Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vincent Wan Yeung-Ming
5.9
Imprisoned: Survival Guide for Rich and Prodigal ( 2015 )
ယွီရစ်ချန်ဟာ ပတ်ဝန်းကျင်မှာ ကားကောင်းတွေ မိန်းမလှတွေနဲ့ ဝန်းရံခံထားရတဲ့ သူဌေးသားတစ်ယောက်ဖြစ်ပါတယ်။ အရက်မူးချိန် ကားမောင်းပြီး အဘွားအိုတစ်ယောက်ကို တိုက်မိသွားတဲ့အတွက် ထောင်ဒဏ် ၁ နှစ်ခွဲ ကျခဲ့ရပါတယ်။ထောင်ထဲရောက်သွားမှ ထောင်ထဲက ကမ္ဘာက အပြင်ကမ္ဘာနဲ့ တခြားစီ ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါပေမဲ့ ထောင်ထဲက စည်းမျဉ်းတွေကို သိရင် အေးချမ်းစွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ ယွီရစ်ချန်က သူ့ရဲ့ သူဌေးသားအမြင်နဲ့ ငွေအင်အားတွေကို အသုံးချပြီး ထောင်ထဲက ဘဝအရည်အသွေးကို မြင့်တင်ခဲ့ပါတယ်။သူ့ရဲ့ ရန်သူ အားကျီးက သူနဲ့ထောင်တစ်ခုတည်းကို ရောက်လာခဲ့တဲ့ အခါမှာတော့ အရာရာတိုင်းကို ငွေနဲ့ ဖြေရှင်းနိုင်ပြီး ဘဝကို ပေါ့ပျက်ပျက် ဖျက်သန်းနေခဲ့တဲ့ သူဌေးသားတစ်ယောက်ဟာ ထောင်ထဲမှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရပြီး ဘဝအပေါ် အမြင်တွေ ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 1h 48 min Subtitle ...
movie
Imprisoned: Survival Guide for Rich and Prodigal ( 2015 )
6
The First Myth: Clash of Gods ( 2021 )
CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ Three Kingdom (三国演义) တို့လို ဂန္တဝင်စာပေဝတ္ထုဖြစ်တဲ့ Investiture of the Gods (封神榜) ကိုမှီငြမ်းထားတဲ့ ကားလေးတစ်ကားကို ချပြပေးလိုက်ချင်ပါတယ်။ဒီထဲမှာ သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း ဆိုတဲ့အတိုင်း ထီးနန်းစည်းစိမ်အာဏာမှာယစ်မူးနေတဲ့ ရှန်းခေတ်ရဲ့နောက်ဆုံးဘုရင် ရှန်းကျုတ်ဘုရင်က သူ့ထီးနန်းတည်တံ့ဖို့ရာ အပြစ်မဲ့ပြည်သူကို နှိပ်စက်ပြီးသစ္စာရှိတဲ့မူးမင်းမတ်ရာတွေကိုပြည်နှင်ဒဏ်စေလွှတ်ခဲ့တယ်။ဒါကို အမတ်ချုပ်ဖြစ်တဲ့ကျန်းကျီယာကမနှစ်မြို့တာကြောင့် နတ်ဘွဲ့တံဆိပ်အပ်နှင်းတဲ့ စာလွှာကိုပြင်ဆင်ပြီး ကောင်းကင်ဘုံကသတ်မှတ်တဲ့ရှင်ဘုရင်သစ်ကို တင်မြှောက်ဖို့ကြိုးစားပါတယ်။ ကျန်းကျီယာကတော့ အမတ တစ်ပါးဖြစ်ပြီးသူ့ဆရာတူညီတော် ရှန်းကုန်းပေါက်ကတော့ရှန်းကျုတ်ရဲ့မင်းဆရာလည်းဖြစ်၊ ရှန်းကျုတ်ကိုအားပေးအားမြှောက်ပြုကာ စည်းစိမ်အာဏာမှာယစ်မူးနေခဲ့တယ်။လောဘစိတ်ကို မငြိမ်းနိုင်တဲ့ရှန်းကုန်းပေါက်ကတော့ ဒီစာလွှာကိုယူပြီး စာလွှာရဲ့စည်းတံဆိပ်ကိုဖွင့်ကာ လူ့ပြည်မှာရှိတဲ့ အမတအပေါင်းတို့ရဲ့စွမ်းအားတွေကို ပိတ်လှောင်ပြီး လူ့ပြည်ကိုအုပ်စိုးခြယ်လှယ်ဖို့ကြိုးစားနေတာပေါ့။ ဒီလိုနဲ့ဝတ္ထုထဲမှာပါရှိတဲ့ စစ်သူကြီးယန်ကျန်,နီကျား, လေကျန်ကျီ,ထူရှင်စွန်းအစရှိတဲ့ အမတအပေါင်းတို့ကကျန်းကျီယာဖက်ကနေ ကူညီကာကွယ်ပေးရင်ဒီစာလွှာကိုကောင်းကင်ဘုံဆီ ပြန်လည်အပ်နှင်းဖို့ကြိုးစားကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာကြမလဲ။ ဘယ်လိုတွေအမတတွေရဲ့စစ်ပွဲမှာ ဓားစာခံအပြစ်မဲ့လူသားတွေက ဆင်းရဲဒုက္ခတွေခံစားရမလဲ။နောက်ဆုံးမှာ ဒီစာလွှာကဘယ်သူ့ လက်ထဲဆီရောက်သွားမလဲစတဲ့စိတ်ဝင်စားစရာအကြောင်းရာတွေကိုတော့ ဒီဇာတ်ကားလေးကနေ ကြည့်ရူစောင့်မျှော်လိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 32 min Subtitle : Myanmar Subtitle ( ...
movie
The First Myth: Clash of Gods ( 2021 )
6.5
Confession of Pain (2006)
Confession of Pain (2006)~ IMDb rating - 6.5/10 ~ဒါရိုက်တာကတော့ Alan Mak ပါ။ Infernal Affairs ၃ကားကို ဇာတ်ညွှန်းရေးသားရိုက်ကူးခဲ့သူတွေပါပဲ။ သူတစ်ယောက်တည်းရိုက်တာတော့ မဟုတ်ဘူးပေါ့။ Andrew Lau က စီနီမာတိုဂရပ်ဖီ ကူရိုက်ပေးထားပြီး Felix Chong က ကူရေးပေးထားပါတယ်။ ဒီရုပ်ရှင်မှာလည်း ဒီလိုပါပဲ၊ သူတို့၂ယောက်စလုံး ကူပေးထားကြပါတယ်။ ပြောရရင် Infernal Affairs ကို ဖန်တီးတဲ့သူ အစစ်တွေ ဖန်တီးထားတဲ့ကားပါ။ ဟောင်ကောင်မာစတာပိစ်တွေထဲအပါအဝင်ဖြစ်တဲ့၊ မာတင် စကောဆေးစိကြီးတောင် လီယိုနာဒိုနဲ့ပြန်ရိုက်လိုက်ရတဲ့ Infernal Affairs ကိုတော့ မမီပေမယ့် ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းထက် စီနီမာတိုဂရပ်ဖီနဲ့ ပိုနာမည်ကြီးပါတယ်။ စီနီမာတိုဂရပ်ဖီရိုက်တဲ့လူက Andrew Lau ပါ။ Infernal Affairs ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်သလို Chungking Express ...
movie
Confession of Pain (2006)
2006
5.6
Man on the Edge (2022)
“ကျွန်တော်က သာမာန်ပြည်သူတစ်ယောက်ပါ” “ ပြည်သူ့အတွက်ပါ “ဆိုပြီး စွန့်စားမှုကိုစိန်ခေါ်လာခဲ့တဲ့လူအကြောင်းကို ရိုက်ကူးထားတဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၀၀ ဝန်းကျင်လောက်က ဟောင်ကောင်အစိုးရအဖွဲ့ရဲ့ အောက်ဖဲတွေကိုပါ ပါးပါးလေးလှပ်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးတစ်ကားပါပဲဗျ ။တရားမဝင်အဖွဲ့အစည်းဆိုတာ အစိုးရဘက်ကသတ်မှတ်ပေးထားတဲ့အဖွဲ့အစည်းတစ်ခု။ အဲ့ဒီအဖွဲ့အစည်းထဲမှာ အားလော့တစ်ယောက် သတင်းပေးလုပ်နေရင်းနဲ့ အဖွဲ့ထဲကညီအစ်ကိုတွေနဲ့ တော်တော်ရင်းနှီးလာခဲ့ပါတယ်။ သူ့အတွက် ရွေးချယ်ရအခက်ဆုံးကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် လျာထားခံရတဲ့အထဲမှာ သူပါသွားတာပါပဲ။သူသတင်းပေးလုပ်ရတဲ့ရည်ရွယ်ချက်က နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ်ချင်တာဖြစ်ပြီး အခုသူကိုယ်တိုင် အဲ့ဒီလက်မည်းကြီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့…. အဖွဲ့အစည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ဆက်ပြီးကြည့်ရှုလိုက်ပါတော့ဗျာ ။ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:57:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt
movie
Man on the Edge (2022)
6.5
Fist of Fury (II) (1991)
Fist of Fury (II) (1991)IMDB(6.5)တရုတ်ကွန်ဖူးရဲ့ ဂန္တဝင်မင်းသားကြီး ဘရုစ္စလီရဲ့ Fist of Fury ကို ရုပ်ပြောင်ရိုက်ကူးထားတဲ့စတီဗင်ချောင်ရဲ့ ၁၉၉၁ ထွက် ဇာတ်ကား ၂ ကားကိုတင်ဆက်ပေးလိုက်ပါတယ်ချောင် ရဲ့ ဇာတ်ကားတွေထုံးစံအတိုင်းပဲ အဖောက်ခန်းတွေ ပြောင်မြောက်တဲ့ ဒိုင်တွေနဲ့ကြည့်ကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ပြည်မသား ချောင်ဟာ သူ့ဝမ်းကွဲ ညီ ကိုလိုက်ရှာဖို့ ဟောင်ကောင်ကို လာခဲ့ပြီး ချီးထုတ် ဆင်း နဲ့ ဆုံမိကြပါတယ်ဒီလိုနဲ့ ချီးထုတ် ၂ကောင်ပေါင်းမိပြီး ပိုက်ဆံ ပြတ်တာ့ ပေါင်း ရှာကြတဲ့အခါမှာဒေါ်လာ ဆယ်သန်းရမယ့်လက်ဝှေ့ပွဲ ကို တွေ့ပြီး ဘယ်လို ကလိမ်ကကျစ် ဉာဏ်တွေနဲ့ ဆယ်သန်း ကို ရယူကြမလဲဆိုတာကိုတော့။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ...
movie
Fist of Fury (II) (1991)
1991
6.7
Fist of Fury (1991)
Fist of Fury (1991)IMDB(6.7) ဘရုစလီဇာတ်ကားကို အမှီပြုပြီး စတီဖင်ချောင်ရဲ့ အရသာအပြည့်နဲ့ တင်ဆက်ထားတဲ့ဇာတ်ကားပါ.. Fist of Fury ဇာတ်ကား ၁ နဲ့ ၂ နှစ်ကားထွက်ပါတယ်။ +++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။စတီဖင်ချောင်ဆိုတာနဲ့ သရုပ်ဆောင်ရော ဇာတ်လမ်းဇာတ်ညွှန်းပိုင်းမှာပါသူမတူအောင် တင်ဆက်နိုင်တဲ့ Comedy King တစ်ယောက်လို့ တန်းမြင်ကြမှာပါပဲ…ဟာသကားတွေပေါပါတယ်…ဒါပေမယ့် အနုပညာအရ တန်းဝင်ဖို့သိပ်ခက်ခဲတယ်…စတီဖင်ချောင်ဇာတ်ကားတွေကတော့ အနုပညာအရရော ဟာသသဘောမှာရော သရော်တဲ့သဘောမှာရောသာမန်ဟာသကားတွေထက် တဆင့်မြင့်နေခဲ့တာပါ။ ရသတစ်ခုခုကို အမြဲပါဝင်လာအောင် ချပြထားနိုင်ခဲ့တာပါ။ဒါကြောင့်လဲ သူ့ဇာတ်ကားတွေဟာ အာရှရဲ့ ထိပ်တန်းဇာတ်ကားတွေ ဖြစ်ကျန်နေခဲ့တာပါပဲ။စတီဖင်ချောင်ဇာတ်ကားတွေရဲ့ Theme တစ်ခုက ဘဝကို ပျော်ပျော်ကြီး ခံစားဖို့ပဲ…စိတ်ညစ်စရာတွေ့လဲ ပျော်ပျော်ကြီး…လုပ်သမျှရဲရဲဝံ့ဝံ့နဲ့ ..ပြီး…လွဲတော့လဲ ပျော်ပျော်ကြီး…ဒါမျိုးဘဝမှာ နေဖို့က သိပ်ခက်ခဲတယ်မလား…ဘဝဆိုတာ ဖြတ်သန်းစဉ်က အတည်ကြီးတွေ ခံစား ...
movie
Fist of Fury (1991)
5.6
Tales From The Dark 2 (2013)
Tales From The Dark 2 (2013)____IMDb - 5.6/10 Tales From The Dark 2 ဇာတ်ကားတွေကတော့ Hong Kong horror writer Lilian Leeနှင့် စာရေးဆရာမ Pik Wah Lee ရဲ့ ကြောက်မက်ဖွယ် Horror ဝတ္ထုတိုများကို Director သုံးယောက်က ရိုက်ကူးထား ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ ***(2)အညွှန်း*** ဒီဇာတ်ကားထဲမှာဆိုရင်တော့ Ching-Yi ဆိုသောအမျိုးသမီးက သူ့ယောကျာ်း က အရင်ငယ်ချစ်ဦးကို မမေ့နိုင်သေးသည်ကို သိရတာကြောင့် ရန်ဖြစ်ရင်း မတော်တဆ သူ့ယောကျ်ားကို သတ်မိလိုက်သော်လည်း ထောင်ထဲမဝင်ချင်သဖြင့် အလောင်းကို ပလတ်စတစ်အုပ်ပြီး လှောင်ပိတ်ပြီး ဖွက်ထားလိုက်ပြီးနောက် ဘာဖြစ်ဆက်ဖြစ်မလဲ.... (ဝတ္တုတိုများကို ရိုက်ကူးထားခြင်းဖြစ်တာကြောင့် မိနစ် ၄၀ အကြာတွင် ဇာတ်လမ်းတစ်ခုပြီးပြီး ဇာတ်လမ်းအသစ်စမည်ဖြစ်ပါသည်) -ကြောက်မက်ဖွယ် Horrorဇာတ်လမ်း ၃ ခု ပါမည်။ #အပေါ်မှအညွှန်းသည် တစ်ပိုင်းအတွက်သာဖြစ်သည်။ File size…(847 MB) Quality…BR-Rip 720p IMDb Rating... 5.6/10 Format…mp4 Duration….01:30:00 Type...Horror Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie
Tales From The Dark 2 (2013)
2013
6.9
All for the Winner (1990)
မင်းသားကြီးစတီဖင်ချောင်ရဲ့ IMDb Rating (6.9/10) ရရှိထားတဲ့ ဟာသဇာတ်ကားပါ။အားစင်းဟာ ရိုးသားပြီး စိတ်ထဲထင်သလို လုပ်ချင်ရာလုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။သူ့ဦးလေးကတော့ ဟောင်ကောင်မှာ လူလည်လိုလို ကျင်လည်ကျက်စားနေတဲ့ လောင်းကစားသမားတစ်ဦးပါ။အားစင်းမှာ ထူးခြားတဲ့စွမ်းအားတစ်ခုက ဘယ်အရာကိုမဆို အလိုရှိရင် ထွင်းဖောက်မြင်နိုင်သလို စိတ်ပါရင် ရလဒ်တွေကိုပါပြောင်းလဲနိုင်သူပါ။ဒီအစွမ်းတွေကို လောင်းကစားဝိုင်းမှာ အသုံးပြုဖို့ သူ့ဦးလေးက ကြံစည်ပေမယ့် အားစင်းဟာ ကောင်မလေးတစ်ယောက်ကို ကြွေဆင်းပြီး သူ့ကိုမှ မမြင်ရရင် အားကုန် ပျော့ခွေနေတတ်တာကြောင့် အစွမ်းကို အမြဲမသုံးနိုင်ဘူးဖြစ်နေပါတယ်။ဒီအချိန်မှာပဲ ကမ္ဘာ့လောင်းကစားဖလားလုပွဲကို ကျင်းပဖို့ ဖြစ်လာရာမှာ လောင်းကစားလောကက ဂျင်တွေနဲ့ အားစင်းတို့တူဝရီး ဘယ်လိုတွေ အားပြိုင်ကြမလဲ.....အချစ်ကိုမမြင်ရရင် ပျော့ခွေနေတတ်တဲ့ အားစင်းရဲ့အစွမ်းတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာ...။ File size…(900 MB) and (500 MB) Quality…DVD-Rip Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thu Rein Zaw
movie
All for the Winner (1990)
1990