Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vinnie Jones
5.0
Garfield: A Tail of Two Kitties (2006)
ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Garfield: A Tail of Two Kitties (2006)
2006
6.4
Mean Machine (2001)
"The Mean Machine" လို့ ဂုဏ်ထူးမှည့်ခေါ်ခံရတဲ့ အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဒန်နီမီဟန် အနေနဲ့ ဂျာမနီနဲ့ကစားတဲ့ပွဲတစ်ခုမှာ လုပ်ပွဲကစားခဲ့တာကြောင့် ဘောလုံး ကစားခြင်းကနေ တားမြစ်ထားခံရခဲ့ပါတယ်။တစ်ရက်မှာတော့ ဘားတစ်ခုကနေ အရက်သောက်ပြီးအပြန်မှာ လမ်းမှာ ကားမဆင်မခြင်မောင်းနှင်မှုကြောင့် ရဲများလိုက်လာပြီး အရက်သောက်ထားမထား စစ်ဆေးခြင်းကို ငြင်းဆိုပြီး ရဲအရာရှိနှစ်ယောက်ကို တိုက်ခိုက်မှုကြောင့် လောင်းမာ့ရှ်ထောင်မှာ ၃ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။သူ့ရဲ့ Celebrity Status ကြောင့်ပဲ ထောင်အစောင့်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ရောက်ပြီးမကြာခင်မှာပဲ အထုအထောင်းခံခဲ့ရပါတယ်။ ထောင်ဦးစီးအနေနဲ့လည်း ဒန်နီမီဟန်ကို ဒီ ၃ နှစ်မှာ လောင်းမာ့ရှ်ထောင်မှာပဲ ရှိနေအောင် ကြိုးစားခဲ့ပြီး သူတို့ရဲ့ ထောင်အစောင့် ဘောလုံးအသင်းကို နည်းပြဖို့ စည်းရုံးခဲ့ပါတယ်.။ ဒန်နီအနေနဲ့ ငြင်းဆန်ခဲ့ပြီး ထောင်သားတွေပါဝင်တဲ့အသင်းတစ်ခုကို လေ့ကျင့်သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒန်နီရဲ့ ထောင်တွင်းဘဝမှာ နိုင်ငံသစ္စာဖောက်အနေနဲ့ အခန်းဖော်တွေရဲ့ မကြိုဆိုမှု၊ နစ်နာဆုံးရှုံးသွားတဲ့ လောင်းကစားသမားတွေရဲ့ မျက်မုန်းကျိုးမှု တွေကြားကနေ သူ့ရဲ့အသင်းကို လူသစ်စည်းရုံးကာ တည်ထောင်ခဲ့ရပါတယ်။ နှစ်ကြီးသမားတစ်ယောက်ဖြစ်တဲ့ ဒေါ့နဲ့ တွေ့ဆုံအပြီးမှာတော့ ဆပ်ပြာတုံး လွတ်မကျဖို့ကနေစပြီး ...
movie
Mean Machine (2001)
6.5
Swordfish (2001)
Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် " ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie
Swordfish (2001)
2001
7.0
The Magnificent Seven (2016)
IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie
The Magnificent Seven (2016)
4K HEVC
Rise of the Footsoldier: Origins (2021)
စစ်သားတိုနီတပ်ခ်ကာတစ်ယောက်ဖော့ကလန်စစ်ပွဲမှပြန်လာပြီးတဲ့နောက်သူရဲ့တိုက်ရည်ခိုက်ရည်နဲ့ ခေါင်းမာတဲ့လုပ်ရပ်တွေကြောင့်ကလပ်ရဲ့တံခါးမှုးအဖြစ်နဲ့ နာမည်ကြီးလာခဲ့ပါတယ်။ကလပ်စီးပွားရေးရဲ့လက်ခွဲဖြစ်တဲ့မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတာတွေမှာပါပါဝင်လာခဲ့ပြီး ကလပ်လောကမှာနာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတော့တယ်။နောက်ပိုင်းမှာ လူဆိုးဂိုဏ်းတွေနဲ့ပေါင်းစပ်မိပြီးတဲ့နောက်ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ပဲ အခြေအနေတွေပိုဆိုးလာပြီတဲ့နောက်သူတို့ပညာပြခဲ့တဲ့ကောင်ကသူ့ကိုဘယ်လိုဆွဲချမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။၂၀၂၁မှာထုတ်လွှင့်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီးAction, Crime အမျိုးအစားဖြစ်ပါတယ်။ File size… 1.56 GB / 721 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Charm
movie
Rise of the Footsoldier: Origins (2021)
2021
8.2
Lock, Stock and Two Smoking Barrels(1998)
Lock, Stock and Two Smoking Barrels (1998)===================================IMDB - 8.2 Rotten tomatoes - 75% Metascore - 66% ဒီတစ်ခါတင်ဆက်ပေးမှာကတော့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့Guy Richie ရဲ့ဟာသအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။R-rated ဖြစ်တာမလို့ သွေးထွက်သံယိုတွေ၊ ကြမ်းတမ်းတဲ့စကားတွေပါပြီးdark comedy ကားမျိုးဖြစ်တာမလို့ ဒီလိုဇာတ်ကားမျိုးတွေကိုကြည့်ရှုချင်နေတဲ့သူတွေအတွက်တော့ လုံးဝကို Old but Gold ပါပဲခင်ဗျ။ဇာတ်လမ်းအကျဉ်းကတော့ မြို့ထဲကရာဇဝတ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးနဲ့အတူဖဲဆော့ရင်း တင်သွားတဲ့ ဖဲကြွေး ပေါင် ၅သိန်းကို (၇)ရက်အတွင်း ပေးရမဲ့Eddy, Tom, Bacon, Soap ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ဒီလေးယောက်က အကြွေးပြန်ဆပ်ဖို့အတွက် ပိုက်ဆံရှာနိုင်မဲ့အလွယ်နည်းလမ်းကိုလိုက်ရှာရင်း သူတို့ဘေးအခန်းထဲမှာ နေရာတနေရာကို ဓါးပြတိုက်ဖို့လုပ်နေတဲ့Dog တို့ရဲ့လူမိုက်အဖွဲ့က ပြောနေတာကို နားထောင်မိပြီး သူခိုးလက်ကသူဝှက်လု လုပ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒီလိုနဲ့ ဘယ်လိုတွေရှုပ်ပြီးဘယ်လိုတွေရုပ်တည်ကြီးနဲ့ လွဲကြမလဲ၊ ဘယ်လိုအရှုပ်ထုတ်တွေထဲကိုဝင်ပါမိကြမလဲ၊နောက်ဆုံးမှာရော သူတို့ရဲ့အကြွေးကိုပြန်ဆပ်နိုင်မှာလားဆိုတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ File size…2.44GB / 774MB Quality…Blu-Ray ...
movie
Lock, Stock and Two Smoking Barrels(1998)
6.0
The Condemned (2007)
The Condemned (2007)====================== ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀)ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက်လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင်သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန်သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ...အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က(Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည်ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာအတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီးပေးလိုက်တဲ့အခါ….မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာအယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့…..နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်.WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ်Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်... File size…1.89GB / 800MB Quality…Blu-Ray 1080p 5.1CH/ ...
movie
The Condemned (2007)
4.6
Bullet Proof (2022)
Bullet Proof (2022)တမ်ပယ်လ်ဆိုတာ နယ်တစ်ခွင်မှာ အဆိုးတကာ့ထိပ်ခေါင် မူးယစ်ရာဇာကြီးတစ်ယောက်ပေါ့ အဲဒီမူးယစ်ရာဇာကြီးရဲ့ လျှို့ဝှက်နေရာထဲကိုမှ ၀င်ပြီး သူခိုးတစ်ယောက်ဟာ ခေါင်းတုံးပေါ် ထိပ်ကွက်လို့ တမ်ပယ်လ်ရဲ့ ပိုက်ဆံတွေ အချီကြီး မပြီး ကားနဲ့ လစ်သွားလေရဲ့ လမ်းခုလတ်မှာတော့ တမ်ပယ်လ်ရဲ့ ကိုယ်၀န်သည်ဇနီး မီယာက ကားထဲမှာ ပါလာတာကို သူခိုးငတိ သိလိုက်ရတော့တယ် ဒါပေမယ့် သူ့အကြောင်းတွေကို ကားထဲကနေ အကုန်ကြားထားတဲ့ မီယာကြောင့် သူဟာ မီယာ့ကို ချန်ထားခဲ့လို့ မရဘဲ ငွေတစ်ထုပ် ကိုယ်၀န်သည်တစ်ယောက်နဲ့ သူခိုးတစ်ကောင် ကားတစ်စီးနဲ့ တစ်စခန်းသွားရပါတော့တယ် တစ်ဖက်မှာ တမ်ပယ်လ်တို့ အုပ်စုကလည်း သူ့ကိုတစ်ပတ်ရိုက်သွားခဲ့တဲ့ သူခိုးကောင်နဲ့ မီယာတို့ကို အပူတပြင်းလိုက်ရှာနေရင်း လိုက်တမ်းပြေးတမ်း ဇာတ်ထုပ်ကြီးကို action ခန်းကောင်းကောငးလေးတွေနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p | 480p File size…1.4GB | 777MB | 301MB Format… ...
movie
Bullet Proof (2022)
2022
6.0
The Midnight Meat Train (2008)
IMDb Rating (6.0) / Rotten Tomatoes (73%)ဘရတ်ဒလေကူးပါးပါဝင်တဲ့ Horror/Thriller အမျိုးအစား ခြောက်ခြားစရာဇာတ်ကားပါ....လီယွန်ဟာကြိုးစားရုန်းကန်နေဆဲလူငယ်ဓာတ်ပုံဆရာတစ်ယောက်၊ သူ့ချစ်သူကောင်မလေးရဲ့ သူငယ်ချင်းမိတ်ဆက်ပေးမှုနဲ့ နာမည်ကြီးပန်းချီပြခန်းပိုင်ရှင်တစ်ဦးနဲ့တွေ့ဆုံရာကနေ သူ့အတွက်ကြိုးစားရင် ရလာမယ့်အခွင့်အရေးကိုမြင်တဲ့အလျောက်ညဘက်ဓာတ်ပုံရိုက်ပြီးကုန်ကြမ်းရှာထွက်ပါတယ်။သူ့ရဲ့ပွဲဦးထွက်ပြပွဲအတွက်လူတွေရဲ့အမှောင်ဘက်ခြမ်းကိုပြဖို့ကြိုးစားရင်း မဟော်ဂနီဆိုတဲ့လူတစ်ယောက်ကို တွေ့ခဲ့ပါတယ်။ အဲ့ဒီလူဟာ စိတ္တဇလူသတ်သမားတစ်ယောက်၊ ညနက်သန်းခေါင်လူခြေပြတ်လတ်တဲ့ရထားတွေပေါ်မှာ ကျက်စားတတ်ပြီး၊ အဲ့ဒီမှာပါလာတတ်တဲ့ ခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့သူဖြစ်ပါတယ်။ဘာကြောင့်မှန်းမသိ မဟော်ဂနီကို စိတ်ဝင်စားလို့ Subject တစ်ခုလိုသဘောထားရာကနေ လီယွန်တစ်ယောက် မှောင်သထက်နက်ရှိုင်းလှတဲ့ လောကတစ်ခု၊ သူနားလည်ဖို့ စဉ်းစားဖို့ ဉာဏ်မမှီတဲ့ အရာတွေဆီ နီးသထက်နီးလာပြီး သူ့ချစ်သူ၊ ရည်မှန်းချက် ပတ်ဝန်းကျင်စတာတွေနဲ့ ဝေးသထက်ဝေးလာပါတော့တယ်။လီယွန်တစ်ယောက် အချိန်မှီလွတ်မြောက်နိုင်ပါ့မလား? သူ့ချစ်သူ သူငယ်ချင်းတွေက သူ့ကိုကယ်တင်နိုင်မှာလား။ သူစိတ်ဝင်စားတဲ့ မဟော်ဂနီရဲ့ နောက်ခံဇာတ်ကြောင်းက ဘာတွေဖြစ်မလဲ? စုန်းစမြုပ်စပျောက်သွားခဲ့တဲ့ လူပေါင်းများစွာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ဌာနတွေ ဘာလုပ်နေခဲ့လဲ စတဲ့မေးခွန်းတွေကို ဒီဇာတ်ကားမှာ အဖြေရှာကြည့်ကြစေချင်ပါတယ်။Lion Gate logo ကြီးကိုမြင်လိုက်ရတာနဲ့ ဒီကားကောင်းမှာပဲလို့ခံစားရတဲ့ခေတ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါ။ အဲ့ဒီတုန်းက ကြည့်ဖူးတဲ့သူတွေရှိကြမှာဖြစ်သလို အတော်လဲပေါက်ခဲ့တဲ့ကားတစ်ကားဖြစ်ပါတယ်။ သတ်ခန်းဖြတ်ခန်းတွေ ရေလည်ကြမ်းတမ်းပက်စက်ပြီး၊ ဘူတာရုံတွေ ရထားတွေကို ညနက်သန်းခေါင်မသွားရဲဖြစ်လောက်အောင် စိတ်ခြောက်ခြားမှုပေးနိုင်တဲ့၊ အာရုံထဲမှာ အတော်ကြာကြာစွဲနေမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB ) / (999 ...
movie
The Midnight Meat Train (2008)
6.3
She’s the Man (2006)
ဒီဇာတ်ကားကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်...ကျွန်တော်ကြည့်ဖူးသမျှ Teen Comedy ဇာတ်ကားတွေထဲမှာတော့ အတော်လေးအကြိုက်ပိုမိတဲ့ဇာတ်ကားပါ..ဆယ်ကျော်သက်တွေရဲ့ ခံယူချက် ယုံကြည်ချက်တွေကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ပုံဖော်ထားနိုင်ပြီး ဟာသလေးတွေဖန်တီးထားတာလဲ ထိမိပါတယ်...လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်အူမြူးစွာ ကြည့်ရှုခံစားရမှာပါ..။ File size…(2.3 GB) and (1.2 GB) Quality….HDTV Rip 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thet Naing(MAI)
movie
She’s the Man (2006)
1080p Untouched
6.6
[18+] Euro Trip (2004)
IMDb Rating (6.6) ရရှိတဲ့အထိ အားပေးမှုရရှိထားတဲ့ လူငယ်ဟာသဇာတ်ကားလေးပါ။..Comedy ဇာတ်ကားတွေက Rating မြင့်ရရှိဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ လူကြိုက်များခဲ့ပါတယ်..တကယ်လည်း ရယ်ရတဲ့ဇာတ်ကားဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလိုစိတ်နဲ့ ရိုးသားပွင့်လင်းမှုတွေကို ဝေဝေဆာဆာနှစ်ခြိုက်ရမှာပါ။သရုပ်ဆောင်တွေပီပြင်ကြတာမို့ လူငယ်ဘဝကိုတောင် ပြန်အမှတ်ရသွားနိုင်ပါတယ်။သင့်ရဲ့စိတ်ညစ်ညူးပျင်းရိနေတဲ့အချိန်တွေကို ကုစားဖို့ ဒီလို အချစ်ဟာသဇာတ်ကားလေးတွေက ကူညီနိုင်တာမို့လုံးဝကြည့်သင့်ပါတယ်။(Unrated Version နဲ့ တင်ဆက်ထားတာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။)မိုးစက်-ရမ်းသမ်းဘာသာပြန်မှ တင်ဆက်ထားတာပါ။ File size…(2 GB) and (1 GB) Quality….Unrated Web-DL Rip 1080p and 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by မိုးစက်
movie
[18+] Euro Trip (2004)
1080p Untouched
5.4
The Gandhi Murder (2019)
The Gandhi Murder (2019)====================IMDb Rating - 5.4/10၂၀၁၉ ခုနစ်ထွက် Historical/ Political ဇာတ်ကာဒချစ်သူတွေအတွက် A Must Watch ဇာတ်ကားတစ်ကားဖြစ်ပါတယ်....ကိုယ်နှုတ်နှလုံးသုံးပါးစလုံး ထပ်တူကျနေရင် ဒါဟာပျော်ရွှင်မှုပဲ အားနည်းတဲ့သူတွေဟာ ခွင့်မလွှတ်နိုင်ကြဘူး ခွင့်လွှတ်ခြင်းဆိုတာသန်မာတဲ့လူတွေပဲ ပိုင်ဆိုင်တဲ့အရည်အချင်းတစ်ခုဖြစ်တယ်လို့ မဟတ္တမဂန်ဒီက မိန့်ဆိုခဲ့ဖူးပါတယ်။အကြမ်းမဖက်ရေးလမ်းစဉ်သမား မေတ္တာရှင်ကြီး မဟတ္တမဟာ ၁၉၄၈ ခုနစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နယူးဒေလီမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားဟာ ဂန္ဒီရဲ့အမြင်ကိုရိုက်ကူးထားတာမဟုတ်ပဲ လက်တွေ့ဘဝမှာရှိခဲ့တဲ့ ရဲအရာရှိသုံးယောက်ရဲ့အမြင်ကို ဝိရောဓိဆန်ဆန် မှီငြမ်းရိုက်ကူးထားတာဖြစ်ကြောင်း သတိချပ်စေချင်ပါတယ်။ အခြေတည်ထားတာက ဂန္ဒီလုပ်ကြံမခံရမီ အိန္ဒိနိုင်ငံ ပူပူနွေးနွေး လွတ်လပ်ရေးရပြီးကာစ ကာလမှာဖြစ်ပါတယ်...ပြည်တွင်းစစ်ဖြစ်လာတော့မှာ ကျိန်းသေသလောက်ဖြစ်နေပြီး အမျိုးဘာသာဂိုဏ်းကွဲ အစွန်းရောက်တွေကြောင့် နိုင်ငံဟာချောက်ထဲကျလုကျခင်အခြေအနေဖြစ်နေပါတယ်....ပါကစ္စတန်က ငွေကြေးထောက်ပံ့ဖို့ ကို ပယ်ချခံရတဲ့ကိစ္စအတွက် ဂန္ဒီဟာ အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် ဟိန္ဒူပါတီဝင်တွေကမကျေမနပ်ဖြစ်ပြီး လုပ်ကြံဖို့ကြံစည်နေကြပါတယ်....အဲဒါကို ဘုံဘေရဲတပ်ဖွဲ့ဝင် ဒီစီပီဂျင်မီနဲ့ ဒီအိုင်ဂျီရေနာတို့က ကြိုတင်သတင်းရထားခဲ့ပေမယ့် သူတို့ရဲ့ ...
movie
The Gandhi Murder (2019)
2019
7.1
Kill the Irishman (2011)
movie
Kill the Irishman (2011)
2011
7.3
The Big Ugly (2020)
မိတ်ဆွေအရင်းတွေဖြစ်တဲ့ရေနံလုပ်ငန်းရှင် ပရစ်စတွန်နဲ့ ဟာရစ်က အနောက်ဗာဂျီးနီးယားကိုအလုပ်ကိစ္စနဲ့လာခဲ့ကြတယ်။ တစ်ရက်မှာ ပရစ်စတွန်ရဲ့သား ကြောင့် ဟာရစ်ရဲ့အားအကိုးရဆုံးအလုပ်သမား နီးလင်းရဲ့ ရည်းစားကောင်မလေး သေသွားခဲ့တယ်။ ဒီကိစ္စကိုနှစ်ဖက်လုံးကသိသွားတဲ့အခါ မိတ်ဆွေနှစ်ယောက်ရဲ့ရင်းနှီးမှုပျက်စီးသွားမှာလား။ နီးလင်းကရော သူ့ကောင်မလေးကို သတ်တဲ့သူကိုလိုက်ရှာပြီးဘယ်လိုပြန်ကလဲ့စားချေမှာလဲ။ ၂၀၂၀ မှာထွက်ရှိထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးမို့ ဆက်ဆက်ကြည့်လိုက်ကြပါဦး File Size - 1.1 gb Quality - web-dl 1080p Subtitle - Burmese Translator - Floria Encoder - Thit San Khant
movie
The Big Ugly (2020)
2020
6.7
X-Men: The Last Stand (2006)
When a cure is found to treat mutations, lines are drawn amongst the X-Men and The Brotherhood, a band of powerful mutants organized under File size- (1 GB in Openload and Stream) Quality…Extended Blu-Ray Rip 1080p 5.1 Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Chi
movie
X-Men: The Last Stand (2006)
2006
8.3
Snatch(2000)
Snatch(2000)IMDb....8.3,,,,Rotten....73%Snatch ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Guy Ritchie အကြောင်းကိုပြောရမယ်ထင်တယ်... ဒီဘိုးတော်ကြီးက အောင်မြင်မှုရနိုင်ခြေနည်းတဲ့ King Arthur လိုကားမျိုးကိုတောင် ရင်ထဲစွဲကျန်နေအောင်ရိုက်နိုင်တဲ့အပြင် အခုလည်း လက်ရှိ မူလကျောရိုးအတိုင်းရိုက်ပေမယ့် အောင်မြင်မှုရနေတဲ့ Aladdin ရုပ်ရှင်ကားတို့ရဲ့ ဒါရိုက်တာဖြစ်တယ်....ပြောရရင်အထက်ပါ ၂ကားဟာ ပရိတ်သတ်ရင်ထဲကို ပုံရိပ်ဟောင်းပေါင်းများစွာလွှမ်းမိုးမှုရှိပေမယ့် သူကတော့ သစ်လွင်သောခမ်းနားခြင်း ရသတွေနဲ့ဖမ်းစားနိုင်ခဲ့လေရဲ့... ဒီ Snatch ကားကလည်း ့ စိန်တုံးကြီးတစ်တုံးကအခြေ တည်ပြီး လက်ဝှေ့ပွဲစီစဉ်သူရယ် အူကြောင်ကြားဓားပြတစ်ဖွဲ့ရယ် ဂျူးကျောက်မျက်ကုန်သ ည်ရယ် လက်နက်မှောင်ခိုသမားရယ် လူမိုက်ဂိုဏ်းခေါင်းဆောင်ရယ်တို့ရဲ့ကြား က စိန်တုံးကိုလိုက်ရင်း လူ့သဘော လူမနောတွေကို ဟာသတွေနှောရင်း အလှပဆုံးပုံဖော်ထားလို့ UK 2001 ရဲ့ ဒါရိုက်တာ Empire Award ဆုကိုရရှိခဲ့တယ်... Bratt Pitt ကြီးကတော့ အကောင်းဆုံးဇာတ်ပို့ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး အခြားဆု(၄)ဆုလည်း ရရှိခဲ့တယ်....ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....File Size : (950MB) and (390 MB) Quality : Blu-Ray 720p Format…mp4 Duration…01:42:00 Genre : Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Snatch(2000)
2000
6.8
Madagascar 3: Europe’s Most Wanted (2012)
Madagascar 3: Europe's Most Wanted (2012) IMDb - 6.8/10_____Rotten - 79% ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့Animation ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်။Madagascar လို့ပြောလိုက်တာနဲ့ တလွဲတွေလုပ် ဟာသတွေဖြစ်နေတတ်တဲ့ ခြင်္သေ့ကြီး Alex နဲ့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့မြင်းကျား Marty သစ်ကုလားအုတ် Melman နဲ့ ရေမြင်းမကြီး Gloria တို့ကိုပြေးမြင်မိကြဦးမှာပါဒီနောက်ဆုံးထွက် Europe's Most Wanted မှာဆိုရင် Alex နဲ့သူ့သူငယ်ချင်းတွေဟာသူတို့ရဲ့အိမ်ဖြစ်တဲ့ New York's Central Park Zoo ကိုပြန်ဖို့ကြိုးစားနေကြတုန်းပါဒါပေမဲ့ Monte Carlo ကာစီနိုမှာဘဏ်ဖောက်ဖို့ကြိုးစားနေတဲ့ ပင်ဂွင်းနဲ့မျောက်တွေကို သွားခေါ်ရဖို့အကြောင်းဖန်လာပါတယ်အဲ့လိုနဲ့ ပြင်သစ်ကတိရစ္ဆာန်ထိန်းချုပ်ရေးအရာရှိမကြီး Dubois နဲ့တိုးတဲ့အခါမှာ Alex တို့မမျှော်လင့်တဲ့အခြေအနေတွေနဲ့ကြုံရပြန်ပါတယ်Alex တို့သူတို့ရဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား Dubois ကြီးကရော ဘယ်လိုတွေတားဆီးမလဲဆိုတာ အရှေ့က Madagascar 1 & ...
movie
Madagascar 3: Europe’s Most Wanted (2012)
2012
5.9
Gridlocked(2015)
Gridlocked (2015 ) ဇာတ်လမ်းဟာဆိုရင်5.9/10 rating သာရှိပေမယ့်ကြည့်ကောင်းတဲ့ အက်ရှင်အမျိုးအစားထဲမှာပါပါတယ်... ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ မင်းသား ဘရောက်ဒီဝေါ်ကာဟာတခြားသရုပ်ဆောင်တွေနဲ့ တော်တော်ကွဲပြားနေတဲ့ စရိုက်ပေါင်းများစွာရှိပါတယ်.. အထူးသဖြင့် မောက်မာပြီး ကြမ်းကြမ်းတမ်းတမ်းရှိတဲ့စရိုက်ပေါ့ဒီလိုစရိုက်မျိုးရှိတဲ့မင်းသားအဖို့ အမှုတွေခဏ ခဏရင်ဆိုင်ရ ဒဏ်တွေခဏ ခဏ ပေးခံရတယ်...ဒီလိုခပ်ဆိုးဆိုးသရုပ်ဆောင်မင်းသားတစ်ယောက်ကို စောင့်ကြည့်ဖို့အတွက ်အထူးတပ်ဖွဲ့ခေါင်းဆောင် ဟန်းဒရစ်လက်ထဲအပ်ခဲ့ပါတယ်.... ရဲလက်အပ်ပြီး စောင့်ကြည့်ဖို့ကို သဘောတူခဲ့တဲ့မင်းသားဟာ ရဲလေ့ကျင့်ရေးသင်တန်းကို သွားခဲ့ပါတယ်...သူတို့ရောက်သွားတဲ့အချိန်မှာ သွေးပျက်လောက်စရာဖြစ်ရပ်နဲ့ကြုံလိုက်ရတယ်..အဲ့ဒါက လေ့ကျင့်ရေးကျောင်းကြီးကို အကြမ်းဖက်တိုက်ခိုက်တာပါပဲ...အထူးတပ်ဖွဲ့ခေါင်းဆောင် ဟန်းဒရစ်တစ်ယောက် အကြမ်းဖက်အဖွဲ့ကိုဘယ်လိုဦးဆောင်ရင်ဆိုင်မလဲ..ရဲသင်တန်းကျောင်းကိုမှ ဘာဖြစ်လို့လာတိုက်ခိုက်တာလဲ.....အမိုက်စားဖိုက်တင်ခန်းတွေ၊ဖောက်ခွဲမှုတွေ၊ဇာတ်အိမ်ကောင်းကောငး်လေးမှကြည့်ချင်တဲ့သူတွေအတွက်ကြည့်သင့်ပါတယ်လိုပြောပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Band of brothers စီးရီးမှာ ဘာသာပြန်ရင်းနာမည်ရခဲ့သူ ကိုမြန်မာကြီး(ခေါ်) ကိုအောင်အောင်ဦးပဲဖြစ်ပါတယ်....File Size : (8000 MB) and (313 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Aung Aung Oo Encoded by Phyo Pyae
movie
Gridlocked(2015)
2015
6.5
Gone in Sixty Seconds (2000)
ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းနေတဲ့သူတစ်ယောက်......သူ့ဘ၀ဟာ စိုးရိမ်ထိတ်လန့်စရာတွေမရှိဘူး....သာမန်လူတွေလိုပဲနေရတာကိုသူနှစ်ခြိုက်မိနေတယ်...ဒါပေမယ့် သူ့ကျေနပ်နေတဲ့ဘ၀ကို လက်လွှတ်လိုက်ရဖို့အကြောင်းဖန်လာတယ်...အဲ့ဒါကတော့ သူ့ရဲ့ညီဟာ တကယ့်လူဆိုးဂိုဏ်းအဖွဲ့နဲ့ငွေရေးကြေးရေးအရှုတ်တစ်ခုလုပ်မိတာပါပဲ...အစ်ကိုတစ်ယောက်အနေနဲ့ မိသားစုအရေးဆိုတော့မျက်ကွယ်ပြုလို့မရတော့ဘူး...သူ့ရဲ့ညီရဲ့အရှုတ်တွေကိုကူညီဖြေရှင်းပေးရတော့တယ်တကယ်တော့သူဟာ သိပ်တော်တဲ့ကားခိုးသမားတစ်ယောက်..ကောင်းမွန်တဲ့အစီအစဉ်တွေ...ထိရောက်တဲ့ဖြတ်ထိုးဥာဏ်တွေ သွေးအေးအေးနဲ့လုပ်တတ်တဲ့ကားခိုးသမား....သူ့ညီရဲ့အသက်အန္တရယ်ကိုကာကွယ်ပေးဖို့ကလည်း ကားခိုးပေးရမှာဆိုတော့ သူစတင်အစဉ်ဆွဲရပါတော့တယ်....ခိုးရမယ့်ကားတွေကလည်း တန်ဘိုးမြင့်နာမည်ကြီးကားတွေပါပဲ...သူဟာ ဥပဒေဘောင်အတွင်းကလည်းလုပ်ချင် လုပ်ရမယ့်အလုပ်ကလည်း ဥပဒေပြင်ပ...သူ့အဖွဲ့တွေကလည်း တကွဲတပြားသူရင်ဆိုင်နေရတာလည်း တကယ့်လူဆိုးဂိုဏ်း.သူဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုတော့..ကိုင်းပြိတ်သတ်ကြီးရေခံစားကြည့်လိုက်ပါဦး File Size : (950 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 58min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p Blu-Ray x264 SPARKS Subtitle by Wai Linn Kyaw Encoded by Thanhtike Zaw
movie
2000
5.1
Company of Heroes (2013)
movie
Company of Heroes (2013)
2013