Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vincent Vermignon
Drift (2024)
ဂျက်ကွီလင်းဆိုတဲ့ ကောင်မလေးဟာ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး လန်ဒန်မှာ သွားရောက်နေထိုင်နေသူပါ။တစ်ရက်မှာတော့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သူဟာ Liberia ကိုနှစ်ပတ်ကြာပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းများစွာနဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာပြီး ဂျက်ကွီလင်းတို့ ဝန်ကြီးမိသားစုအိမ်ဟာလည်း ပုန်ကန်သူတွေလက်အောက်ကို ကျရောက်ကာ ကံကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။ နိုင်ငံဟာလည်း စစ်မီးကြောင့် ပျက်စီးနေတဲ့အချိန် ဂျက်ကွီလင်းဟာ နိုင်ငံက ထွက်ပြေးပြီး ဂရိကျွန်းလေးတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး ဘဝမှာ အဆင်ပြေပြေနေခဲ့ရသူတစ်ယောက် နိုင်ငံပျက်စီးနေချိန် ဂရိကျွန်းမှာ နေ့စဉ်ဘဝကို ခက်ခဲစွာရှင်သန်နေထိုင်ရပုံကို ကြည့်ရှုခံစားရမယ့် Drama ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size…(2.1 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Drift (2024)
5.7
Beyond Existence (2022)
ဂြိုလ်သားတွေနဲ့ ပတ်သတ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေကိုရှာဖွေကြည့်ရှုနေကြတဲ့လူတွေအတွက် Beyond Existence ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖို ဇာတ်ကားလေးတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ်။အယ်လန်ဆိုတာ အစိုးရရဲ့သတင်းအချက်အလက်တွေကို ဖလှယ်နေတဲ့ပါမောက္ခတစ်ယောက်ကို ရှာဖွေသုတ်သင်ဖို့စေလွှတ်ခံထားရတဲ့အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ အယ်လန်က ပါမောက္ခကိုတွေ့အောင်ရှာခဲ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုသတ်ဖို့လုပ်တဲ့အချိန်မှာပါမောက္ခကရိုးရိုးသာမန်လူမဟုတ်ပဲနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ဂြိုလ်သားတစ်ယောက်ဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့တာဝန်ကပါမောက္ခကို သတ်ဖြတ်ဖို့ကနေ သူ့နောက်ကိုလိုက်နေတဲ့ အန္တရာယ်တွေရန်ကကာကွယ်ပေးရတဲ့ လူဖြစ်သွားပါတော့တယ်။အယ်လန်နဲ့ ပါမောက္ခလည်းအန္တရာယ်တွေရန်က နေထွက်ပြေးပုန်းရှောင်ရင်းနဲ့ ရင်းနှီးလာကြပြီး အယ်လန့်ရဲ့ဘဝမှာ တစ်ခါမှမမြင်မကြားဖူးတဲ့ အရာတွေကိုသိမြင်လာရပါတော့တယ်။ပါမောက္ခက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေတဲ့လူမျိုးဖြစ်နေမလဲသူတို့နောက်ကိုအဆက်မပြတ်လိုက်လာနေတဲ့ အန္တရာယ်ကရောဘာဖြစ်မလဲသူတို့နှစ်ယောက်အတူတူပူးပေါင်းလာပြီးနောက်မှာ ဖြစ်ပေါ်လာတဲ့ ပန်းတိုင်အသစ်ကရောဘာတွေဖြစ်မလည်းဆိုတာကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.37GB / 588MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Beyond Existence (2022)