Channel Myanmar

Ving Rhames

The Instigators (2024) 6.5
The Instigators (2024)  ဖျော်ဖြေမှုကောင်းကောင်းပေးမဲ့ သည်းထိပ်ရင်ဖို ဟာသအက်ရှင်ကားပါ။ ဒါရိုက်တာက Edge of Tomorrowလက်ရာရှင် Doug Liman ဖြစ်ပြီး အော်စကာဆုရှင်နှစ်ယောက်ဖြစ်တဲ့ မက်ဒေမွန် နဲ့ ကေစီ အက်ဖလက်တို့ ပါဝင်ထားပါတယ်။Good Will Hunting ကတည်းက အတွဲညီခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် မက်ဒေမွန် နဲ့ ဘန်အက်ဖလက်တို့ အတူ ထုတ်လုပ်ထားတာပါ။ ဇာတ်ညွှန်းကလည်း ကေစီအက်ဖလက်လက်ရာပါပဲ။ ဇာတ်လမ်းအကျဉ်း****************မြို့တော်ဝန် ရွေးကောက်ပွဲ အပြီးမှာ မြို့တော်ဝန်ရဲ့ ပါတီကိုရောက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ ငွေသားတွေကို ဓားပြတိုက်ဖို့လူနှစ်ယောက်ကို အလုပ်အပ်လိုက်မိတယ်။ အဲဒီနှစ်ယောက်မှာတစ်ယောက်က မရိန်းတပ်ထွက်၊ ကိုယ့်ကိုယ်ကိုယ် လက်စတုံးချင်စိတ်ပေါက်နေလို့ စိတ်ကုထုံး ပြနေရတဲ့လူ၊ နောက်တစ်ယောက်ကထောင်ထွက် တစ်ခန်းလွတ်ပါ။ အခြားလုပ်ရဲမဲ့သူလည်း ရှာမရလို့ဂေါက်သီးနှစ်ယောက်ကို အလုပ်အပ်လိုက်မိတာ တလွဲတွေတန်းစီဖြစ်ကုန်ပုံကို ပြထားတာပါ။ ရဲတွေ တစ်အုပ်ကြီးနောက်ကလိုက်နေရင်း၊ မြို့တော်ဝန်ဘက်က လူတွေလည်း လိုက်တာခံရရင်တလွဲတွေ ဆက်တိုက်လုပ်သွားပုံကို ကြည့်ပြီး ခွီရမှာပါ။ကြည့်လိုက်ကြပါဦး။ File size…5.03GB / 2.12GB ...
movie

The Instigators (2024)

4K HEVC
Casualties of War (1989) 7.1
Casualties of War (1989)  ဗီယက်နမ်စစ်ပွဲကာလမှာ ဆာဂျင်မဆာ့ဗ်ဦးဆောင်တဲ့ ကင်းထောက်တပ်ဖွဲ့ ၅ယောက်က ခရီးရှည် ကင်းထောက်ရဖို့ တာဝန်ကျလာပါတော့တယ်။ ဒါပေမဲ့ နောက်နေ့မနက် ကင်းထောက်ခရီးမထွက်ခင် အနီးနားရွာတစ်ရွာက ဗီယက်နမ်မိန်းကလေးတစ်‌ယောက်ကို အတင်းအဓမ္မဖမ်းဆီပြီးသူတို့နဲ့အတူခေါ်သွားပါတယ်။ဒီလုပ်ရပ်ကို မကြိုက်သူကတော့ တပ်သားအယ်ရစ်ဆင်ပါ။ ဒီလိုနဲ့ ဆာဂျင်မဆာ့ဗ်က မိန်းကလေးကို ကိုယ်လက်နှီးနှောဖို့ အယ်ရစ်ဆင်ကို‌ချော့တလှည့် ခြောက်တစ်လှည့် ဖျောင်းဖျပေမဲ့လည်း အယ်ရစ်ဆင်က အပြတ်အသတ်ငြင်းတဲ့အတွက် ခြိမ်းခြောက်ကာ ကင်းစောင့်ဖို့တာဝန်ပေးပြီး ကျန်လေးယောက်က အဲဒီမိန်းကလေးကို အဓမ္မကျင့်ခဲ့ပါတယ်။နောက်တစ်နေ့ အခါအခွင့်ကြုံတဲ့အချိန် အယ်ရစ်ဆင်က ဖျားနာနေတဲ့ အဲဒီမိန်းကလေးကို ကယ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အယ်ရစ်ဆင် ဒီမိန်းကလေးကို ကယ်နိုင်မလား၊ ဒီလိုမတရားကျင့်တဲ့ တပ်သားတွေကရော ပြစ်ဒဏ်ခံစားရမလားဆိုတာ ဆက်လက်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ File size…(1.8 GB)/(980 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie

Casualties of War (1989)

The Garfield Movie (2024)
The Garfield Movie (2024) လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ်ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး...ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ်(အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(5.2 GB)/(2 GB)/(1 GB) Quality….Webrip 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:41:00 Genre... Science Fiction, Comedy, ...
movie

The Garfield Movie (2024)

4K HEVC
Pulp Fiction (1994) 8.9
Pulp Fiction (1994) Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino  ဖြစ်ပါတယ်... Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်... အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ...
movie

Pulp Fiction (1994)

1994
4K HEVC
Bound by Honor (aka) Blood In, Blood Out (1993) 7.9
Bound by Honor (aka) Blood In, Blood Out (1993)  ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်​ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Bound by Honor (aka) Blood In, Blood Out (1993)

Piranha 3DD (2012)
Piranha 3DD (2012) ၂၀၁၀ မှာ ထွက်ရှိထားတဲ့ Piranha ကားအပြီးမှာတော့ Sequel အနေနဲ့နောက်တစ်ကားထွက်ရှိလို့လာပါပြီ။ အရင်ကားမှာ အသားစားငါးတွေ စထွက်လာခဲ့တဲ့ဗစ်တိုးရီးယားရေကန်ကြီးကတော့ စွန့်ပစ်ရေကန်ကြီးအဖြစ်ပိတ်ထားလိုက်ပါပြီ။ အရင်ကားနဲ့မတူတာက ဒီကားမှာကတော့ Water park မှာအသားစားငါးတွေ ပေါ်လာကြတာပဲဖြစ်ပါတယ်။အသားစားငါးတွေနဲ့ လုံးဝအဆက်အစပ်မရှိနေတဲ့ဒီနေရာမှာမှ ပေါ်လာတယ်ဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။အရင်ကားမှာ ငါးတွေရဲ့ ပေါက်ဖွားရာနေရာနဲ့ ကမ္ဘာမြေမျက်နှာပြင်ပေါ် ရောက်လာတာတွေကိုအသားပေးရိုက်ပြထားခဲ့ပါတယ်။ ဒီကားမှာကတော့ တစ်နှစ်ကျော်ကြာပြီးနောက်ပိုင်း Timeline မှာတည်ထားတဲ့ ဇာတ်အိမ်ဖြစ်တဲ့အလျောက် ငါးတွေနဲ့ပတ်သတ်ပြီး ပိုများတဲ့အချက်အလက်တွေပါဝင်လာပါတယ်။ ပြင်ပရေနဲ့ထိတွေ့ခြင်းမရှိတဲ့ ရေကူးကန်မှာမှ တည်ထားတဲ့ဇာတ်အိမ်ဖြစ်တဲ့အတွက် ဒီငါးတွေ ဘယ်လို၊ ဘယ်က ရောက်လာတယ်ဆိုတာတွေကို ပိုပြီး စိတ်ဝင်တစားကြည့်ရမှာပါ။ ဒီနေရာမှာ သတိပေးချင်တာကတော့ အရင်ကားထက်လည်းပိုပြီးအမြင်မသင့်တော်တဲ့ဇာတ်ကွက်တွေ ပါဝင်လာတယ်ဆိုတာပါပဲ။အရင်ကားလောက်တော့ သွေးထွက်သံယိုမများပေမဲ့အဖော်အချွတ်ခန်းတွေ အမြောက်အများပါဝင်လာတာမို့နှလုံးရောဂါရှိသူ၊ အသက်မပြည့်သေးသူများမကြည့်ဖို့တိုက်တွန်းရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။ File size…     2.8 GB /    1.4 GB Quality… BluRay Unrated 1080p / 720p Format… mp4 Duration…. 1h 23 ...
movie

Piranha 3DD (2012)

Piranha 3D (2010) 5.5
Piranha 3D (2010) နွေပူပူနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးနောက်တစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးကတော့ ၂၀၁၀ မှာထွက်ထားတာဖြစ်ပြီးသွေးသံရဲရဲခန်းတွေ ရှယ်ပလန်နဲ့ပါတဲ့သဲထိတ်ရင်ဖိုကားလေးပါ။ ဂျိတ်ခ်နဲ့ဂျူလီဟာ သားအမိတွေဖြစ်ပြီးဂျူလီကတော့ ရေကန်ရဲ့ရဲမှူးပါ။ နွေရာသီပိတ်ရက်ကြောင့် လူပြည့်လာတဲ့ ဗစ်တိုးရီးယားရေကန်ကြိးကြောငိ့အလုပ်များလာတဲ့ဂျူလီဟာ သားနဲ့သမီးအငယ်နှစ်ယောက်ကိုထိန်းဖို့သားကြီးဖြစ်တဲ့ ဂျိတ်ခ်ကို တာဝန်ပေးလိုက်ပါတော့တယ်။ဂျိတ်ခ်ခဗျာလည်း သားအကြီးပီသစွာနဲ့ နှစ်တိုင်းကလေးထိန်းနေရာကနေဒီနှစ်မှာတော့ ရေကန်လမ်းပြအလုပ်နဲ့လည်ပတ်ဖို့ရာဖြစ်လာပါတော့တယ်။လူတွေအပြည့်နဲ့ကြက်ပျံမကျစည်ကားနေတဲ့ ဗစ်တိုးရီးယားရေကန်ကြီးကတော့မြေငလျင်ကြောင့် မြေအောက်ရေကန်နဲ့ လမ်းကြောင်းပွင့်သွားပြီးအသားစားငါးတွေထွက်လာတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ အလုပ်များနေတဲ့ ရဲမှူးမေမေနဲ့ အမေကျောခိုင်းတာနဲ့ လုပ်ချင်သလိုခိုးလုပ်ကြတဲ့ ‌ကလေးတွေရယ်၊ အသားစားငါးတွေပြည့်နေတဲ့ရေကန်ကြီးနဲ့ အပျော်ကြူးနေကြတဲ့ လူအုပ်ရယ် ...။သွေးသံတရဲရဲနဲ့ အသည်းတယားယားကြည့်ရမဲ့ကားလေးမို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…      1.4 GB /   578 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by  Aditi
movie

Piranha 3D (2010)

The River Murders (2011) 5.2
The River Murders (2011)  လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ မကင်းနိုင်ကြပါဘူး။တစ်ချို့တွေက ဘယ်လိုပဲ ကြိုးစား ကြိုးစား ဂေါ်မစွံတဲ့လူတွေရှိသလို တချို့တွေကျပြန်တော့လည်း တော်ကီတစ်ပေါက်လျှမ်းလျှမ်းတောက် ကောင်မလေးတွေ ကြွေဆင်းရလောက်အောင်အပြောကောင်းကောင်းနဲ့ ရည်းစားမှိုလိုပေါက်အောင်ထားနိုင်တဲ့သူတွေလည်း ရှိပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် ရည်းစား အယောက်ရေ တစ်ရာရောက်လုနီးပါးထိ မြာပွေခဲ့တဲ့ ရဲစုံထောက် ဂျက်ဗာဒွန်ကိုတွေ့ရမှာပါ။ သူတကယ်ချစ်မိသွားခဲ့တဲ့ကောင်မလေးကိုလက်ထပ်ထားပြီး ၈နှစ်အကြာ သူတို့မြို့မှာ မုဒိန်းကျင့်လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူ အမျိုးသမီးကဂျက်နဲ့ ယခင်က ဇာတ်လမ်းရှိခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီးအသတ်ခံလိုက်ရဲတဲ့ နေရာကလည်း သူတို့ နောက်ဆုံးချိန်းတွေ့ခဲ့ဖူးတဲ့ နေရာမှာပါ။ ကံဆိုးချင်တော့ မိခင်ဖြစ်သူ အသတ်ခံရပြီးဆက်တိုက်ဆိုသလို အခြား အမျိုးသမီးတစ်ဦးလည်း ထပ်မံမုဒိန်းကျင့် အသတ်ခံရပြန်ပါတယ်။တရားခံက ဂျက်နဲ့ ဘယ်လိုဆက်စပ်မှု ရှိနေလို့ ဂျက်နဲ့ ဇာတ်လမ်းရှိခဲ့ဖူးသူ မှန်သမျှကို မုဒိန်းကျင့် လူသတ်မှုတွေ ကျူးလွန်နေတာလဲ။ဂျက်ဗာဒွန် ကရော တရားခံကို ဖော်ထုတ်နိုင်ပါ့မလား။ File size…1.51GB / 780MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 32m Genre ...
movie

The River Murders (2011)

Dark Blue (2002) 6.6
Dark Blue (2002) အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie

Dark Blue (2002)

Echelon Conspiracy (2009)
Echelon Conspiracy (2009)  ၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ ...
movie

Echelon Conspiracy (2009)

I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
Leroy & Stitch (2006) 6.1
Leroy & Stitch (2006) Leroy & Stitch (2006) ================= IMDb Rating - 6.1/10ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲ ထောင်ကျသွားတဲ့ Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီး ပြန်ကယ်လိုက်ပါတယ်။ Lilo နဲ့ Stitch ကတော့ အလေအလွင့်ဖြစ်ပြီး ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါ ရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ် ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။ ဒါပေ မယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ ပြန်ဖျောင်းဖျလိုက်ရပါတယ်။ Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီး သိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့ စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo ...
movie

Leroy & Stitch (2006)

2006
Stitch! The Movie (2003) 6.1
Stitch! The Movie (2003) Stitch! The Movie (2003) ================== IMDb Rating - 6.1/10Stitch ကို 626 လို့လည်း ခေါ်ကြတာ Lilo and Stitch fan တိုင်း သိကြမယ်ထင်ပါတယ်။ သုတေသန 626 ဆိုတဲ့နာမည်ဟာ သာမန် နံပါတ်တစ်ခုမဟုတ်ဘဲ Stitch ကိုထွင်ခဲ့တဲ့ ဒေါက်တာ Jumba ရဲ့ သုတေသနအရေအတွက်အလိုက်ပေးထားတာပါ။ ဒီအချက်ကိုတော့ ရုပ်ရှင်ပထမပိုင်းမှာ မဖော်ပြထားခဲ့လို့ Stitch ရဲ့ နံပါတ်လေးကို အထူး တလည်သတိထားမိသူ မရှိခဲ့ကြပါဘူး။ Turo ဂြိုလ်ပေါ်ကို ပြန်မလိုက် ရဘဲ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ Stitch တို့သုံးယောက် Lilo အိမ်မှာ သောင်တင်နေချိန်ပေါ့။တစ်ချိန်တည်းမှာပဲ ဒေါက်တာ Jumba ရဲ့ သုတေသနပေါင်း ၆၂၅ ကောင် ကို အပိုင်သိမ်းဖို့ကြံနေတဲ့ ရန်သူဟောင်းတစ်ယောက်လည်းရှိနေပါသေး တယ်။ Stitch တို့ကျေးဇူးနဲ့ အလုပ်ပြုတ်သွားတဲ့ ကပ္ပတိန် Gantu က သုတေ သနအကောင်လေးတွေခိုးဖို့ ကမ္ဘာကိုဆင်းလာခဲ့ချိန်၊ တစ်သက်လုံး ကိုယ့် ကိုယ်ကို အဖော်မဲ့တစ်ကောင်ကြွက်လို့မှတ်ထားတဲ့ Stitch ...
movie

Stitch! The Movie (2003)

2003
Lilo & Stitch (2002) 7.3
Lilo & Stitch (2002) Lilo & Stitch (2002) =============== IMDb Rating - 7.3/10စတစ်ချ်လို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင် ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် စတစ်ချ်အရုပ်လေးတွေ စတစ်ချ်အင်္ကျီလေးတွေက လူတွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ခုCMပရိတ်သတ်ကြီးအတွက် ဒီ စတစ်ချ်ကားလေးကို ပြန် လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေး မလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူက ခွေးတစ်ကောင်မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်း ရေးစခန်းကို သွားပါတယ်။အဲ့မှာလီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေး ကို သဘောကျ ပြီး မွေးခဲ့ပါတယ်။ ခွေးလေးနာမည် ကိုတော့ စတစ်ချ်လို့ ပေးလိုက် တာပေါ့။အဲ့မှာပဲ ပြသနာတွေစတော့တာပါ။ တစ်ကယ်တော့စတစ်ချ်က တစ်ခြား ဝေးလံတဲ့ ဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက် ရဲ့တီထွင်မှုပါပဲ။ အဲ့ဂြိုလ်ရဲ့ အာဏာပိုင်တွေက ...
movie

Lilo & Stitch (2002)

2002
The Tournament (2009) 6.0
The Tournament (2009)  ကြေးစားလူသတ်သမား​​တွေချည်း အ​​​ယောက် ၃၀ ​တိတိစုထားပြီးတစ်မြို့လုံးကို သတ်ကွင်းအဖြစ်ပြောင်းလဲလိုက်ပြီး စီစီတီဗွီ​တွေ၊ဆက်သွယ်​ရေးစနစ်​တွေကို အကုန်ထိန်းချုပ်ကာ လူသတ်ပြိုင်ပွဲတစ်ခုလို ​​နောက်ဆုံးတစ်​ယောက်ပဲ ကျန်တဲ့အထိ အ​သေအ​ကြေသတ်ဖြတ်ရတဲ့ ဆု​ကြေး​ဒေါ်လာ၁၀သန်းတန် ပြိုင်ပွဲနဲ့ ဒီပြိုင်ပွဲကိုလာ​ရောက်ယှဉ်ပြိုင်ကြတဲ့ တစ်ကမ္ဘာလုံးက လူသတ်သမားများ၊ဇနီးသည်ကိုသတ်ဖြတ်သွားတဲ့ လူသတ်သမားကိုလက်စား​​ချေဖို့ပြိုင်ပွဲကို တ​ကျော့ပြန်​ရောက်လာတဲ့ လက်ရှိချန်ပီယံ၊ လူသတ်ဖို့က​​​လေးဘဝကတည်းက ​​လေ့ကျင့်ခဲ့ရသူ၊ ရုရှားအထူးတပ်ဖွဲ့ဝင်၊အ​မေရိကန်စိတ္တဇလူသတ်သမား စသဖြင့် ဒိတ်ဒိတ်ကြဲ​ကြေးစားလူသတ်သမား​တွေပဲ ဝင်ပြိုင်မယ့်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲ၊ဘယ်​လောက်ထိကြမ်းကြုတ်ရက်စက်တဲ့ သတ်ကွက်​တွေမြင်ခွင့်ရမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။  File size…2.45GB / 944MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

The Tournament (2009)

Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Mission: Impossible – Ghost Protocol (2011) 7.4
Mission: Impossible – Ghost Protocol (2011) Mission: Impossible - Ghost Protocol (2011) ================================ IMDb Rating 7.4/10ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့ အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။ Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်း ဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။ဇာတ်လမ်းအကျဉ်းကတော့...အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့ အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲ သူ့နာမည်နဲ့  သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့...။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(10 GB)/(1.5 GB)/(1.1 GB) Quality….BluRay ...
movie

Mission: Impossible – Ghost Protocol (2011)

2000
4K HEVC
Mission: Impossible III (2006) 6.9
Mission: Impossible III (2006) 2828Mission: Impossible III (2006)=======================IMDb Rating 6.9/10ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ...ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ...ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon
movie

Mission: Impossible III (2006)

2006
4K HEVC
Mission: Impossible – Rogue Nation (2015) 7.4

Mission: Impossible – Rogue Nation (2015)

2015
4K HEVC