Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vincent Rottiers
5.0
The Infallibles (2024)
Fast and Furious ထဲကလို လမ်းမပေါ်မှာ ကျည်ကာကားတွေကိုဖြတ်တိုက်ပြီး လုယက်တာတွေကိုသဘောကျတယ် မှုခင်းစုံထောက်ဇာတ်ကားတွေကိုလည်း သဘောကျတယ် ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းတာမျိုးတွေကိုမှ သဘောကျတယ်ဆိုရင်အခုတင်ဆက်ပေးမဲ့ Les Infaillible ဆိုတဲ့ပြင်သစ်ရုပ်ရှင်ကားလေးကိုရွေးချယ်ကြည့်ရှုသင့်ပါတယ်။ရုပ်ရှင်အမျိုးအစားမှာဟာသလို့ရေးထားပေမဲ့အက်ရှင်တွေ မှုခင်းတွေကိုပါအချိုးကျကျတင်ဆက်ရိုက်ကူးထားတာကိုတွေ့ရမှာပါ။ပဲရစ်မှာ ဓားပြတစ်သိုက်ကအထက်မှာပြောခဲ့သလို တန်ဖိုးကြီးပစ္စည်းတွေ သယ်ပို့တဲ့ကျည်ကာထရပ်ကားတွေကိုမကြာခဏဆိုသလိုလိုက်လုယက်နေပြီး ထင်တိုင်းကြဲသောင်းကျန်းနေကြပါတော့တယ်။ပဲရစ်မြို့ကကရဲတွေစုံထောက်တွေကလည်းသူတို့ကိုဖမ်းမိနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်တဲ့အတွက်သူတို့အတွက်ကတော့ ထမင်းစားရေသောက်သလိုကိုလွယ်ကူနေပါတော့တယ်။အဲ့လိုပြဿနာတွေကို ဖြေရှင်းဖို့အတွက်ပဲရစ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးကမာဆေးလ်မြို့မှာ နာမည်ကြီးရဲမေတစ်ယောက်ဖြစ်တဲ့ အလီယာနဲ့ပဲရစ်ရဲတပ်ဖွဲ့ကbတူတော်မောင်ဟျူဂိုတို့ကို တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။အလီယာကတစ်ခုခုဆိုရင် စိတ်မြန်လက်မြန် ဘောင်တွေစည်းတွေစဉ်းစားမနေပဲ လက်ရဲဇက်ရဲ လုပ်တတ်သူတစ်ယောက်ဖြစ်ပြီး ဟျူဂိုကအမှုတွေကို ဖြေရှင်းရာမှာ တော်ပေမဲ့ ခပ်ရိုးရိုးအေးအေးကြီးဖြစ်ပါတယ်။ဒီလိုဆန့်ကျင်ဖက် ဖြစ်နေတဲ့လူနှစ်ယောက်သွားတွေ့တဲ့အခါမှာတော့ စစချင်းမှာကြောင်နဲ့ကြွက်လို ခဏခဏကိုက်နေကြပေမဲ့အဲ့ဒီဓားပြမှုကို အတူတူဖြေရှင်းရင်းနဲ့မှ ပိုပိုရင်းနှီးလာကြပြီးနှစ်ယောက်သား တက်ညီလက်ညီနဲ့ သောင်းကျန်းနေကြတဲ့ဓားပြတွေကိုဖမ်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.82GB / 878MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie
The Infallibles (2024)
6.5
Mood Indigo (2013)
အရမ်းချမ်းသာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တဲ့သူဌေးလေးကိုလန်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပါ။ကုဋေရှစ်ဆယ်သူဌေးသားကိုမှ ပြင်သစ်ဗားရှင်းလေးလို့ ပြောလို့ရပါတယ်၊ဒါပေမဲ့ ဒီကုဋေရှစ်ဆယ်သူဌေးသားကကိုယ်တိုင်သုံးဖြုန်းလို့ကုန်တာမဟုတ်ဘဲအချစ်ကြောင့်ကုန်တာမျိုးဆိုတော့ သူရဲကောင်းလေးပေါ့...ကိုလန်က ဘဝမှာ အပူအပင်မရှိသက်သောင့်သက်သာနေနိုင်သလောက်ချစ်ရတဲ့သူတော့ရှိမနေပါဘူး၊ တစ်ရက် မိတ်ဆွေတစ်ယောက်ရဲ့ခွေးလေးမွေးနေ့ပါတီကိုသွားရင်း တွေ့ခဲ့တဲ့ ကလိုဝီကိုချစ်မိသွားပါတော့တယ်၊နောက်ရက်မှာ ကလိုဝီနဲ့ အပြင်မှာတွေ့ပြီး အချစ်တွေကိုဝန်ခံလိုက်ချိန်မှာတော့ကလိုဝီ့ဘက်ကလည်း လက်ခံခဲ့ပါတယ်။ချစ်သူနှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ညမှာပဲကလိုဝီ့အဆုတ်ထဲမှာပဒုမ္မာကြာပေါက်လို့ အိပ်ရာထဲလဲသွားပါတော့တယ်...မိန်းမကိုအရမ်းချစ်တဲ့ ကိုလန်တစ်ယောက် ဘယ်လိုမျိုး ကုပေးမလဲ...ကလိုဝီ့ရောဂါကရော သက်သာနိုင်ပါ့မလား ဆိုတာကို 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးIMDb မှာ rating 6.5နဲ့ Rotten Tomatoes မှာ rating 61% ရရှိထားတဲ့Mood Indigo ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင် File size… 2.84 GB / 1.24 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 10m Genre ..... Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie
Mood Indigo (2013)
2013
6.5
Renoir (2012)
အဆိုပါရုပ်ရှင်သည် အမြင်အာရုံတွင် စွဲမက်ဖွယ်ကောင်းပြီးစိတ်ခံစားမှုများကို လှုံ့ဆော်ပေးသည့်ရုပ်ရှင်မျိုးဖြစ်ပါတယ်။French Riviera ၌ဇာတ်အိမ်တည်ထားသောရုပ်ရှင်၏ ဇာတ်ကြောင်းကားImpressionist ပန်းချီဆရာ Pierre-Auguste Renoir ရဲ့ နောက်ဆုံးနှစ်များ၏အနှစ်သာရကို လှပစွာဖမ်းယူရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဒါရိုက်တာ Gilles Bourdos သည် အချစ်၊ အနုပညာနှင့်ခေတ်အပြောင်းအလဲများကြားတွင် ကွဲအက်နေသော မိသားစုတစ်ခု၏ပြင်းထန်သောပုံတူပန်းချီကိုရေးဆွဲထားသည့်နှယ်ရိုက်ကူးပုံဖော်ထားပါတယ်။လှပတဲ့ ကင်မရာရိုက်ချက်များအားအသုံးပြုကာRenoir ၏ အနုပညာစတိုင်ကို ပဲ့တင်ထပ်စေမယ့်ဇာတ်ဝင်ခန်းများကို ရုပ်ရှင်ထဲ၌ ပြန်လည်တည်ဆောက်ဖန်တီးပြခဲ့ပါတယ်။စိမ်းလန်းစိုပြေသောရှုခင်းများ၊ နေရောင်ဖျော့ဖျော့နှင့်တောက်ပလှသော အရောင်များသည် ရူနွာ ၏ ကမ္ဘာပေါ်ရှိပရိသတ်များကို ဖမ်းစားထားသည်များဖြစ်ပါတယ်။ ရုပ်ရှင်၏ အသေးစိတ်နှင့် အချိန်တိကျမှုအပေါ်အာရုံစူးစိုက်မှုသည် ကြည့်ရှုသူများကို အနုပညာနှင့်သဘာဝ ချောမွေ့စွာ ပေါင်းစပ်ထားသည့် 20ရာစုအစောပိုင်းသို့ပြန်လည်ပို့ဆောင်ပေးသကဲ့သို့ဖြစ်နေပါတော့တယ်။ရုပ်ရှင်ရဲ့အဓိကဆွဲဆောင်ထားတဲ့အချက်က လူမှုဆက်ဆံရေးအားသိမ်မွေ့စွာရှာဖွေဖော်ထုတ်တာပဲဖြစ်ပါတယ်။Renoir တစ်ယောက် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို တွန်းလှန်ရင်း၊ သူ၏အနုပညာဝါသနာဟာလည်း မယိမ်းယိုင်သွားဘဲဆက်လက်တည်နေပြီး၊ နောက်ပိုင်းတွင်နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်လာမည့်သားဖြစ်သူဂျွန်၏ ငယ်ရွယ်နုပျိုသောစွမ်းအင်နှင့်လည်းလှပစွာ ဆန့်ကျင်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အဖေနှင့်သား အကြား နူးညံ့သော ဆက်သွယ်မှုကိုသိမ်မွေ့စွာ သရုပ်ဖော်ထားပြီး ၎င်းတို့၏ ဘဝအပေါ်နက်နဲသော အနုပညာ၏ လွှမ်းမိုးမှုများအားတစေ့တစောင်း ပြသထားပါတယ်။Renoir ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်ပြီး ကဗျာဆန်သောခရီးတစ်ခု၊ ...
movie
Renoir (2012)
2012