Channel Myanmar

Vijay Maurya

Maidaan (2023) 8.4
Maidaan (2023) Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက် အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့ အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့ Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…3.4GB / 1.7GB  Quality…WEB DL 1080p / 720p Format…mp4 Duration….3h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Maidaan (2023)

2024
Kho Gaye Hum Kahan (2023) 8.8
Kho Gaye Hum Kahan (2023) Kho Gaye Hum Kahan (2023)"ဘယ်မှာလမ်းတွေပျောက်ခဲ့" ============================================= မင်းသမီးချောလေး အာနန်ယာပန်ဒေး၊ The White Tiger ထဲက မင်းသား ဂေါ်ရပ်ဗ်နဲ့ Gully Boy ထဲက MC Shaah နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသား ချာတူရ်ဗေဒီတို့ရဲ့ ရုပ်ရှင်သစ်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဟာနာ၊ အီမာ့ဒ်နဲ့ နီးလ်ဆိုတဲ့ စရိုက်မတူ၊ အလုပ်အကိုင်မတူကြတဲ့ ငယ်သူငယ်ချင်းသုံးယောက်ဟာ မွမ်ဘိုင်းမြို့ကြီးမှာ တိုက်ခန်းတစ်ခုငှားကာ အတူနေကြပါတယ်။ဒီလို နေကြရင်း အသက် ၂၀ ကျော်ဝန်းကျင် လူငယ်တွေဘာသာဘာဝ ရည်ရွယ်ချက်တွေဝိုးတဝါးဖြစ်ကာ အနိမ့်အမြင့်အတက်ကျပေါင်းစုံကို အတူတူဖြတ်ကျော်ကြပုံတွေကို ပေါ့ပေါ့ပါးပါးဖြစ်အောင်တင်ဆက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ တင်ဆက်ထားပုံလေးက ထူးခြားတဲ့အပြင် cast တွေကလည်း ရှယ်တွေဖြစ်တာကြောင့် အချိန်ပေးရကျိုးနပ်တဲ့ ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ရေးသားသူတွေကတော့ Yunni ~ V ~ ToMo ~ Alex ~ KKKZ နဲ့ Zwe Yan တို့ပဲ ဖြစ်ကြပါတယ်။)( ...
movie

Kho Gaye Hum Kahan (2023)

2023
Darlings (2022) 6.7
Darlings (2022) Darlings (2022) ဂန်ဂူးဘိုင် ဇာတ်ကောင်နဲ့ ဒီနှစ်ကြမ်းထားတဲ့ မမ အာလီယား ဘတ်ရဲ့ ဇာတ်ကား အသစ်လေးပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...Badru ဆိုတဲ့ ကောင်မလေးတစ်ယောက်က သူ့ချစ်သူနဲ့ လက်ထပ်လိုက်တယ်။ သူ့ယောကျ်ားက အရက်မူးပြီဆို သွေးဆိုးပြီ။ သူ့ကို အကြောင်းမရှိ အကြောင်း ရိုက်တာပဲ။ အမူးပြေပြီဆိုရင်တော့ ဒါလင် ဒါလင်လို့ ခေါ်ပြီး အသေချော့ရော ...Badru ကလည်း ဒါ သူ့ယောကျ်ားအပြစ် မဟုတ်ဘူး။ အရက်ဖြတ်ရင် ရပြီဆိုပြီး သည်းခံတယ်။ခုခေတ် မိန်းကလေးတွေရဲ့ ထုံးစံအတိုင်း Badru တစ်ယောက် ကိုယ်ချစ်ရတဲ့သူကို ကောင်းလာအောင် ပြုပြင်ပေးနိုင်ဖို့ အသေအလဲကြိုးစားရင်းကနေမှ ဘာတွများ ဆက်ဖြစ်လာမလဲ?ဒီဘက်ခေတ်နဲ့ လျော်ညီစွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပြီး ဇာတ်ရှိန်အတင်အချတွေနဲ့ ပရိသတ်တွေကို အဆုံးထိ ဆွဲခေါ်သွားပေးဦးမဲ့ နောက်ထပ် အိန္ဒိယ ဒရမ်မာ အလန်းစားလေး တစ်ကားတာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး ခင်ဗျာ။File Size : ...
movie

Darlings (2022)

2022
Gully Boy (2019) 8.4
Gully Boy (2019) Gully Boy(2019)IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်.....မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်....တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ ...
movie

Gully Boy (2019)

2019
4K HEVC
The White Tiger 2021 7.2
The White Tiger 2021 Netflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။ မင်းသား မင်းသမီးတွေက နာမည်ကြီးတွေလို့တော့ ပြောကြတယ်ဗျ။ ကျွန်တော်ကတော့ အကြည့်နည်းလို့ သိပ်မသိဘူး။ ဒါပေမယ့် ဇာတ်လမ်းအကြောင်းကိုပဲ ပြောရအောင်။ သိပ်ကောင်းပါတယ်။ အိန္ဒိယရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်နဲ့ တွေ့ခွင့်ရဖို့ သူ့ဘဝဇာတ်ကြောင်းကို အီးမေးလ် ပို့ရာကနေ စတာပေါ့ဗျာ။ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေ အမျိုး ၁၀၀၀ လောက် ရှိခဲ့ပေမယ့် တကယ်တော့ ဇာတ် ၂ မျိုးပဲ ရှိပါတယ်။ ဗိုက်ပူနေတဲ့သူနဲ့ ဗိုက်ပိန်နေတဲ့သူပေါ့။ သခင် နဲ့ အစေခံပေါ့။ အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ကွာခြားမှုအမြင်တွေ ရုန်းကန်မှုတွေ အကြောင်း ကောင်းကောင်းကြီး ပုံဖော်ထားတာပါပဲ။ ဇာတ်လိုက်ရဲ့ ဥပမာကတော့ သူတို့လို အစေခံ လူတန်းစားတွေကို ကြက်လှောင်အိမ်ထဲက ကြက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်ဗျာ။ ကြက်လှောင်အိမ်ထဲက ကြက်တွေဟာ သူတို့ရှေ့မှာ ကြက်တွေကို သတ်နေတာတွေ မြင်ရတယ် သွေးနံ့တွေရတယ်။ ဒါပေမယ့် လှောင်အိမ်ထဲက ထွက်ဖို့ မကြိုးစားကြဘူး။ အစေခံတွေအားလုံးဟာလည်း ဒီလိုလူတွေပဲလို့ ဆိုထားတယ်။ ဒီဇာတ်လမ်းကတော့ ကြက်လှောင်အိမ်ထဲကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပေါ့ဗျာ။ အားလုံးကြိုက်ကြမှာပါ။ File size…(1.7 GB) and (900 MB) Quality…Blu-Ray ...
movie

The White Tiger 2021

Tumhari Sulu (2017) 6.9
Tumhari Sulu (2017) Sulu Chnar _ အိမ်​​ထောင်​ရှင်​မတစ်​​ယောက်​ ၊ အိမ်​မှုကိစ္စရပ်​​တွေမှာ ​စေ့ငှပြီး ခင်​ပွန်းဖြစ်​သူကို ဇနီး​ကောင်းတစ်​​ယောက်​လို ၊ သူငယ်​ချင်းတစ်​​ယောက်​ကဲ့သို့ သတ်မှတ်ပြီး​​ပျော်​​ပျော်​ရွှင်​ရွှင်​ဘဝကိုဖြတ်​သန်း​နေသူ ။မူလတန်းအရွယ်​ က​လေးတစ်​ယက်​၏ မိခင်​ ။ခင်​ပွန်းဖြစ်​သူရဲ့ အသိုင်းအဝန်းစူလိုချနားရဲ့အိမ်​ကို မကြာဆိုသလို လာ​ရောက်​လည်​ပတ်​တတ်​ပြီး သူတို့ အလုပ်​အကိုင်​အ​ကြောင်း​တွေကို ကြွားလုံးထုတ်​ စူလိုချနား မခံချင်​​အောင်​ မီး​မွှေးကြတဲ့သူ​တွေ​ပေါ့ ။အသိုင်းအဝန်းမှာ သူမပညာမတတ်​တာကိုဘဲ အမြဲ ရမယ်​ရှာပြီး အပြစ်​​ပြောခံ​နေရတတ်​သူ ၊ စူလိုချနားဟာ ဒီလိုအချိန်​​တွေမှာ နား​ထောင်​​ကောင်း​ကောင်းနဲ့ အမြဲတမ်းအငြိမ်​​နေသည်းခံတတ်​သူ​တော့မဟုတ်​ပါဘူး။တစ်​ခွန်း​ဆိုရင်​ ဆယ်​ခွန်းပြန်​ဆိုလိုက်​ရမှ ​နေသာထိုင်​သာရှိသူတစ်​​ယောက်​အိမ်​​ထောင်​ရှင်​မ စူလိုချနားမှာ ​ကောင်းတဲ့အကျင့်​စရိုက်​​လေးတစ်​ခုက ဘယ်​အလုပ်​ကိုမဆို ငါလုပ်​နိင်​တယ်​ ဆိုတဲ့ ခံယူချက်​​လေးပါဘဲ ။လင်​​ယောက်ျားဖြစ်​သူ အရို့ က်​ တစ်​​ယောက်​တည်းဝင်​​ငွေနဲ့ ရပ်​တည်​​နေတာကို တစ်​ဖက်​တစ်​လမ်းကကူညီ​ဖြေရှင်း​ပေးချင်​တဲ့ စိတ်​​လေးက စူလိုချနားမှာရှိ​နေတယ်​။စိတ်​ထဲရှိတာတင်​မဟုတ်​ အိမ်​တစ်​​ဆောင်​ရဲ့ လိုအပ်​ချက်​ဖြစ်​တဲ့ မီးဖို​ချောင်​သုံးပစ္စည်း ပန်းကန်​ ခွက်​​ယောက်​မကျန်​ တီဗီအဆုံး စူလိုချနား ဖြည့်​ဆည်းထားတာ​ချည်း ။ယောက်ျားအသုံးစရိတ်​နဲ့ ...
movie

Tumhari Sulu (2017)

2017