Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Víctor Hugo Ogaz
7.7
The Motorcycle Diaries (2004)
ဒီဇာတ်ကားက အော်စကာဆု ၁ဆု နဲ့ တခြားဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ခု။ ဆုတွေအများကြီးသိမ်းပိုက်ရအောင်လည်း ထိုက်ထိုက်တန်တန်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဇာတ်လမ်းဆိုတာထက် ဖြစ်ရပ်မှန် Documentaryနဲ့ ပိုတူတယ်လို့ပြောရမယ်။မြန်မာပြည်မှာလည်း ရဲဘော်ချေဆိုပြီး လူသိများကြတဲ့ ကျူးဘားတော်လှန်ရေးမှာ လူသိများတဲ့တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ တော်လှန်ရေးစိတ်ကို သန္ဓေတည်ပေးလိုက်တဲ့ ခရီးစဉ်အကြောင်းရိုက်ထားတာလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့အဲနက်စ်ဒိုဂွေဗားရားက နောက်ဆုံးနှစ်ဆေးကျောင်းတက်နေတဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် ရင်ကြပ်ရောဂါအခံလည်းရှိသူ မိဘများကလည်းအလိုလိုက် ဂရုစိုက်ခံထားရတဲ့ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယာက်။ အဲဒီလူငယ်လေးက အဲဘက်တိုလို့ခေါ်တဲ့ သူ့မိတ်ဆွေနဲ့ တိုက်ကြီးအနှံ့ခရီးထွက်ပြီးမိတ်ဆွေဖြစ်သူရဲ့ အသက်သုံးဆယ်ပြည့်နှစ်ကို ဗင်နီဇွဲလားမှာ ကုန်ဆုံးကြမယ်ဆိုပြီး စိတ်ကူးနဲ့ ဆိုင်ကယ်တစ်စီးနဲ့ခရီးနှင်လာကြပါတယ်။ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုယ့်မြေကိုယ့်ရေမှာ နေစရာပျောက်ကြရတဲ့တိုင်းရင်းသားတွေကို မျက်ဝါးထင်ထင်မြင်ပြီးနောက်မှာ ထိုလူငယ်လေးရဲ့အတွေးအမြင်တွေ တဖြည်းဖြည်းပြောင်းလာပါတယ်။ခရီးတစ်လျောက်လုံးမှာလည်း ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်တတတ်ပဲ အမှန်ကိုပဲပြောတတ်တဲ့သူ အနာကြီးရောဂါသည်တွေကိုလည်း မခွဲခြားပဲဂရုဏာနဲ့ဆက်ဆံတဲ့ အဲနက်စ်ဒိုဂွေဗားရားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံကူးရင်းနဲ့ ရာသီဥတုရေမြေကွာခြားပုံတွေကိုလည်း လှလှပပရိုက်ကူးထားပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ...
movie
The Motorcycle Diaries (2004)