Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vince Colosimo
6.5
Daybreakers (2009)
Daybreakers (2009) IMDB: 6.4Rotten Tomatoes: 69%Metacritic: 57%Daybreakers (2009) ကတော့ ဗန်ပိုင်းယားကားကိုမှခပ်ဆန်းဆန်းလေးရိုက်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း တော်တော်လေးပြီးပြည့်စုံတာမလို့ကြည့်ရတန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း : အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့်လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။သွေးသောက်၊ အသက်ရှည်တာကလွဲရင်ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှသွေးဟာလည်းရှားပါးလာပါတယ်။အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက်ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်းလူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawkeလိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoeမစ္စတာဘရွန်လေအဖြစ် မင်းသား Sam Neill တို့ကအားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ File size… 4.2 GB / 1.3 GB / 615 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mkv ...
movie
Daybreakers (2009)
2009
4K HEVC
7.0
Body of Lies (2008)
IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson
movie
Body of Lies (2008)
7.1
Chopper(2000)
ဒီဇာတ်ကားကတေ့ာသြစတေးလျလူမိုက် ချော့ပါ ရိဒ်ရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။အမေရိကမှာ အယ်ကပုန်း အင်္ဂလန်မှာ ကရေးညီနောင်တို့လိုပဲ သြစတေးလျမှာအပီအပြင်ကြမ်းခဲ့တဲ့လူမိုက်ကြီးပါ။သြစတေးလျရဲ့ရောင်းအားအကောင်းဆုံးဖြစ်တဲ့ From The Insideဆိုတဲ့ Chopperကြီးရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကိုအခြေတည်ပြီးရိုက်ကူးထားပါတယ်။ဆိုးသွမ်းတဲ့ပြစ်မှုတွေကျူးလွန်သလောက် သူ့ချစ်ခင်သူ သူငယ်ချင်းတွေအပေါ်ဘယ်လိုအနစ်နာခံပုံ၊သူ့ရဲဉာဏ်ကောင်းပုံနဲ့အကွက်ရွှေ့တတ်ပုံတွေကိုလည်းမြင်တွေ့ရမှာပါ။ဖြစ်ရပ်မှန်လူမိုက်ကားရှာနေတဲ့ပရိသတ်ကြီးတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။Chopper ကြီးရဲ့နေရာကနေတော့ Hulkမင်းသားကြီးEric Banaကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…1.07 GB / 449.5 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin
movie
Chopper(2000)
5.6
Wog Boys Forever (2022)
ဒီတစ်ခါတော့ အော်ဇီ ဟာသကားလေးတစ်ကားလောက် ကြည့်လိုက်ရအောင်ပါ။ အဓိကဇာတ်ကောင်ကတော့ တက်စီဒရိုင်ဘာအဖြစ် အသက်မွေးနေတဲ့ စတိဗ် ဆိုတဲ့သူပါ။ ရိုးရှင်းတဲ့ဘဝနဲ့ တလွဲတချော်ဟာသတွေနဲ့ နေထိုင်သူဖြစ်ပေမဲ့ သူ့ကို လက်စားချေဖို့ အကြီးအကျယ် ကြံစည်နေတဲ့သူကတော့ လဝက ဝန်ကြီး ဖြစ်နေပါတယ်။ လက်စားချေရတဲ့အကြောင်းရင်းကလည်း စတိဗ်ရဲ့ တလွဲတချော်အလုပ်တွေကနေ ဝန်ကြီးရဲ့အမေ နိုင်ငံရေးလောကမှာ လုံးဝရပ်တည်မရလောက်အောင်ဖြစ်သွားတဲ့ ဟာသတစ်ခုကြောင့်ပါပဲ။ ဒီလို ဘဝဆန်ဆန်ဟာသကိုမှ သီချင်းလေး အကလေးတွေနဲ့ အချစ်ရေးလေးပါထည့်ထားတဲ့အခါ ဘယ်လိုဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်...File size…(2.63GB) / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:49:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Phonn Pyae
movie
Wog Boys Forever (2022)
4.5
Girl at the Window (2022)
Girl at the Window (2022)အေမီဟာ လူသတ်သမားအကြောင်းတွေ သွေးသံရဲရဲ သတ်ဖြတ်မှုအကြောင်းတွေ ပုံတိုပတ်စ ရုပ်ရှင်တွေနဲ့ ဝတ္ထုတွေကို ခုံမင်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်တယ်။ဆယ်ကျော်သက်ဆိုတဲ့အတိုင်း ကိုယ်သဘောကျတဲ့အရာတွေကို လက်တွေ့နဲ့ ယှဥ်ပြီး စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်။ပြောရရင် လူသတ်သမားကို ရှာချင်တဲ့ စုံထောက်မလေးတစ်ယောက်လို နေချင်တယ်ပေါ့။အဲ့တော့ ဘာလုပ်လဲ? သူမအိမ်ပြတင်းပေါက်ကနေ မှန်ဘီလူးတစ်လက်နဲ့ ဟိုဒီလျှောက်ကြည့် စပ်စုနေတော့တာပေါ့။အဲ့လိုနဲ့ သူမရောက်နေတဲ့ မြို့လေးမှာအရင်က ရှိခဲ့ဖူးတဲ့ Clockwork killer ဆိုတဲ့ serial killer ဇာတ်လမ်းဟာ အရင်ကဟိုးလေးတကျော်ဖြစ်ခဲ့သလောက် အခုတော့ လူသတ်မှုတွေ ဆိတ်သုဥ်းနေတဲ့ အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အေမီ့ အတွေးထဲမှာတော့ Clockwork Killer ဟာ အငြိမ်နေမှာမဟုတ်ဘူး။ တစ်ရက်တော့ကျိန်းသေ ပြန််ပေါ်လာမယ်ဆိုတာ စုံထောက်အဖြစ်စိတ်ကူးယဉ်ရတာကြိုက်တဲ့ ညာဥ်ကြောင့် သူမအတွေးထဲမှာ တစ်ချိန်လုံးနေရာယူထားပါတော့တယ်။ဒီလိုနဲ့တစ်ရက်ကျတော့ သူမထင်ထားတဲ့အတိုင်း Clockwork Killer ပြန်လဲပေါ်လာရော သူမနဲ့မှဘယ်လို ...
movie
Girl at the Window (2022)
2022
7.2
The Great Gatsby (2013)
The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie
The Great Gatsby (2013)
2013
5.2
Occupation: Rainfall (2020)
Occupation: Rainfall (2020)====================IMDb Rating - 5.2/10ဂြိုလ်သားမျိုးနွယ် နဲ့ လူသားမျိုးနွယ် အချင်းချင်းချကြပါပြီ။ အကျင့်မကောင်းတဲ့ လူသားမျိုးနွယ် နဲ့ နယ်မြေကျူးကျော်ချင်တဲ့ဂြိုလ်သားမျိုးနွယ်တို့ တို့ တိုက်ခိုက်ကြတဲ့အခါ ဘယ်သူနိုင်မယ်လို့ ထင်ကြလဲ ပရိသတ်ကြီး...အခုဇာတ်လမ်းလေးက ၂၀၁၈ လောက်က ထွက်ခဲ့တဲ့ Occupation ကားရဲ့အဆက်ဖြစ်ပြီး ဇာတ်လမ်းရဲ့ မူလအရသာမပျောက်သွားအောင် Home and Away နဲ့နာမည်ကျော်ခဲ့တဲ့ ဩစတြေးလျမင်းသား Dan Ewing ကပဲ အခုဒုတိယအတွဲမှာ ပြန်လည်သရုပ်ဆောင်ခဲ့ပါတယ်။ ဘဲကြီးရဲ့ သရုပ်ဆောင်ပိုင်နိုင်မှု နဲ့ ဇာတ်လမ်းထဲက ဂျစ်ကန်ကန်စတိုင်တွေကြောင့် ရုပ်ရှင်ချစ်ပရိသတ်ကြီးကိုထပ်ပြီးဆွဲဆောင်မှာတော့ မြင်ယောင်မိပါသေးတယ်။ပထမပိုင်းဖြစ်တဲ့ Occupation မှာတော့ ကျူးကျော်လာသူ ဂြိုလ်သားတွေကို ပြန်လည်တိုက်ခိုက်ဖို့ လူသားမျိုးနွယ်တွေအချင်းချင်းမဟာမိတ်ဖွဲ့ပြီးပြင်ဆင်ခဲ့ပါတယ်။ မဟာမိတ်အဖွဲ့တိုက်ခိုက်ပြီး လူသားမျိုးနွယ်ထဲကို ဂြိုလ်သားတွေရောနှောပေါင်းစပ်လာတော့မှရင်ခုန်စရာကောင်းအောင် အဆုံးသတ်သွားပြီးနောက် အခု ၂၀၂၁ မှာတော့ ဒုတိယအပိုင်းထွက်ရှိလာခဲ့ပါပြီ။ကမ္ဘာမြေပေါ်ကို ဂရေး လို့ခေါ်တဲ့ ဂြိုလ်သားအုပ်စုကြီး ဆင်းသက်လာတဲ့အချိန်ကစပြီး ...
movie
Occupation: Rainfall (2020)
2020