Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vincent Lindon
6.1
Both Sides of the Blade (2022)
ဒီကားကတော့ လူလတ်ပိုင်းအရွယ်တွေအတွက် ပညာပေးဇာတ်လမ်းတစ်ခုပါကိုယ်ချစ်တဲ့သူနဲ့ အတူမနေရဘဲ အတူနေတဲ့သူကိုလည်း မချစ်ပေမယ့် လက်မလွှတ်နိုင်တဲ့အခါ အားလုံးဟာ ရင်နာ စရာတွေပဲပေါ့သူငယ်ချင်း ၂ယောက်ကိုမှ မပြတ်မသား ပတ်သက်မိတဲ့ ဆာရာ.......လုပ်ငန်းရှင် တစ်ဖြစ်လဲ အချစ်ဟောင်း ဖရန်ဆွာ.......ထောင်ထွက် သားတစ်ယောက်အဖေ တစ်ခုလပ် ဂျင်း.........ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ဘယ်လို ပြသနာတွေ ကြုံရမလဲ ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ကြမလဲ ဆိုတာ အားပေးလိုက်ကြပါအုံး File size…(1.7 GB)/(845 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre... Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug
movie
Both Sides of the Blade (2022)
8.1
La Haine (1995)
Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့် ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / ...
movie
La Haine (1995)
6.1
Mea Culpa (2014)
ဇာတ်လမ်အကျဉ်းလေးကတော့ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီးအခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက်အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေလိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကိုဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက်ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမားတွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး File size…1.74GB / 696MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Mea Culpa (2014)
7.9
Anything for Her (2008)
ဇာတ်လမ်းနာမည်လေးအတိုင်း ဇနီးအတွက် ဘာမဆိုလုပ်ပေးမယ့်ယောကျာ်းတစ်ယောက်ကိုမြင်တွေ့ရမှာမယ့် ပြင်သစ် Crime DramaThrillaကားလေးဖြစ်ပါတယ်... ဂျူလီယန် နဲ့ လီဆာဟာ ကလေးတစ်ယောက်နဲ့ သာမန်ပျော်စရာမိသားစုဘဝလေးကို နေထိုင်နေကြသူတွေပါ...။တစ်နေ့ကျတော့ သူတို့တိုက်ခန်းကို ရဲတွေ ဝင်စီးပြီး လီဆာကိုဖမ်းခေါ်သွားပါတယ်။ အမှုမေးတော့ လူသတ်မှုတဲ့...လီဆာမကျူးလွန်တဲ့လူသတ်မှု။ဖြစ်နိုင်စရာမရှိပါဘူး။ ဘာလို့ဆို သူတို့က ရိုးရိုးအေးအေးနေတဲ့ လင်မယားစုံတွဲ၊တစ်ယောက်က ကျောင်းဆရာ တစ်ယောက်က ရုံးဝန်ထမ်း...။ပြစ်မှုကျူးလွန်ဖို့ ပူလောင်သောကရောက်စရာလည်းမရှိသူတွေပါ။ဒါပေမဲ့ ကိုယ်ကျင့်တရားတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေကအနိုင်ရစမြဲပဲ ဖြစ်နေတော့ လီဆာဟာ ထောင် နှစ် ၂၀ကျသွားပါတယ်။ကိုယ်ချစ်တဲ့သူ တစ်ဦးတစ်ယောက် အပြစ်မရှိဘဲ ထောင်ထဲရောက်သွားရင်ဘယ်လိုနေမလဲ... ဘယ်လိုခံစားရမလဲ... ဘာတွေပြန်ကြိုးစားပေးမလဲ...။ဒါကို လက်မခံနိုင်တဲ့ ယောကျာ်းဖြစ်သူ ကျောင်းဆရာက ဇနီးဖြစ်သူကိုထောင်ထဲက ခေါ်ထုတ်ဖို့အကွက်ချစီစဥ်ပါတော့တယ်...လူမိုက်လည်းမဟုတ် ဂိုဏ်းစတားလည်းမဟုတ်တဲ့ ရိုးရိုးသာမန်ကျောင်းဆရာတစ်ယောက်က ဘယ်လိုတွေ အသေးစိတ်စီစဥ်ပြီးဇနီးဖြစ်သူကို ကယ်တင်မလဲဆိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.56GB / 583MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ..... Crime , Drama ...
movie
Anything for Her (2008)
6.6
The Moustache (2005)
The Moustache (2005)~ IMDb - 6.6/10, Rotten Tomatoes - 86% ~ပြင်သစ်ဒါရိုက်တာ Emmanuel Carrère ရိုက်ထားတဲ့ Mystery / Drama အမျိုးအစားရုပ်ရှင်ပါ။ ကိန်းကနေ မင်းသားဆုရထားတဲ့ ပြင်သစ်မင်းသား Vincent Lindon နဲ့ César Award for Best Actress ရထားတဲ့ မင်းသမီး Emmanuelle Devos တို့က သရုပ်ဆောင်ပေးထားပါတယ်။ ဝေဖန်ရေးသမားတွေတော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ခဲ့ကြပြီး RT - 86% ရထားပါတယ်။Mystery / Drama ဆိုပေမဲ့ Psychological Drama လိုလို ဘာလိုလိုပါပဲ။ ဒီတစ်ကားလုံးကို မင်းသားနဲ့ သူ့နှုတ်ခမ်းမွှေးအပေါ် အခြေခံထားတယ်။ ကားစစမှာ မင်းသားနဲ့ သူ့မိန်းမပြောစကားအရ မင်းသားဟာ နှုတ်ခမ်းမွှေးမရိတ်တာ တော်တော်ကြာပြီဖြစ်တဲ့လူဆိုတာကို ပြထားတယ်။ ...
movie
The Moustache (2005)
2005
7.3
Betty Blue (1986) 18+
တံကောက်ကြောဖြတ်ထားခံထားရတဲ့မြင်းရိုင်းတစ်ကောင်လို မိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားတစ်ယောက်ရဲ့ သုခ ၊ ဒုက္ခ ၊ ချစ်ဒုက္ခ။ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် ကမ္ဘာကြီးရဲ့လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပန်းကလေးလို ၊ မြင်းရိုင်းလို ၊ စိတ်ရူးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်လို.. မတရားမှုကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့အရိုင်းလေး ဘက်တီရဲ့ဘဝအတုံ့အလှည့်တွေအကြောင်း။ အဖြစ်အပျက်တွေအကြောင်း။ဒီလိုမိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားအတွက်တော့ ဒါဟာ ဝဋ်ကြွေးလို့လည်းခေါင်းစဥ်မတပ်ရက်တဲ့ လှလှပပ စိတ္တဇနာမ်လေးတစ်ခုလို့ပဲ ဆိုရမလား။ အရူးမကိုမှ ရွေးချစ်မိတယ်လို့ပဲ ဆိုရမလား။ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှတော့ သူ့အတွက် အရာအားလုံး လုပ်ပေးချင်ခဲ့တာပါပဲ။ ကြယ်တွေ ခူးပေးတာပဲဖြစ်ဖြစ်။ ဓားပြတိုက်ပေးတာပဲဖြစ်ဖြစ်။ သူ့အတွက်နဲ့ တပါးသူကို အမှိုက်ပီဇာ ဖုတ်ကျွေးမိတာပဲဖြစ်ဖြစ်။ အချစ်ဆိုတာ ဒီလိုပဲလားလို့တွေးမိရင် ဒါက အချစ်ပါပဲလို့ညွှန်းရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ဘက်တီဆိုတဲ့အမျိုးသမီးလေးက Zorg ဆိုတဲ့ယောကျာ်းတစ်ယောက်ဆီကို နေသာတဲ့နေ့တစ်နေ့မှာ ရောက်လာခဲ့ပါတယ်။ သူတို့အတူ ချစ်ရည်လူး တစ်တီတူးနေတာကို မြင်ပြင်းကတ်လှတဲ့လူတွေ သို့မဟုတ် တစ်ဆင့်စကားတွေကြောင့် ဇုရဲ့ အလုပ်ရှင်နားကို ပြန်လည်ပေါက်ကြားသွားတဲ့အခါ... Zorg နေတဲ့တဲကို အလုပ်ရှင်ရောက်လာပြီး ...
movie
Betty Blue (1986) 18+
7.1
Titane (2021)
TITANE(2021) ==============IMDb Rating (7.1) / Rotten Tomatoes (87%)Directed By Julia DucournauArt Filmတွေကို ရွေးတာများတဲ့ နာမည်အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Orကို ရခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီနှစ်ရဲ့ ခုထိအချိန်အတွင်းမှာ Art Filmလိုင်း Horrorလိုင်းမှာ အနောက်ရုပ်ရှင်ဖန်တွေကြား လူပြောအများဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။တစ်ချို့ကတော့ Titaneကို ဘာမှန်းမသိခြင်းနဲ့ surrealismဆန်ခြင်းဆိုတဲ့အပိုင်းမှာ သူ့လိုင်းက နာမည်ကြီးကားတွေဖြစ်ခဲ့တဲ့ Midsommarနဲ့ David Lynchရဲ့ Earserheadထက်ကို အတော်သာတဲ့ မာစတာပိစ်ရုပ်ရှင်လို့ဆိုကြပါတယ်။ ရှင်းရှင်းပြောရရင် ဘာမှန်းမသိတဲ့နေရာမှာ သာတာပါ။ Horror/Thrillerလိုင်းရဲ့ နတ်ဘုရားသဖွယ်ဖြစ်နေတဲ့ A24 Fanတွေကလည်း Titaneကို အတော်သဘောကျနေကြတယ်။ဇာတ်ကြောင်းကို စာ၂ကြောင်းလောက်ရေးပြ လိုက်ရင် အတော်စိတ်၀င်စားသွားကြမှာပေမဲ့ ကျွန်တော်လည်း ဘာမှန်းမသိဘဲ ကြည့်ရင်းမှ ဘာလဲဟဆိုပြီး ဖြစ်ခဲ့ရတာမို့ အဲဒီ၂ကြောင်းလောက်ကို ပြောမိရင်ကို နည်းနည်းပေါ့သွားမယ် ယူဆလို့ မပြောတော့ပါဘူး။ ကိုယ့်ဘာသာကြည့်ပြီးပဲ ဘာလဲဟ လိုက်ကြပါတော့။Cinematographyအပိုင်းမှာလည်း အတော်လေးချီးကျူးခံထားရပါတယ်။ လက်ရှိခေတ်ထထားတာ မကြာသေးတဲ့ နီယွန်ညဆန်ဆန်တွေလည်း တွေ့ရတယ်။ သတိချပ်စရာက Horror Thrillerပေမဲ့ Body Horrorပါ။ကျန်တာတော့ လန့်စရာ မပါပါဘူး။ဟုတ်ကဲ့ ဒီရုပ်ရှင်ဟာ မာစတာပိစ်ရုပ်ရှင်ပါပဲ။ သောက်ကျိုးနဲ ကြောင်တောင်နေတဲ့ ဘာပြချင်တာလဲဆိုတဲ့အချက်ကို ဖမ်းမရတဲ့ ဘုရားစူး မာစတာပိစ်ပါပဲ။ ရုပ်ရှင်ဟာ ဘာကိုမှ ပြဖို့ တာ၀န်မရှိပါဘူး။ Art Houseရုပ်ရှင် ပီပီသသပဲ ဒါရိုက်တာရဲ့ တင်ဆက်ပြသပုံက ပရိတ်သတ်ဘက်ကိုငဲ့ပြီး အကုန်ချပြမထားဘဲ သူပြချင်တဲ့နားကို ...
movie
Titane (2021)
7.3
Dragon Hunters (2008)
ရက်စက်ကြမ်းကြုတ်တဲ့ နဂါးကြီးက နှစ်(၂၀)ပြည့်တိုင်း ပေါ်လာပြီး လူတွေကို သတ်ဖြတ်ပါတယ် အဲဒီနဂါးရဲ့ ရန်ကိုကြောက်တဲ့ ဘုရင်ကြီးက သူ့ရဲ့တူမလေးကို နဂါးကြီးကိုသုတ်သင်နိုင်တဲ့ သူရဲကောင်းကို ရှာဖို့လွှတ်လိုက်ပါတော့တယ် တစ်ဖက်မှာ နဂါးရဲ့ရန်ကြောင့် မိဘကိုဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့သူငယ်ချင်းတို့ဟာ အသက်မွေးဝမ်းကြောင်းအတွက် မုဆိုးအလုပ်ကို လုပ်ပြီးပိုက်ဆံလှည့်လည်ရှာဖွေကြပါတယ် သူတို့နှစ်ယောက်နဲ့ ဘုရင်ရဲ့တူမလေးတို့ မတော်တဆတွေ့ဆုံကြပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ နဂါးကြီးကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ရမှာပါ File Size - 1.16 GB Quality - Bluray 1080P 5.1 Subtitle - Burmese (Hardsub) Translator - Esther Van Sui Par Encoder - Thit San Khant
movie
Dragon Hunters (2008)
2008
6.9
At War(2018)
At War(2018) IMDb....7.0 ဒီတစ်ခေါက်ကတော့ Channel Myanmarပရိသတ်ကြီးအတွက် ပြင်သစ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ At War (2018) ကားလေးကို တင်ဆက်ပေးလိုပါတယ်။ဒီဇာတ်လမ်းလေးကတော့ ပြင်သစ်ကားဖြစ်ပေမယ့် နိုင်ငံတကာစံချိန်မှီစွာပဲ ရိုက်ကူးထားတဲ့ ကားကောင်းလေးပါ။2018 Cannes Film Festivalရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါသေးတယ်။ Rotten Tomatoes 64% ရရှိထားပြီးတော့ IMdb 7/10 ရရှိထားပါတယ်။သမာရိုးကျဇာတ်လမ်းတွေနဲ့ ကွဲထွက်နေတဲ့ ယခုဇာတ်ကားလေးကို အကျဉ်းရုံးပြီး ပြောပြချင်ပါသေးတယ်။ ဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့ အလုပ်သမားထုရဲ့ ဘဝ အလုပ်သမားထုရဲ့ အခွင့်အရေးကိုတင်ပြထားတယ်လို့ပဲပြောရမှာပါပဲ။ စက်ရုံတစ်ရုံဟာ အမြတ်အစွန်းတွေလဲ ရနေရဲ့ သားနဲ့ ရုတ်တရက် ဈေးကွက်ကိုမထိုးဖောက်နိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ချလိုက်ပါတော့တယ်။ထိုအချိန်မှာ စက်ရုံကိုအားထားနေရတဲ့ အလုပ်သမားပေါင်း၁၁၀၀ခန့်ဟာ ဒုက္ခတွေရောက်ပါတော့တယ်။အလုပ်သမားတွေဟာ နစ်နာကြေးတွေကိုလဲ လက်မခံပဲ စက်ရုံပြန်ဖွင့်ပေးဖို့နဲ့အလုပ်ပြန်လည်ရရှိရေးအတွက် ဆန္ဒပြကြပါတော့တယ်။ ၁၁၀၀သောအလုပ်သမားများဟာ ဒုက္ခများစွာရင်ဆိုင်ပြီး တတ်နိုင်သမျှ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကိုရင်ဆိုင်ကြပါတော့တယ်။ ထိုအလုပ်သမားတွေကို မစ္စတာလောရန့်ဆိုတဲ့ စဉ်းစားနိုင်စွမ်းမြင့်တဲ့ အလုပ်သမားကြီးက ဦးဆောင်ပါတယ်။ဒါပေမယ့် သူတို့ကြိုးစားတိုင်းရော အောင်မြင်မှာလား?ဥာဏ်များတဲ့ကုမ္ပဏီခေါင်းဆောင်တွေနဲ့ရောသူတို့ဘယ်လိုရင်ဆိုင်ကြမလဲ ?နောက်ဆုံးဘာဖြစ်လာမလဲဆိုတာကို အသဲတစ်ထိတ်ထိတ်နဲ့မပျင်းမရိကြည့်ရှူရမှာပါ။ ဒီဇာတ်လမ်းရဲ့ ဇာတ်လမ်းတည်ဆောက်ပုံဟာ တမူထူးပါတယ်။အခုလို ထူးခြားပြီးကောင်းမွန်တဲ့ At War (2018) ကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ...
movie
At War(2018)
2018