Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Venkatesh Maha
7.4
Martin Luther King (2023)
Martin Luther King(2023)"ချုံကြားမှ ဘုံဖျားသို့" IMDb-7.3/10ကျေးရွာဥက္ကဋ္ဌဖြစ်ဖို့အရေး ရွာရဲ့ တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားတို့ အပြိုင်မဲဆွယ်ကြပုံကို ဟာသနှောရိုက်ကူးထားတဲ့ တလဂူးလ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မာတင်လူသာကင်းဆိုတာ 1968ခုနှစ်က ဆုံးပါးသွားခဲ့တဲ့ အာဖရိကန်-အမေရိကန်လူမျိုး သင်းအုပ်ဆရာတယောက်ဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတယောက်ပေါ့။ သူ့ကို လူ့အခွင့်အရေးသင်္ကေတအဖြစ် အခုခေတ်ထိ ရည်ညွှန်းပြောဆိုလေ့ရှိကြတယ်။မာတင်လူသာကင်းလို့ နာမည်ပေးထားတဲ့ ဒီဇာတ်လမ်းက အဲဒီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူအကြောင်းတော့မဟုတ်ပါဘူး။ တံဆိပ်ခေါင်းပေါ်က မာတင်လူသာကင်းကိုမြင်ပြီး နာမည်အစစ်မရှိသေးတဲ့ ဖိနပ်ချုပ်သမားလေးကို မာတင်လူသာကင်းလို့ နာမည်ပေးရာကစခဲ့တဲ့ဇာတ်လမ်းလေးပေါ့။တောင်ပိုင်း မြောက်ပိုင်းကွဲနေတဲ့ရွာကို သူကြီးဖြစ်သူ အခုခေတ်လိုဆို ဥက္ကဋ္ဌပေါ့၊အဲဒီဥက္ကဋ္ဌက တောင်ပိုင်းသူတစ်ယောက်နဲ့ မြောက်ပိုင်းသူတစ်ယောက်ကို ပေါင်းသင်းလက်ထပ်ပြီး ကျေးရွာကိုပေါင်းစည်းစေနိုင်ခဲ့တဲ့သူ။ ရွေးကောက်ပွဲပြန်လည်နီးကပ်လာတဲ့အချိန်မှာတော့ ဥက္ကဋ္ဌကြီး နာမကျန်းဖြစ်ရာကနေ နိုင်ငံရေးကတစ်ဆင့်ရမယ့် အကျိုးအမြတ်တွေကို မျှော်ကိုးပြီး မယားတစ်ယောက်ဆီက သားတော်မောင်နှစ်ကောင် ဥက္ကဋ္ဌနေရာကို ဝင်ပြိုင်ကြပါတော့တယ်။ သူ့ထက်ငါ မဲအသာစီးရရေးအတွက် အမျိုးမျိုးအဖုံဖုံ စည်းရုံးရေးဆင်းကြရင်း နှစ်ဖက်လုံး မဲအရေအတွက်တူညီနေချိန်မှာတော့...။ တစ်ရွာလုံးရဲ့ခိုင်းဖက် ရွာရဲ့အနှိမ်ခံ ဖိနပ်ချုပ်သမားလေး မာတင်လူသာကင်းရဲ့ အသဲကြားကမဲတစ်ပြားဟာ အရေးပါလာပါတော့တယ်။ အဲဒီကနေစလို့ မာတင်လူသာကင်းတစ်ယောက် ဘယ်လိုဒုက္ခသုခတွေရင်ဆိုင်ရမလဲဆိုတာ...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
movie
Martin Luther King (2023)
2023
5.1
Stand Up Rahul(2023)
Stand Up Rahul (2022) IMDb-5.1/10ချစ်သူတွေကြားမှာ အချစ်ဆိုတာထက်ပိုအရေးကြီးတာတွေရှိတတ်ကြတာပဲလေ။ ဒါကိုနားမလည်နိုင်ဘဲဘာနေနေ မချစ်လို့ဖြစ်တာ၊အဲလိုလုပ်မှာပေါ့ ငါ့ကိုမှမချစ်တော့တာဆိုရင် အဲဒီလိုမျိုး Relationshipတခုဟာ ရေရှည်တည်မြဲနေနိုင်ပေမယ့် ပျော်ရွှင်စရာဆိုတဲ့အရာတော့ တဖြည်းဖြည်းဆိတ်သုန်းလာမှာပဲ။ရာဟူးလ်က ချစ်တတ်ပြီး ချစ်သူကိုအနွံတာခံပေမယ့် အိမ်ထောင်မှုဆိုတာကို မယုံကြည်တဲ့သူ၊အိမ်ထောင်သည်ဘ၀ဆိုတာ သူ့အဖေနဲ့အမေလို ရန်တကျက်ကျက်ဖြစ်ရင်းနဲ့ သူလို ငတိတကောင်ကိုမွေးထုတ်ပေးရုံသက်သက်ကိစ္စတခုလိုတွေးမြင်ထားတာ၊ လမ်းပျောက်နေပြီး မိသားစုတွေမိတ်ဆွေတွေရဲ့ ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဆိုတာတွေကိုလည်း နားမဝင်တဲ့သူ၊စင်ပေါ်ကနေ ဟာသတွေပြောရတဲ့အလုပ်ကို ဝါသနာပါတဲ့သူ၊သူ့ချစ်သူကောင်မလေးကကျ ချစ်သူတွေရဲ့နောက်တဆင့်က ပျော်ရွှင်စွာအတူလက်ထပ်နေထိုင် ပေါင်းသင်းသွားကြလေသတည်းဆိုတာမျိုးကို စိတ်ကူးယဉ်တဲ့သူဖြစ်ပေမယ့် ချစ်သူစိတ်ချမ်းသာရင်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ ဒီတိုင်းLiving Togetherပဲနေကြတယ်။သူ့မိဘတွေက ရာဟူးလ်နဲ့လက်မထပ်ဘဲအတူနေမှန်းမသိကြ။သူတို့နှစ်ယောက်နေတဲ့အိမ်ရောက်လာပြီး တခြားတယောက်နဲ့ လက်ထပ်ဖို့စီစဉ်ပေးပါရော။အိမ်ထောင်ရေးကိုမယုံကြည်တဲ့ ရာဟူးလ်တယောက် မင်္ဂလာဆောင်ရတော့မယ့်ချစ်သူကို ချစ်သူအလိုကျ အိမ်ထောင်မှုတခုတည်ဆောက်လိုက်နိုင်မလား၊သူဝါသနာပါတဲ့အလုပ်ကို အောင်မြင်အောင်လုပ်နိုင်မလားဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ရိုမန့်စ်ဟာသအချစ်ဇာတ်ကားလေးပါ။ (အညွှန်းကို Yunniမှရေးထားပြီး Yunni,BpL,V,Sai,ThaikSanတို့ဘာသာပြန်ထားပါတယ်) File size…1.7GB / 800MB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni,BpL,V,Sai,ThaikSan
movie
Stand Up Rahul(2023)
2023
8.1
Ante… Sundaraniki! (2022)
Ante Sundaraniki (2022) IMDb Rating- 8.1/10ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ "ဆန်ဒါ" ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကို ဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ် ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ် သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့် ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး... သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ် လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါ သူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် န ားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့ အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့ အခြေအနေဖန်လာခဲ့ပါတယ်...လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ် ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး.... ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ... လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ.... သူငယ်ချင်းနှစ်ယောက်ရဲ့ ...
movie
Ante… Sundaraniki! (2022)