Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vino G. Bastian
6.8
Buya Hamka Vol. 1 (2023)
Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie
Buya Hamka Vol. 1 (2023)
2023
7.0
Hamka & Siti Raham Vol. 2 (2023)
အပိုင်း ၁ တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံကျော်စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ခေါ်ကလောင်နာမည် ဟမ်ကာရဲ့ဘ၀ဇာတ်ကြောင်းအပိုင်း ၂ ဖြစ်တဲ့Hamka & Siti Raham ကိုတင်ဆက်ပေးလိုက်ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းပြီးအရမ်းကျယ်ပြန်လွန်းတဲ့အတွက် အပိုင်း ၂ အနေနဲ့ဆက်လက်ထွက်ရှိလာတာပဲဖြစ်ပါတယ်။အပိုင်း ၁ ကြည့်ပြီးသားသူတွေဆိုရင်တော့ များများစားစားနောက်ကြောင်းပြန်နေစရာမလိုပေမဲ့ အကျဉ်းချုပ်အနေနဲ့ကတော့ ဟမ်ကာဆိုတဲ့လူက ဂျာကာတာမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ သူ့နာမည်ကို ပေးထားရလောက်တဲ့အထိ လူအထင်ကြီးလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်သူ့သူရဲကောင်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပိုင်း ၂ ရဲ့ အစမှာတော့ ဟမ်ကာတစ်ယောက် ဘ၀အချိုးအကွေ့များစွာနဲ့ကြုံတွေ့လာရပြီးနောက် ၁၆၄၇ ခုနှစ်မှာဒတ်ချ်ကအင်ဒိုနီးရှားနိုင်ငံကိုကျူးကျော်လာတဲ့ အချိန်မှာတော့ ကလောင်ကိုင်တဲ့လက်က လက်နက်ကိုင်တဲ့တော်လှန်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံကိုကာကွယ်ဖို့ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာတော့ ငြိမ်းချမ်းရေးရသွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာသူတို့မိသားစုဂျာကာတာကို ပြောင်းရွှေ့ပြီးဘာသာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြောင်းတွေအပြင် အလ္လာကိုချစ်မြတ်နိုးပြီး အမှန်ကိုအမှန်အတိုင်းရေးသားတတ်တဲ့ စာပေသမားတစ်ယောက်ဖြစ်တဲ့အခါမှာ အခန့်မသင့်စွာနဲ့ပဲ ထောင်ကျသွားခဲ့ပြီး နှိပ်စက်မှုတွေခံခဲ့ရပုံတွေနဲ့ အလ္လာရဲ့ခွန်အားကိုတောင်းခံပြီး ရှေ့ဆက်တိုက်ခိုက်ရမဲ့တိုက်ပွဲပေါင်းများစွာကို ရဲရဲရင့်ရင့်တိုက်ခိုက်သွားပုံတွေကိုစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမဲ့ အတ္ထုပတ္တိဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File ...
movie
Hamka & Siti Raham Vol. 2 (2023)
7.2
Fireworks (2023)
Fireworks (2023)အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေ ဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။ သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက် ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ... ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။Genre..... Drama, Sci-fi, Thriller Quality…. 1080p | 720p File size… 984MB | 497MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Pyae Phyo Min Encoder ..... ...
movie
Fireworks (2023)
2023
6.5
Qodrat (2022)
Qodrat (2022)ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Qodrat (2022)
2022
6.6
Bayi Ajaib(2023)
Bayi Ajaib(2023)**************ကိုဆင်တစ်ယောက် မြစ်ထဲမှာ ရွေကျင်ရင်း ရွှေတုံးကြီးကြီးရပြီးနောက် သူဌေးဖြစ်သွားပါတယ်။ ငွေကြေးပြည့်စုံပြီဆိုတော့ ဇနီးဖြစ်သူလာရာနဲ့ ရွာမှာပဲအခြေချကာ ရွာကောင်းကျိုးပဲ သယ်ပိုးဖို့ကြံပါတော့တယ်။ ဇနီးသည်လေးကလည်း ကိုယ်လေးလက်ဝန် နေ့စေ့လစေ့မီးဖွားခါနီးကြီးပါ။ တစ်နေ့ ဇနီးသည်ဟာ မီးနေသည်ပြပြီးပြန်အလာ လမ်းမှာ ခွေးလိုက်ဆွဲတာနဲ့ ပြေးရင်းပြေးရင်း တောနက်ထဲရောက်မှန်းမသိရောက်သွားပါတယ်။ ရောက်သွားတဲ့နေရာမှာ လူတစ်ယောက်ရဲ့ အုတ်ဂူရှိနေပြီး အချိန်က လကြတ်ည။ လကြတ်ညမှာ ကလေးတွေနဲ့မိန်းမတွေ အပြင်မထွက်ရပါဘူး၊ နတ်ဆိုးဖမ်းစားတတ်လို့ပါ။ အခုတော့ ကိုယ်ဝန်ဆောင်တစ်ယောက် လကြတ်ည အုတ်ဂူတစ်ခုဘေးမှာ....။ ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလိုရိုက်ကွင်းရိုက်ကွက်၊သရုပ်ဆောင်မှုတွေလည်း ခပ်ပေါ့ပေါ့မဟုတ်တဲ့အတွက် Horror ကြိုက်သူများမြည်းစမ်းကြည့်သင့်ပါကြောင်း...File Size :(1.6GB) and (652MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Bayi Ajaib(2023)
Hitmen (2023)
Hitmen (2023)၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တဲ့ Hitmen ဆိုတဲ့ Action, Drama, Comedy ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ အက်ရှင်ကားကြိုက်သူတွေအနေနဲ့ လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နီနဲ့ ဖရန်ကီဟာ သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲဖက်ပြီးတော့ လုပ်ကြံရေးသမားများအဖြစ် လုပ်ကိုင်ကြတာပါ။ သူတို့နှစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ တော်သလို သောက်တလွဲတွေလည်း လုပ်တတ်ကြပါသေးတယ်။ဒါပေမယ့် မစ်ရှင်ကို ဘယ်လိုအခက်အခဲပဲရှိရှိ မစ်ရှင်ကို အောင်မြင်အောင်လုပ်ကြပါတယ်။ ဂျွန်နီကတော့ လုပ်ကြံရေးသမား ဘဝကို စိတ်ကုန်နေလို့ အနားယူပြီး ငါးခူမွေးမြူရေးလုပ်ဖို့အတွက် စိတ်ကူးယဉ်နေခဲ့ပါတယ်။ ဖရန်ကီလည်း ဂျွန်နီ အနားယူရင် သူလည်း အနားယူမယ်ဆိုပြီး လုပ်ပါတော့တယ်။ဒီလိုနဲ့ အနားမယူခင် နောက်ဆုံးအနေနဲ့ သူတို့ကို ပေးအပ်လာတဲ့ မစ်ရှင်သုံးခုကို လုပ်ဆောင်ဖို့ အကြောင်းဖန်လာချိန်မှာတော့.... သာမန် မြင်တွေ့နေကြ လုပ်ကြံရေးသမားတွေနဲ့ မတူဘဲ ဂျွန်နီနဲ့ ဖရန်ကီဟာ တကယ်ကို ရယ်ရတဲ့အတွဲပါ။ ကလိထိုးရယ်ရတဲ့ ဟာသမျိုးတွေမဟုတ်ဘဲ သူတို့ တလွဲလုပ်တာတွေကို ...
movie
Hitmen (2023)
2023
7.8
Miracle in Cell No. 7 (2022)
Miracle in Cell No.7 (2022)Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ ...
movie
Miracle in Cell No. 7 (2022)
2022
7.5
Perfect Strangers (2022)
Perfect Strangers(2022)လကြတ်ချိန်ဟာ နေနဲ့လတို့ကြားက တင်းမာမှု အပြင်းထန်ဆုံးအချိန်ဖြစ်ပြီး လူသားတွေကို စိတ်ကယောက်ကယက်ဖြစ်စေတယ်ဆိုပြီး အဆိုရှိပါတယ်။အဲဒီလို စိတ်ကယောက်ကယက်ဖြစ်စေတဲ့ လကြတ်ညတစ်ညမှာ မိတ်ဆွေသူငယ်ချင်း (၇) ယောက် ညစာအတူစားကြဖို့ စုမိကြပါတယ်။အန်ဒရီကိုနဲ့အီဗာတို့က သူတို့ရဲ့ အိမ်အသစ်ကြီးမှာ အိမ်တက်ပွဲအထိမ်းအမှတ်အနေနဲ့ ညစာဖိတ်ကျွေးတာပါ။ ညစာစားပွဲမှာ အိမ်ရှင် လင်မယားနဲ့အတူ ညားခါစ စုံတွဲ အန်ဂျာ့စ်နဲ့ကီရှာ၊ ကလေးနှစ်ယောက်ရနေပြီ ဖြစ်တဲ့ ဝစ်နူနဲ့အီမဲလ်ဒါ၊ ရည်စားရထားတာ မကြာသေးတဲ့ တိုမို ဆိုပြီး စုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။ပေါင်းလာတာ ကြာပြီဖြစ်တဲ့ အကြောင်းသိတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း အိမ်ကြီးရှင် အီဗာက ဂိမ်းတစ်ခု ကစားကြဖို့ ပြောလိုက်ရာကနေ ဇာတ်လမ်းက စ,ပါတယ်။သူပြောတဲ့ ဂိမ်းက ဖုန်းတွေအားလုံးကို စားပွဲပေါ်မှာ တင်ထားပြီး ဝင်လာသမျှ မက်ဆေ့ဂျ်တွေ၊ ဖုန်းကောလ်တွေ၊ အီးမေးလ်တွေကို အတူတူဝိုင်းဖတ်ကြဖို့ပါ။ဆော့ရင်လည်း မကောင်း၊ မဆော့ပြန်ရင်လဲ အထင်လွဲခံရမှာစိုးတာနဲ့ အဲဒီဂိမ်းကို ဆော့ကြရင်းကနေ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပြီး ပြဿနာတွေက သပွတ်အူလို ရှုပ်ထွေးကုန်ပါတော့တယ်။လူတွေရဲ့ လူသိမခံနိုင်တဲ့ ...
movie
Perfect Strangers (2022)
2022
7.2
Scandal Makers (2023)
Scandal Makers 2023 IMDb 7.4/10ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရပြီး စိတ်အပန်းပြေစေမယ့် အင်ဒိုဟာသဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။နာမည်ကြီး အနုပညာရှင်ဟောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ အော်စကာဟာ ရေဒီယိုအသံလွှင့်ရုံမှာ အလုပ်လုပ်ရင်း သူ့ရဲ့နာမည်ပြန်ရဖို့ ကြိုးစားနေရာကနေ တစ်နေ့မှာ သူ့ဆီကို အရှုပ်တော်ပုံတစ်ခုရောက်လာပါတော့တယ်။အထက်တန်းကျောင်းက အချစ်ဦးနဲ့ အချစ်နယ်ကျွံရာကနေ အဖတ်တင်လာခဲ့တဲ့ သမီးဖြစ်သူ ဟာ မြေးဖြစ်သူနဲ့ရောက်ရှိလာတဲ့အခါ အော်စကာတစ်ယောက် ဗျာများရပါတော့တယ်။ နာမည်ရဖို့ကြိုးစားနေရာကနေ ဒီလိုကိစ္စတွေကြုံလာရတဲ့အခါ အော်စကာတစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ဟာသလေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…1.42GB / 630MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry
movie
Scandal Makers (2023)
2023