Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vineeth Thattil David
6.1
Adios Amigo (2024)
Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Adios Amigo (2024)
6.5
Turbo (2024)
Turbo (2024) "ဇိုး" IMDb - 6.5/10ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့ မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့ သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။ သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။ တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.8GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Turbo (2024)
2024
6.6
Mandakini (2024)
Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား)IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစားဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.06GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Mandakini (2024)
2024
5.5
Thundu (2024)
Thundu (2024) ရဲအရာရှိဘေဘီIMDb-5.7/10ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်းလုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး...။ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် File size…1.5GB / 771MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ...
movie
Thundu (2024)
2024
8.3
Anweshippin Kandethum (2024)
Anweshippin Kandethum (2024) အင်စပတ်တာနဲ့ လူပျောက်မှု Imdb 8.3/10ပရိသတ်ကြီးအတွက် ဒီနေ့ပဲ netflix ကနေ ott လွှင့်ပေးလိုက်တဲ့ အိန္ဒိယစုံထောက်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်စုံထောက်ကားကောင်းမှကြိုက်တယ်တို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းတာမှကြည့်ချင်ဝာာတို့ ရှားလော့ဟုမ်းတို့လို အခင်းနေရာစိတ်ထဲပုံဖော်တဲ့ အကွက်တွေ ဟာကျူလီပွန်ရိုးတို့လို သက်သေရှာတဲ့အကွက်တွေ စတဲ့ စုံထောက်ပညာအစုံနဲ့ မှုခင်းကားကောင်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူ ကောင်မလေးတစ်ယောက် ကျောင်းကအပြန် အိမ်ပြန်ရောက်မလာလို့ သူ့အဖေက ရဲစခန်းမှာ လူပျောက်လာတိုင်တာကနေ ဘတ်စကားဂိတ်ကနေစပြီး အမှုပေါ်တဲ့ထိ စုံထောက်ကြီးရဲ့ ခရေစေ့တွင်းကျ သဲလွန်စတွေတစ်ခုချင်းစီ လိုက်ဖော်ထုတ်တာကို တွေ့ရမှာပါ ကောင်မလေးက ဘာလို့ပျောက်သွားတာလဲ ပြန်ရောတွေ့မှာလား ဘယ်သူက ဘာလုပ်သွားတာလဲ အသက်ရောရှင်နေသေးလား စတဲ့ အကြောင်းအရာပေါင်းများစွာကို အဖြေသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုကြဖို့ ပြောကြားညွှန်းဆိုပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) File size…2.11GB / 980MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Anweshippin Kandethum (2024)
2024
6.9
Voice of Sathyanathan (2023)
Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရမယ့် ဇာတ်လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Voice of Sathyanathan (2023)
2023
7.2
Thankam(2023)
Thankam (2023)2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း...ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ...ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား...အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ....နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye
movie
Thankam(2023)
2023