Channel Myanmar

Vernon Dobtcheff

The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)

Before Sunset (2004) 8.0
Before Sunset (2004) Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို ့နှစ်ဦးရဲ ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို ့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလို်က်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ ့ စကားတွေများနေကြတာလဲ ဆိုပြီး … .အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ ...
movie

Before Sunset (2004)

2004
An American Haunting (2005)
An American Haunting (2005) နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ်ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ်ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ ...
movie

An American Haunting (2005)

The Order (2001)
The Order (2001) အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူမရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆိုနားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက်ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းကရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်းစီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလိုပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့လျှို့ဝှက်ဆန်းကျယ်တာတွေကိုဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက်တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။   File size…   1.4 GB /  954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre .....  Action ...
movie

The Order (2001)

2001
The Day of the Jackal (1973) 7.8
The Day of the Jackal (1973) The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie

The Day of the Jackal (1973)

1973
Indiana Jones and the Last Crusade (1989) 8.2
Indiana Jones and the Last Crusade (1989) Indiana Jones and the Last Crusade (1989)IMDb Rating (8.4) / Rotten Tomatoes (84%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ...
movie

Indiana Jones and the Last Crusade (1989)

1989
4K HEVC
M. Butterfly (1993) 6.7
M. Butterfly (1993) M. Butterfly (1993)ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း ...
movie

M. Butterfly (1993)

1993
[James Bond] The Spy Who Loved Me (1977) 7.1
[James Bond] The Spy Who Loved Me (1977) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Roger Moore ရဲ့ တတိယမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..ဒီကားက ရှေ့နှစ်ကားထက် ပို Rating ကောင်းသလို ဇာတ်လမ်းရော မင်းသမီးရော ပိုမိုက်ပါတယ်။ရှောင်ကွန်နရီနေရာမှာ အကောင်းဆုံးအစားထိုးနိုင်တဲ့ ဘွန်းအဖြစ် ရော်ဂျာမိုးကို သတ်မှတ်ကြပါတယ်..တည်ငြိမ်ရင့်ကျက်တဲ့ ဘွန်းရဲ့ အရသာကို ခံစားရမှာပါ။IMDb Rating (7.1/10) ရရှိထားပါတယ်…။  File size…(2.3 GB) and (1.3 GB) Quality….BluRay 1080p and 720p Format…mp4 Duration….02:06:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

[James Bond] The Spy Who Loved Me (1977)

Murder on the Orient Express (1974) 7.3
Murder on the Orient Express (1974) Murder on the Orient Express (1974) IMDb - 7.3/10_____Rotten - 90% Won 1 Oscar. Another 8 wins & 16 nominations    ကဲ အခုတစ်ခါတော့ သိပ်မကြာခင်မှာ ရုံတင်တော့မှာဖြစ်တဲ့ Murder On Orient Express ကားကြီးကို အကြိုခံစားဖို့ မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ် ကဲ အထွေ အထူး သိမ်မညွှန်းနေတော့ပါဘူး Johnny Depp ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၇ ကားကို မကြည့်ခင်မှာ ဒီကားလေးကို ကြည့်လိုက်ကြရအောင် ဇာတ်ကားလေးကတော့ IMDb မှာ ၇ ကျော်ရထားပြီး ၁၉၇၄ ခုနှစ်ကထွက်ရှိခဲ့တာပါ ပြီးတော့ သာမာန်ကြည့်နေကြ အချစ်လွမ်းကားတွေထက် စုံထောက်ကို ကြည့်ရတာ ဝါသနာပါတယ် ဆိုရင်တော့ လက်မလွတ်သင့်တဲ့ကားလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ မထင်မှတ်ထားပဲ ရထားပေါ်မှာ စုမိတဲ့လူတစ်စု လူသတ်မှုတွေဖြစ်တော့ လူသတ်တရားခံက ဘယ်သူဆိုတာကို စုံစမ်းဖော်ထုတ်တာကို ရိုက်ကူးပြထားတာပါ ကဲ ဇာတ်လမ်းကို ...
movie

Murder on the Orient Express (1974)

1974