Channel Myanmar

Vikram Gaikwad

Hide and Seek (Lapachhapi) (2017) 7.6
Hide and Seek (Lapachhapi) (2017) Lapachhapi 2017 (တူတူပုန်းတမ်း)တူရှာနဲ့နီဟာတို့ဟာ အရမ်းကိုချစ်ကြတဲ့လင်မယားတွေပေါ့။ လင်မယားတွေ ချစ်ချစ်ခင်ခင်နေလာကြရင်း နီဟာရဲ့ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာတော့ တူရှာဟာ အကြွေးကိစ္စတွေနဲ့ ပုန်းဖို့ဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာတော့ တူရှာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဘာဟူရောဝ်က သူ့ရွာက ခေါင်တဲ့နေရာမှာရှိတာဖြစ်လို့ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းတဲ့အခါမှာ တူရှာတို့လင်မယားနှစ်ယောက် ဘာဟူရောဝ်တို့ရွာကို လိုက်ပါနေထိုင်ဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ဘာဟူရောဝ်တို့ရွာကိုရောက်လာတဲ့အခါ ရွာက ကြံခင်းတွေနဲ့ပဲပြည့်နေပြီး လူနေအိမ်ရယ်လို့ မမြင်ရပါဘူး။ ဒီလိုနဲ့ နေလာရင်း နီဟာတစ်ယောက် အိမ်နားမှာ ကလေးတွေလာရောက်ဆော့ကစားတာကို ရုတ်တရက်မြင်လိုက်မိတာမျိုးရှိပေမယ့် သေချာကြည့်ရင် ပျောက်ပျောက်သွားတာမျိုးကြုံတွေ့လာရပါတော့တယ်။အဲဒီလိုနဲ့ ရွာမှာလူဆိုလို့ ဘာဟူရောဝ်နဲ့ သူ့မိန်းမကလွဲရင် မမြင်ရတဲ့နေရာကြီးမှာ တူရှာတို့လင်မယား ဘယ်လိုတွေ တွေ့ကြုံရမလဲ ........ ရုတ်တရက်တွေ့တွေ့နေရတဲ့ ကလေးတွေကရော ဘယ်သူတွေဖြစ်မလဲ ....... ဒီရွာကြီးရဲ့ နောက်ကွယ်က ကိစ္စတွေကရော ဘာတွေလဲ.... ဆိုတာတွေကို ကြည့်ရှုရမယ့် ဒရာမာဟော်ရာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ToMo~Alex~KKKZ~Linn Lunnတို့ပဲဖြစ်ပါတယ်) File size… 1.8GB / 902MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ToMo~Alex~KKKZ~Linn Lun
movie

Hide and Seek (Lapachhapi) (2017)

Shivrayancha Chhava (2024) 7
Shivrayancha Chhava (2024) Shivrayancha Chhava (2024)"ဧကရာဇ်ဆမ်ဘာဂျီ" =======================================ရုံတင်စဉ်က ဒုတိယဝင်ငွေအကောင်းဆုံး မာရသီစကားပြောရုပ်ရှင်ဖြစ်ခဲ့တဲ့ ဒီသမိုင်းနောက်ခံရုပ်ရှင်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် မာရသာအင်ပါယာကို တည်ထောင်ခဲ့တဲ့ မင်းကြီးရှီဗာဂျီရဲ့အကြီးဆုံးသား မင်းကြီး ဆမ်ဘာဂျီရဲ့ဘဝကိုပုံဖော်ပြထားတာပဲဖြစ်ပါတယ်။မင်းကြီးရှီဗာဂျီ နတ်ရွာစံသွားတဲ့အတွက် မာရသာအင်ပါယာပြိုကွဲပြီလို့ထင်နေတဲ့ မိုဂူလ်ဧကရာဇ် အာရန်ဇက်ဟာ ဘူဟန်ပူရ်မြို့ကို အိန္ဒိယတောင်ပိုင်းရဲ့ မြို့တော်အဖြစ်ပြောင်းလဲဖို့ သူ့ရဲ့တပ်မှူး ဗဟာဒူးရ်ကို တာဝန်ပေးခဲ့ပါတယ်။ရက်စက်ကြမ်းကြုတ်တဲ့ တပ်မှူးဗဟာဒူးရ်ဟာ ဘူဟန်ပူရ်မြို့ကို မတရားသဖြင့်အုပ်ချုပ်နေတဲ့အတွက် အသက်ငယ်ရွယ်ပေမဲ့ ပညာဉာဏ်ပြည့်ဝတဲ့ မင်းကြီးဆမ်ဘာဂျီက ဗဟာဒူးရ်လက်ထဲကနေ ဘူဟန်ပူရ်မြို့ကို ကယ်တင်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်ထဲမှာ အဓိကမြင်တွေ့ရမှာ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.17GB / 1.44GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Shivrayancha Chhava (2024)

2024