Channel Myanmar

Vincent Zhao Wenzhuo

Once Upon a Time in China V (1994) 5.9
Once Upon a Time in China V (1994)  ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ မိသားစုဝင်တွေ တပည့်တပန်းတွေနဲ့ ဟောင်ကောင်ကို ပြန်တဲ့လမ်းတစ်ထောက်မှာ သုဿန်တလင်းလို ခြောက်ကပ်နေတဲ့ မြို့တစ်မြို့ကို ရောက်ရှိလာပါတော့တယ်။ ဖြစ်ပုံကတော့ မဟာမိတ်တပ်တွေက မြို့တော်ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာ ဒေသခံအာဏာပိုင်တွေက တစ်ကိုယ်ကောင်းဆန်ပြီး မြို့နယ်ဘဏ္ဍာငွေတွေကို ခိုးယူကာ ထွက်ပြေးသွားပါတော့တယ်။ဒါကြောင့် တစ်မြို့လုံးက တရားဥပဒေစိုးမိုးမှုမရှိဘဲ တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလို ပင်လယ်ဓားပြတွေကလည်း သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပြီး မြို့သူ့မြို့သားတွေခမျာ စားစရာမရှိ လျော်စရာရှိ ဖြစ်နေပါတော့တယ်။ ဒါကို သိလိုက်ရတဲ့ ဝမ်ဖေးဟုန်ဟာ တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေး ပြန်လည်ဖြစ်တည်လာအောင် ပင်လယ်ဓားပြတွေကို တိုက်ထုတ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ ဂျက်လီ၊ ဂျက်ကီချန်း၊ ဝမ်ဖေးဟုန်တို့ဆိုတာ ငယ်ငယ်ကတည်းက မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးတဲ့အတွက် ဒီဇာတ်ကားလေးကတော့ ငယ်ဘဝကို လွမ်းဆွတ်စရာ ဇာတ်ကားကောင်းလေးမို့လို့ ကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre... Action, ...
movie

Once Upon a Time in China V (1994)

Once Upon a Time in China IV (1993) 5.9
Once Upon a Time in China IV (1993)  ဒီလေးကားမြောက် ဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်ဟာ ခြင်္သေ့သိုင်းအကကို သူမတူအောင် ယှဉ်ပြိုင်နိုင်ခဲ့တာမို့ ထူးချွန်ပြောင်မြောက်စွာ အနိုင်ရခဲ့ပြီး ခြင်္သေ့ဘုရင်လို့ ခေါ်ဆိုချီးမြှောက်ခံခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ပြည်ပနိုင်ငံ (၈) နိုင်ငံတို့ စုပေါင်းပြီး ယှဉ်ပြိုင်ကြမဲ့ ခြင်္သေ့အကပြိုင်ပွဲမှာ ဝမ်ဖေးဟုန်ဟာ တရုတ်ပြည်ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ဒါပေမဲ့ တကယ်တော့ ဒီပြိုင်ပွဲက နိုင်ငံရပ်ခြားတပ်မတော်တွေက တရုတ်ပြည်တွင်းကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာပြီး တရုတ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ်ဖက်ကလည်း ပေါ်တင် ချေပလို့မရတဲ့အတွက် ပြိုင်ပွဲမှာ နိုင်ငံ့ရပ်တည်ချက်ကို ပြရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း မီးအိမ်နီ မျိုးချစ် အမျိုးသမီး ကွန်ဖူး အဖွဲ့အစည်းက တရုတ်ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံခြားသားတွေကို သတ်ဖြတ်ချေမှုန်းပြီး တော်လှန်ပါတော့တယ်။ဒါကြောင့် ဒီဇာတ်ကားလေးမှာတော့ ဝမ်ဖေးဟုန်တစ်ယောက် တရုတ်ပြည်ကို ကာကွယ်ပြီး နိုင်ငံခြားတပ်မတော်နှင့် မီးအိမ်နီ မျိုးချစ်အဖွဲ့အစည်းကြားမှာ တင်းမာမှုတွေ ပြင်းထန်လာပြီး ...
movie

Once Upon a Time in China IV (1993)