Channel Myanmar

Viktor Zhdanov

How Is Katia? (2022) 6.9
How Is Katia? (2022)  ယူကရိန်းသရုပ်ဆောင်မင်းသမီး အန်နာစတေးရှားက ဒီရုပ်ရှင်ထဲမှာ သမီးလေးအတွက်ရုန်းကန်ရတဲ့ အမေတစ်ယောက်အဖြစ်ရော၊လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေမှာ ရှင်သန်ရုန်းကန်နေရတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ရောကို အကောင်းဆုံးပီပြင်စွာ ခံစားသက်ဝင်နိုင်ခဲ့တဲ့အတွက် ၂၀၂၂ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ကာတီယာဆိုတဲ့ ဆယ့်တစ်နှစ်သမီးလေးရဲ့ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အလုပ်သုံးလေးခုလုပ်ရင်း ကြိုးစားနေတဲ့ မိခင်ဖြစ်သူ အာနီယာ။ အာနီယာတို့သားအမိက စိတ်အခြေအနေသိပ်မကောင်းတော့တဲ့ မိခင်အိုကြီးရယ်၊ အစ်မဖြစ်သူရယ်နဲ့ အတူနေနေပေမဲ့ ဘဏ်ကြွေးယူပြီး သားမိနှစ်ယောက်အတူနေဖို့ တိုက်ခန်းဖိုးကြေအောင်ဆပ်နေရသူ။ တစ်ရက်မှာ သမီးဖြစ်သူ ကျောင်းအသွား ကားတိုက်ခံလိုက်ရတာကနေ အာနီယာရဲ့ဘ၀က ပြိုလဲပျက်စီးဖို့ အစပြုလာပါတော့တယ်။သမီးဖြစ်သူရဲ့ ကျန်းမာရေးစရိတ်၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ တရားမျှတမှုရရှိဖို့၊ တိုက်ခန်းဖိုးဆက်မသွင်းနိုင်လို့ ဘဏ်ကနေ တိုက်ခန်းကိုသိမ်းဖို့အကြောင်းကြားတာတွေ။ ဒီလိုအဖြစ်အပျက်တွေကြားမှာ ရုန်းကန်ရတဲ့ အာနီယာရဲ့ဘ၀ကို ပီပီပြင်ပြင်ရိုက်ကူးပြထားလို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

How Is Katia? (2022)

Carol of the Bells (2022) 8.1
Carol of the Bells (2022) Carol of the Bells (2022) ==================ဒီဇာတ်ကားလေးကတော့ ဆိုဗီယက်ပြည်ထောင်စုကို နာဇီဂျာမနီတို့ ကျုးကျော်စဥ်က ဂျူးလူမျိုးတွေရယ် ဆိုဗီယက်ပြည်သူတွေ ဘယ်လိုဒုက္ခများစွာခံရလဲ၊ သတ် ဖြတ်ခံခဲ့ရလဲဆိုတဲ့ဒုက္ခများစွာကို အိမ်နီးချင်းမိသားစုနှစ်စု အကြောင်းလေးနဲ့ အတူရိုက်ပြထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ရန်သူ​အပေါ်မှာတောင်​ ဂီတရဲ့သက်ရောက် နိုင်စွမ်း အနှစ်သာရတွေကိုအမွှမ်းတင်ပြသထားတဲ့ ဇာတ် လမ်းလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းကအနည်းငယ်အေးသလိုထင်ရပေမယ့်၊ ဂီတကို ချစ်တဲ့သူတွေအတွက်တော့ inspiration ကောင်းကောင်း ပေးနိုင်တဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ momo ဖြစ်ပါတယ်)File Size..........(2.16 GB) / (725 MB) / (398 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs 05Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......momo Encoder..........SWM
movie

Carol of the Bells (2022)

2022
Cyborgs: Heroes Never Die (2017) 8.3
Cyborgs: Heroes Never Die (2017) Cyborgs: Heroes Never Die (2017)IMDb.....8.32014 တုန်းက ရုရှားတွေရဲ့ကျူးကျော်စစ်ကို ယူကရိန်းတွေခုခံခဲ့ကြတဲ့ တိုက်ပွဲတွေထဲကတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ဖို့ဆိုရင် အဲ့ဒီလူရဲ့ အဓိကနေရာဖြစ်တဲ့ နှလုံးသား အလယ်ဗဟိုတည့်တည့် ချိန်ရွယ်ပစ်ခပ်သိမ်းပိုက်ဖို့လိုပါတယ်... ဒီလိုပဲ စစ်ပွဲတစ်ပွဲမှာဆိုလည်း အောင်မြင်ရေးသော့ချက်ဖြစ်တဲ့ အဓိက အချက်အချာမြေကို သိမ်းပိုက်ဖို့ ကြိုးစားကြပါတယ်...ယူကရိန်းနိုင်ငံကDonetskလေဆိပ်ကိုရုရှားတွေလာရောက်တိုက်ခိုက်နေကြတယ်.... အဲ့လေဆိပ်ကိုဘာလို့တိုက်ရလဲဆိုတော့ အထက်ကပြောခဲ့သလို အချက်အချာမြေနေရာဖြစ်နေလို့ပါပဲ... ဒီလေဆိပ်ကျသွားရင် ယူကရိန်းကျသွားတာနဲ့တူတူပဲဖြစ်နေလို့ပါ... ဒါ့ကြောင့် ယူကရိန်းတို့ ဒီလေဆိပ်မကျသွားဖို့အရေးကို စစ်သည်အပေါင်းတို့ဟာ တတ်စွမ်းသမျှ အတတ်နိုင်ဆုံးခုခံဖို့ကြိုးစားကြပါတယ်...ဒီစစ်သည်တွေ အောင်မြင်ပါ့မလား... အသက်ပေါင်းများစွာ ဘယ်လောင်တောင်ပေးဆပ်လိုက်ကြရလဲ.... သူရဲကောင်းတွေဟာ ဘယ်သူများဖြစ်မလဲ.... စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ...ဒီကားကတော့ ယူကရိန်းစစ်ကားတစ်ကားဖြစ်ပြီးပြီးတော့ အောင်မြင်မှုတွေလည်းရသလို IMDb မှာဆိုလည်း 8.3တောင်ရထားလေတော့ ထွေထွေထူးထူးတော့ပြောစရာလိုမယ်မထင်ပါဘူး...ခံစားကြည့်လိုက်ဦးဗျို့...File Size : (1.1 GB)/(850 MB) / (332MB) Quality : Blu-Ray 1080p HEVC/720p/480p Format…mp4 Duration…01:52:00 Genre : Action, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded ...
movie

Cyborgs: Heroes Never Die (2017)

1080p HEVC
The Rising Hawk (2019) 5.8
The Rising Hawk (2019) The Rising Hawk (2019) ===================IMDb Rating  5.8/10 ဒီနေ့အတွက် အမိုက်စား Action , Drama, History ကားလေးကိုတင်ပေးချင်ပါတယ်။မွန်ဂိုတွေ အင်အားကောင်းချိန် ၁၂၀၀ ကျော်ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။ဉရောပ - အာရှနယ်စပ် ယူကရိန်း အမေရိကန်နယ်မြေ၊ ကပ်သရီသန်တောင်းတန်းဒေသမှာအေးအေးချမ်းချမ်းနေထိုင်တဲ့ ယူက‌ရေးနီးယမ်းလူမျိုးတွေဟာ တောင်ယာလုပ် အမဲလိုက်တဲ့လူမျိုးတွေဖြစ်ပါတယ်။ ဒီလူမျိုးတွေရဲ့နယ်‌မြေကို ဂျင်ဂျစ်ခန်ရဲ့ မွန်ဂိုတပ်တွေ ကျူးကျော်တိုက်ခိုက်လာတဲ့အခါ.... မိမိနယ်မြေကို ဘယ်လိုခုခံကာကွယ်သွားမလဲဆိုတာ ကြည့်ရမှာပါ။ သမိုင်းစိတ်ကူးယဉ်၀တ္ထုကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပေမယ့် သမိုင်းကြောင်းတစ်ခုကိုပြန်လည် မြင်ယောင်ထင်မှတ်စေလောက်အောင်ကောင်းမွန်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 05minSubtitle – Myanmar HardsubFormat – Mp4Genre :  Action , Drama, ...
movie

The Rising Hawk (2019)

2019