Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vincent Marino
6.3
Billy Madison (1995)
နာမည်ကျော် ဟာသသရုပ်ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တဲ့အပြင် ဇာတ်ညွှန်းပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကားလေးတစ်ကားပါ။ဒီဇာတ်ကားမှာ adam က အဓိကဇာတ်ကောင် Billy madison နေရာကနေသရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ Billy ဟာ နေ့တိုင်း အရက်သောက်၊ ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်သူဌေးသား လူကြီးပေါ ကြီးတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ သူ့အဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်ယောက်ကို အမွေပေးဖို့ဖြစ်လာပါတယ်။အဲဒီ့အခါမှာ Billyက ဒီအမွေတွေကိုဆက်ခံဖို့ ထိုက်တန်ကြောင်း ကို သူငယ်တန်းကနေ အထက်တန်းကျောင်းအောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်သေပြမလဲဆိုတာကို....Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai
movie
Billy Madison (1995)
6.6
Half Baked (1998)
ဒီဇာတ်ကားလေးကတော့ အမေရိကန် ဟာသ Show တွေမှာ တွေ့ရတဲ့ David Khari Webber Chappelle ပါဝင်သရုပ်ဆောင်ထားတဲ့ Stoner တို့အကြိုက် ဟာသဇာတ်နှောလေးပဲဖြစ်ပါတယ်။ Stoner တို့ဖြတ်သန်းနေရတဲ့ ဘဝအကြောင်းတွေ၊ လွဲချော်မှုတွေ၊ ပညာပေးကဏ္ဍလေးတွေ၊ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ကိစ္စတွေရော ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စတွေကိုပါပေါင်းထုပ်ဇာတ်လမ်းဆင်ပြီး ဟာသလေးနှောကာ တင်ဆက်ပြသထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ရကျိုးနပ်စေမှာတော့အမှန်ပါပဲ။ stoner life အကြောင်းကို ကောင်းကောင်းကြီး ဖော်ပြပေးနိုင်တဲ့ ဇာတ်ကား တစ်ကားဆိုတာတော့ငြင်းမရပါဘူး။ဇာတ်လမ်းလေးရဲ့အစမှာတော့ သားဂွတ်ဂျန်ကင်း တို့ ငယ်သူငယ်ချင်း ၄ယောက် ဝေါ်ကိဆိုတဲ့ အရာကို စပြီးထိတွေ့မိလိုက်တဲ့အချိန်ကို အခြေပြုထားပါတယ်။ ဝေါ်ကိကို အရမ်းသဘောကျသွားတဲ့ သူငယ်ချင်း ၄ယောက်နဲ့အတူ ဘယ်လိုတွေ ချိတ် ရှာကြတယ်၊ ဘယ်လိုနေရာကဘာတွေရတယ်၊ ဘယ်သူတွေက ဘယ်လိုဂျင်းကျွေးတယ်၊ ဘယ်သူတွေကတော့ ထုံးစံအတိုင်း နေလှန်းတယ်ဆိုတာတွေကို ပေါ်ပေါ်လွင်လွင် ရိုက်ကူးတင်ဆက်ပေးထားပြီး ဝေါ်ကိရဲ့ကောင်းကွက် ဆိုးကွက်တွေကိုပါ မျှမျှတတ ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာ အစာကောက်ကြတဲ့အချိန် ...
movie
Half Baked (1998)