Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Velislav Pavlov
Getaway (2013)
Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ.ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်.အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ ...
movie
Getaway (2013)
6.2
Septembers of Shiraz (2015)
အီရန်နိုင်ငံကို Revolutionary Guards လို့အမည်ရတဲ့ အစ္စလမ်မစ်အစွန်းရောက်ဝါဒီတွေသိမ်းပိုက်လိုက်တဲ့အတွက် ယခင်အစိုးရနဲ့အဆက်အစပ်ရှိတဲ့သူတွေကို ပစ်မှတ်ထားပြီးလိုက်လံဖမ်းဆီးနေပါတယ်။နိုင်ငံအနှံ့မှာ ဆူပူသောင်းကျန်းမှုတွေဖြစ်နေကြပြီး ထင်ရာစိုင်းတဲ့အစွန်းရောက်အဖွဲ့ရဲ့ဒဏ်ကိုအလူးအလဲခံစားရနေရတယ်။ အစ်ဇက်တို့မိသားစုဟာကျောက်မျက်ရတနာလုပ်ငန်းလုပ်ကြပြီး ကြွယ်ဝချမ်းသာတဲ့မိသားစုဖြစ်ပါတယ်။တစ်နေ့ အစ်ဇက်အလုပ်လုပ်နေတုန်းမှာ Revolutionary Guards ကလာဖမ်းသွားပါတယ်။ခင်ပွန်းဖြစ်သူနဲ့တွေ့ရဖို့အတွက် ဖာနက်ဇ်မှာ နည်းမျိုးစုံနဲ့ကြိုးစားပေမယ့်မအောင်မြင်ပါဘူး။နီးစပ်တဲ့သူတွေနဲ့ ဆွေးမျိုးရင်းခြားတွေကလည်းလိုက်ဖမ်းလို့ထွက်ပြေးရတဲ့ အတွက်ဘယ်သူ့မှ အကူအညီမပေးနိုင်ပါဘူး။ ဒီလိုအသည်းအသန်ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူရဲ့လုပ်ငန်းကို လူယုံက အပိုင်သိမ်းသွားတယ်။ထောင်ထဲမှာ အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့နှိပ်စက်မေးမြန်းဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာအစ်ဇက်ဟာ ပိုင်ဆိုင်တာအကုန်ပေးမယ် သူ့ကိုလွတ်ပေးပါလို့ကမ်းလှမ်းတယ်။ဒီကမ်းလှမ်းချက်ကိုတစ်ဖက်ကလည်းလက်ခံခဲ့တယ်။ အကျဉ်းထောင်ကနေလွတ်လာတဲ့အစ်ဇက်ဟာ တစ်ချိန်မှာသူ့ကိုပြန်လာဖမ်းနိုင်တာကိုသိတဲ့အတွက် နိုင်ငံကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ File size…1.75 GB/ 703MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Septembers of Shiraz (2015)
5.7
The Shepherd: Border Patrol(2008)
2008 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဗန်ဒိန်းကားဟောင်းတစ်ကား ဖြစ်ပါတယ်။ ကန်ချက်လှလှတွေနဲ့ ဖမ်းစားခဲ့တဲ့ ပြင်သစ်မင်းသားကြီး ဗန်ဒိန်းဆို လူတိုင်းနီးပါး သိကြမယ်ထင်ပါတယ်။ ဒီကားထဲမှာ Scott Adkin တောင် အရန်နေရာလောက်ပဲ ပါဝင်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယူးအော်လင်းမြို့ကြီးကနေ နယ်စပ်မြို့ကလေး ကိုလမ်ဘတ်စ်ကို ယုန်တစ်ကောင်နဲ့ ထူးဆန်းတဲ့ ရဲသားတစ်ယောက် ဂျက် ဌာနပြောင်းလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကလည်း နယ်စပ် တရားမဝင်ရွေ့ပြောင်းလူတွေ အမေရိကန်ဖက်ကို ခိုးဝင်ကြလို့ ဖြေရှင်းနေရတဲ့ကာလတစ်ခုပေါ့။ ဂျက်ရဲ့အထက်အရာရှိ ကပ္ပတိန်မမကြီးကလည်း အပေါက်ကတော့ တော်တော်ဆိုးပြောရမယ် အဲဒါအပြင် ဂျက်ကို တွဲဖက်ရှာပေးပြီး ပြဿနာမရှာဖို့ဆိုပြီး ထိန်းထားဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ဂျက်တို့လည်း နယ်စပ်ကင်းလှည့်ရင်း ခိုးဝင်လာသူတွေကို ဖမ်းဆီးတဲ့အချိန် ဘိန်းဖြူသယ်လာတာကို မြင်ရပြီး မအောင်မြင်တော့ ဖောက်ခွဲပစ်တာကိုလည်း ကြုံလိုက်ရပါတယ်။ အဲဒါနဲ့ စုံစမ်းတဲ့အချိန်မှာ တစ်ဖက်က ဘိန်းဖြူကုန်ကူးနေတဲ့အဖွဲ့က အမေရိကန် ...
movie
The Shepherd: Border Patrol(2008)
6
Thick as Thieves (2009)
Thick as Thieves (2009)ရစ်ပလေ ဆိုတဲ့နာမည်ကတော့ သိုးဆောင်းတို့ဘာသာစကားမှာ တော်တော်ဟိတ်ဟန်ကြီးသဗျ။ တွမ် ရစ်ပလေ ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်နဲ့ ကျွန်တော် လူကြီးမင်းတို့ကို မိတ်ဆက်ပေးဖူးတယ်။ အဲဒီကောင်ကလည်း လူဆိုးဂိုဏ်းလောကမှာ တစ်ကိုယ်တော် လူစွမ်းကောင်း။အခုဇာတ်ကားမှာတော့ ကစ်သ် ရစ်ပလေ တဲ့ဗျာ။ တကယ့်လူ။ နှစ်ဖက်ချွန်တာနဲ့ အားမရတော့ သုံးဖက်ချွန်တဲ့ စမူဆာလိုလူကြီး။ နောက်ပိုင်းမှာ အဖက်ဖက်ကိုချွန်နေတဲ့ ဆိုင်ကယ်စပေါ့ကတ်ကြီး ဖြစ်နေပါရော့လား။ စပေါ့ကတ်တောင် ခွေးသွားစိတ်များတဲ့ နံပါတ်ကြီးဗျ။လူဆိုးဂိုဏ်းသားကြီးတော့ မဟုတ်ပါဘူးလေ။ တစ်ကိုယ်တော် သူခိုးကြီးပါ။ တစ်ပွဲစားအဆင့်ကြီးပေါ့။ သူတပါးပစ္စည်း အပျောက်ဖျောက်တဲ့နေရာမှာ အနုပညာမြောက် ကျွမ်းကျင်မှော်ဝင်သူ။သူခိုးကားတွေရဲ့ ထုံးစံလိုပါပဲလေ။ တွဲဖက်တစ်ယောက်ရှိတယ်။ သူများသတ်လို့သေသွားတယ်။ ဒီတော့ တွဲဖက်ရဲ့ မပြီးဆုံးသေးတဲ့ကိစ္စတွေကို ပြီးဆုံးအောင်လုပ်ပေးဖို့တာဝန်ရယ်၊ သူ့သမီးလေးကို စောင့်ရှောက်ရမယ့်တာဝန်ရယ်။ ဒီတာဝန်တွေကို တစ်ဦးတည်းဆောင်ရွက်ဖို့ အသက်ကြီးသွားပြီဖြစ်တဲ့ ကစ်သ် ရစ်ပလေ က လူငယ်ခြေတက်၊ သူခိုးပေါက်စလေး ဂေဘရီရယ် ရဲ့အကူအညီကို ...
movie
Thick as Thieves (2009)
2009
7.3
The Wedding Veil Unveiled (2022)
The Wedding Veil Unveiled (2022)~ IMDb rating - 7.3/10 ~ဒီကားလေးကတော့ The Wedding Veil Trilogy ရဲ့ ဒုတိယမြောက်ကား The Wedding Veil Unveiled ပဲဖြစ်ပါတယ်။ဒီဒုတိယကားမှာတော့ မင်္ဂလာမျက်နှာလွှားဇာလေးကို ရှာတွေ့ပြီး ဝယ်ယူခဲ့တဲ့ သူငယ်ချင်းသုံးယောက်ထဲကမှ Emma ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံရမယ့် အချိန်ကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကို အညွှန်းအတိုလေးနဲ့ ပြောပြရမယ်ဆိုရင်တော့... ဇာတ်လမ်းအစမှာ LDRS ဘဝကနေ ချစ်သူကနောက်ရည်းစားရသွားလို့ အသည်းကွဲသွားရတဲ့ Emma တစ်ယောက် အီတလီကို စာသင်ဖို့ထွက်လာရာက စထားပါတယ်။ သူအီတလီကို မထွက်ခင်မှာ သူတို့ရှာတွေ့ထားတဲ့ ဇာထည်လေးက အီတလီကဖြစ်တာကြောင့် Emma ဟာ ဒီဇာထည်ရဲ့ မူလဇာစ်မြစ်ကိုသိဖို့ သူနဲ့အတူယူသွားပါတော့တယ်။ဒီတော့ Emmaတစ်ယောက် အီတလီမှာ စာသင်ရင်းတစ်ဖက် ဇာထည်ရဲ့ဇာစ်မြစ်ကို ရှာရာက ဇာထည်ရဲ့အကြောင်းအပြင် Paolo ဆိုတဲ့လူတစ်ယောက်နဲ့ ...
movie
The Wedding Veil Unveiled (2022)
2022
6.6
The Expendables 2 (2012)
The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာနေတဲ့ ဇာတ်ကွက်တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p HEVC IMDb Rating__6.6/10 Format__mp4 Duration__1h43min Type__Action, Adventure, Triller Subtitle__Myanmar Subtitle (Hardsub) Encoded ...
movie
The Expendables 2 (2012)
2012
HEVC 1080p 5.1
5.4
Death Race 4: Beyond Anarchy (2018)
Dead Race ဆိုတဲ့ Movie ကို အများကြီးညွှန်းစရာမလိုတော့ပါဘူး… Dead Race ပြိုင်ပွဲမှာထောင်ထဲမှာပြုလုပ်တဲ့ တရားဝင်ပြိုင်ပွဲဖြစ်ပြီးတော့ အဲပြိုင်ပွဲမှာဝင်ပြိုင်တဲ့ အကျဉ်းသားတွေအကုန်လုံးကလည်းထောင်ဒဏ်တသက်တကျွန်းကျထားပြီးတဲ့ သေမထူးနေ့မထူး အရက်စက်ဆုံး လူမဆန်ဆုံးနဲ့ လူသတ်သမားတွေ ရာဇ၀တ်သားတွေပဲဖြစ်ပါတယ်…. ဒီလိုအကျဉ်းသားတွေကို သူတို့လွတ်မြောက်ဖို့အတွက်အခွင့်ရေးတစ်ခုရောက်လာပါတယ်… အဲဒါကတော့ ထောင်ထဲမှာကားပြိုင်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သတ်ရတာပဲဖြစ်ပါတယ်… ဒီလိုပြိုင်ရင်းကနေ ပြိုင်ပွဲတိုင်းရဲ့ ဘုရင်တစ်ပါးပေါ်လာပါတယ်… သူကတော့ Frankenstein ပဲဖြစ်ပါတယ်… အခုတင်ဆက်ပေးမယ့် Dead Race 4 မှာကတော့ နိုင်ပွဲတွေဆက်လာနေတဲ့ Frank ကို အစိုးရကနေ ထောင်ထဲမှာပဲ ကားပြိုင်ရင် သုတ်သင်ရှင်းလင်းဖို့အတွက် လုပ်မယ့်အစီအစဉ်ဖြစ်ပါတယ်…… ဒါကြောင့် နိုင်ပွဲတွေဆက်နေတဲ့ ပြိုင်ပွဲတိုင်းရဲ့ဘုရင် Frank ကိုရှင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရမှာပဲဖြစ်ပါတယ်… ဒီ Dead Race ဆိုတဲ့ Movie အမျိုးစားဟာ ထောင်ထဲမှာစရိုက်ဆန်ဆန်နဲ့ရိုက်ထားတဲ့ Action Movie အမျိုးအစားဖြစ်ပြီး အရွယ်မရောက်သေးသူများနဲ့မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တဲ့ အခန်းအတော်များများပါဝင်ပါတယ်….. လူသတ်ကားဖြစ်ပြီးတော့ သွေးထွက်သံယိုတွေ ရက်ရက်စက်စက်သတ်ဖြတ်တဲ့အခန်းတွေလည်းအများဆုံးပါဝင်ပါတယ်…. ကြမ်းကြမ်းမှကြိုက်တယ်ဆိုတဲ့ပရိတ်သတ်တွေအတွက်အကြိုက်တွေ့စေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်…File Size : (794 MB and 360 MB) Quality : 720p HDRip Running Time : 1hr 51min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : 720p HDRip Translated ...
movie
2018