ဝေးကွာနေတာပဲဖြစ်စေ အနီးဆုံးမှာပဲရှိနေပါစေ စိတ်ချင်းနီးပြီးချစ်တတ်သူတို့အဖို့ပါပဲ။ ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကိုကြည့်ပြီး ကြည့်ရှုသူအပေါင်းဘ၀အမောတွေတိုးလာကြပါစေလို့ဆန္ဒပြုရင်း တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်) File size…2.7GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe~BpL~V
movie
Baby (2023)
2023