Channel Myanmar

Victor Brandt

The Santa Clause 2 (2002)
The Santa Clause 2 (2002)  ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Santa Clause 2 (2002)

Metalocalypse: Army of the Doomstar (2023) 6.8
Metalocalypse: Army of the Doomstar (2023) Metalocalypse: Army of the Doomstar (2023) ================================= IMDb Rating - 6.8/10American Animated series တွေဖြစ်တဲ့ Home Movies နဲ့ Metalocalypse တို့ရဲ့ပဲ့ကိုင်ရှင် Brendon Small ရဲ့ (2013)ခုနှစ်ကထွက်ခဲ့တဲ့ "Metalocalypse: The Doomstar Requiem" ရဲ့ Sequel ဖြစ်တဲ့ "Metalocalypse: Army of the Doomstar"(2023)ထွက်ရှိလို့လာပါပြီ။ Animation ဆိုသော်ငြား ပါဝင်တဲ့အသုံး အနှုန်းတွေနဲ့ ပြကွက်တွေကြောင့် R rated movie အဖြစ်သတ်မှတ်ခံထားရကြောင်း ကြိုတင်အသိပေးပါတယ်။ (2023)ဩဂုတ်လကမှ ရုံတင်ထားတာဖြစ်ပြီး IMDb rating 6.8နဲ့ ခရမ်းချဉ်သီးအလုံး100ရရှိထားပါတယ်။Metalocalypse စီးရီးကိုမကြည့်ဖူးလည်း ဒီကားကိုကြည့်လို့ရပါတယ်။ ဇာတ်ညွှန်း ကတော့ Dethklok Music Band ရဲ့သီချင်းရေးဆရာ နေသန်အိတ်စ်ပလိုးရှင်း တစ်ယောက် ဂြိုဟ်ကိုဖျက်ဆီးသူတွေရန်က‌နေ ကမ္ဘာကြီးကိုကယ်တင်ဖို့"Song of Salvation"ကိုရေးဖို့အကြောင်းဖန်လာပါတယ်။ သီချင်းတစ်ပုဒ်က ကမ္ဘာကြီးကို ဘယ် လိုကယ်တင်နိုင်မှာလဲ၊ "Song of Salvation"ဆိုတာ ...
movie

Metalocalypse: Army of the Doomstar (2023)

2023
Midnight in the Garden of Good and Evil(1997) 7.0
Midnight in the Garden of Good and Evil(1997) Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie

Midnight in the Garden of Good and Evil(1997)

[+18] Sliver(1993) 5.0
[+18] Sliver(1993) [+18] Sliver (1993) Dark Side Production မှတင်ဆက်သည်..... IMDb Rating.... 5.0/10  ရုံးပိတ်ရက်လည်းဖြစ်သည်က တစ်ကြောင်း ၊အေးမြတဲ့ဆောင်းရာသီဖြစ်သဖြင့် အပြင်ထွက်လျှင် အေးသောကြောင့် အခန်းအောင်းနေတတ်သည့် ကျွန်ုပ်တို့ ပုရိသအပေါင်းတို့အဖို့လွန်စွာမှပျင်းရိညဉ်းငွေ့ဖွယ်နေ့ရက်များဖြစ်ပေသည်...ထိုသို့သောအချိန်များကို စနစ်တကျကုန်ဆုံးဖို့ရာ  ဇတ်လမ်းကောင်းလေးနဲ့ ဖြတ်သန်းသင့်သဖြင့်  မည်သည့်ဇာတ်လမ်းအမျိုးအစားကိုရွေးချယ်ကြည့်ရှုရမည်ကိုသိသော်လည်းအချက်အလက်များနှင့် ကိုက်ညီသည့် အနှီဇာတ်ကားကိုရွေးချယ်ဖို့အခက်ရှိနေကြမည်ဖြစ်သည်...ဇာတ်လမ်းလည်းကောင်းရမည်...မင်းသမီးကလည်း စပါးကြီးမြွေတစ်ကောင်လိုညှို့အားပျင်းသည့်မင်းသမီးမျိုး..ရှောင်လွှဲရန်ခက်ခဲသည့် လောကဇာတ်ခုံမှာ ဖိုမကိစ္စရပ်များ ဒါတွေပြည့်စုံရမည်....ဒီလိုအချက်များနှင့်ကိုက်ညီသည့်ဇာတ်ကားကို Dark Side မှာ ညွှန်းဆိုပေးရမည်ဆိုလျှင်တော့ .Sliver(1993) ကိုကြည့်ပါလို့ပဲ ပြောချင်သည်..... Sliver ဆိုတာ U.S အသုံးအရတော့ အထပ်မြင့်တိုက်ခန်း အဆောက်အဦးပါ။ ဒီ ဇာတ်လမ်းက Silver တစ်ခုက အဖြစ်အပျက်တွေ အကြောင်းပါ။ဒီအဆောက်အဦး လူသေမှု ၂ခုဖြစ်ခဲ့ပြီး ပိုင်ရှင်ကလည်း ဘယ်သူမှန်းမသိရပါဘူး။ Carleyလို့ခေါ်တဲ့ စာအုပ်အယ်ဒီတာမလေး အဲ့ဒီ အဆောက်အဦးကို ရောက်လာပြီးတဲ့နောက် လူသေမှုတွေလည်း ထပ်ဖြစ်ခဲ့ပါတယ်။ဒီလူသတ်မှုတွေဟာ သူမနဲ့တိုက်ရိုက်ပတ်သက်လာတဲ့အချိန်မှာ၊အဆောက်အဦးပိုင်ရှင်ကလည်း သူမ လုံးဝမမျှော်လင့်ထားတဲ့ သူဖြစ်နေတဲ့အပြင်လျှို့ဝှက်ချက်ပေါင်းများစွာ ရှိနေတဲ့ ...
movie

[+18] Sliver(1993)

1993