Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vas Saranga
6.2
A Match for the Prince (2023)
A Match for the Prince (2023) ====================== IMDb Rating - 6.2/10အချစ်ဟာ နူးညံ့ပါတယ်၊ သိမ်မွေ့ပါတယ်၊ တစ်ဖက်မှာလည်း ဆုံးရှုံးလိုက်ရတဲ့အခါ ထိခိုက်ရတယ်၊ နာကျင်ရတယ်ပါတယ်။ စိတ်ဒဏ်ရာဆိုတဲ့ သဘောဟာလည်း အထိအရှတွေ ဖြစ်လာတဲ့ အခါ ရှောင်ပြေးမနေဘဲ၊ ကျောခိုင်းမနေဘဲ ရင်ဆိုင်ကုစားမှသာ လျှင် ကုစားနိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ ဂျူလီယာဟာ ပြီးပြည့်စုံတယ်ဆိုတာ ကို စွဲလန်းနေတဲ့၊ တစ်ချိန်မှာ သူ(မ)ရဲ့ကိုယ်ပိုင် သံချပ်ဝတ်စစ်သည် တော် ရောက်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ စိတ်ကူးယဉ် အချစ် ဝတ္ထုရေးဆရာမလေးပါ။ သူ(မ)ရဲ့ ဝတ္ထုတိုင်းဟာ ပြီးပြည့်စုံတဲ့ဇာတ် သိမ်းတွေရှိပြီး ရောင်းအားအကောင်းဆုံးဖြစ်နေတာမို့ အချစ်ရေး ကျွမ်းကျင်သူအဖြစ် ထင်မြင်ခံရပါတယ်။မင်းသားမက်စ်ဟာတော့ ဗော်လ်ဒါရီယိုနိုင်ငံရဲ့ အိမ်ရှေ့မင်းသားဖြစ် ပြီး တော်ဝင်လက်ထပ်ပွဲမဆင်နွှဲရသေးတာကြောင့် နန်းမတက်ရသေး သူပေါ့။ အသက် (၄၀) မပြည့်ခင် လက်ထပ်မှ ထီးနန်းဆက်ခံရမယ် ဆိုတဲ့ စည်းမျဉ်းကြောင့် ကြင်ယာအရှာထွက်လာရင်း အစ်မဖြစ်သူရဲ့ အကြံပေးမှုနဲ့ ဂျူလီယာ့ကို အောင်သွယ်တော်အဖြစ် ငှားလိုက်ပါတော့ တယ်။ သို့ပေမဲ့ အချစ်ရေးမှာ ဒဏ်ရာရထားတဲ့ မင်းသားဟာ ဂျူလီယာ တွေ့ပေးသမျှလူတိုင်းကို သတိကြီးကြီးထား၊ စည်းခြားပြီးပဲ ချဉ်းကပ် ခဲ့တာကြောင့် ...
movie
A Match for the Prince (2023)
2023
5.9
Baking All the Way (2022)
Baking All the Way (2022) ===================ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ သူရဲ့ ဟင်းချက်နည်း စာအုပ်အသစ်ထဲမှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္ စမတ်ကွတ်ကီးကို နည်းလမ်းမျိုးစုံသုံးပြီး ရှာနေခဲ့တာကြာပါပြီ။ သူလက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်း ကြည့်တာကစပြီး သူ့ဆီပို့ပေးတဲ့အထဲက အကောင်းဆုံးကွတ်ကီး ကို သူ့စာအုပ်အသစ်မှာ ထည့်သွင်းဖော်ပြမဲ့အကြောင်း တစ်နိုင်ငံ လုံးကမုန့်တိုက်တွေဆီ သတင်းလွှင့်တာထိအဆုံးပေါ့။တစ်နေ့မှာတော့ Hampton Grove ဆိုတဲ့ နယ်မြို့လေးတစ်မြို့က မုန့်တိုက်တစ်တိုက်ကနေ ပို့လိုက်တဲ့ကွတ်ကီးတွေက Julia လိုချင်တဲ့ အရသာနဲ့ကွက်တိကျတဲ့ အကောင်းဆုံးကွတ်ကီးတွေဖြစ်နေပါတော့ တယ်။ အဲဒါနဲ့ သူတို့ကွတ်ကီးတွေကို သူ့စာအုပ်မှာထည့်ဖော်ပြဖို့ ရွေးလိုက်ပြီဖြစ်တဲ့အကြောင်းကြားဖို့ အဲဒီဆိုင်ကို ဝမ်းသာအားရနဲ့ လူကိုယ်တိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရှင်နဲ့တွေ့တော့ သူတို့ ဆိုင်ကနေ ဘာကွတ်ကီးမှ Julia ဆီ မပို့လိုက်ကြောင်း၊ ကွတ်ကီး လုပ်နည်းကိုလည်း လူအများသိအောင်ချပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့ အကြောင်းပဲ Julia ခဗျာကြားလိုက်ရပါတော့တယ်။ဒါပေမဲ့ Julia ဟာ လက်မလျော့ဘဲ နောက်တစ်ခေါက်ပြန်ဖျောင်းဖျဖို့ အဲဆိုင်ကိုပြန်သွားတဲ့အခါမှာ ဆိုင်ရဲ့ရောင်းအားအခြေအနေသိပ်မကောင်း တဲ့အကြောင်း သိလိုက်ရပါတယ်။ ရောင်းအားကို ၅၀ ရာခိုင်နှုန်းတိုးလာ အောင် သူလုပ်ပေးနိုင်ခဲ့ရင် ကွတ်ကီးလုပ်နည်းကို ...
movie
Baking All the Way (2022)
2022
4.6
Firestarter (2022)
Firestarter (2022) 1980 တုန်းက ထွက်ခဲ့တဲ့ စတီဖင်ကင်း ၀တ္တုဖြစ်တဲ့ Firestarter ကို 1984 မှာ ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပါတယ်။ ခုတစ်ဖန် ၂၀၂၂မှာ Reboot ပြန်ရိုက်ထားတာပါ။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ ကြည့်ပျော်တဲ့ထဲပါတဲ့ ရုပ်ရှင်ပါပဲ။ Zac Efron လို နာမည်ကြီး မင်းသားလည်း ပါ၀င်သရုပ်ဆောင်ထားသလို အဓိကဇာတ်ကောင်ကလေးမလေးကလည်း ရုပ်ရှင်သမားအတော်များများ မြင်ဖူးကြလောက်မယ့်သူပါပဲ အရင်ကားအဟောင်းကိုပဲ တီးခတ်ပေးထားတဲ့ ဂန္ထဝင် Composer John Carpenter ကြီးကပဲ နောက်ခံဂီတကို တီးခတ်ပေးထားပါတယ်။သူကတော့ Horror, Science Fiction လို့ ရေးထားပေမဲ့ စူပါဟီးရိုးကား အရသာတော်တော်ရပါတယ်။ အဓိက ဇာတ်ကောင်ကလေးမလေးက မီးကိုထုတ်ချင်သလိုထုတ်လို့ရပါတယ်။ သို့ပေမဲ့ သူ့ပုံစံက X menထဲက ဂျင်းဂရေးနဲ့အတော်တူပါတယ်။ သူတို့လို စွမ်းအားတွေရဲ့ရင်းမြစ်က ဓာတုကွန်ပေါင်းတစ်မျိုးဖြစ်တာကြောင့် The Boys ထဲက ဟီးရိုးတွေနဲ့လည်း ...
movie
Firestarter (2022)
2022
7.7
Little Italy (2018)
ဒီနှစ်ထဲထွက်ရှိထားတဲ့ Romance-Comedy အမျိုးအစား ဇာတ်ကား ဖြစ်ပြီးမင်းသား Hayden Christensen နဲ့ မင်းသမီးလေး Emma Roberts တို့အဓိကခေါင်းဆောင်ပါဝင်ထားတယ်။ဒီဇာတ်ကားလေးကို တစ်ချို့ Pizza လုပ်ပုံလုပ်နည်းတွေ အသားပေးတင်ပြထားလို့Pizza Documentary လို့တောင် တင်စားကြသလိုဒီကားရဲ့ မင်းသမီးလေး Emma Roberts ကလည်းမင်းသမီးကြီး ဂျူလီယာရောဘတ်ရဲ့ တူမဖြစ်တာကြောင့် သူ့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ကောင်းမွန်လှပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့Little Italyလို့နာမည်ရတဲ့ ကနေဒါကရပ်ကွက်လေးထဲမှာ နစ်ကီ (Emma Roberts)နဲ့လီယို(Hayden Christensen)တို့ သူငယ်ချင်းနှစ်ယောက်ဟာငယ်ငယ်ကတည်းက နှစ်ယောက်ပေါင်းလောင်းကျော် ကစားဖော်ကစားဖက်တွေပါ။သူတို့မိဘတွေကတော့ ပီဇာလုပ်ငန်းလုပ်ကိုင်ကြတဲ့သူတွေ ဖြစ်ပြီးတော့စီးပွားပြိုင်ဖက်တွေ ဖြစ်လာတဲ့အခါမှာတော့ မတည့်ကြတော့ပါဘူး။သူငယ်ချင်းနှစ်ယောက်လည်း ကွဲသွားပြီး နစ်ကီကတော့လန်ဒန်မှာ စားပွဲမှူးတစ်ယောာက်ဖြစ်လာဖို့ ကြိုးစားနေခဲ့ပြီးလီယိုကတော့ မိဘတွေရဲ့ပီဇာလုပ်ငန်းဆက်လုပ်နေပါတယ်။တစ်နေ့တော့ နစ်ကီ လန်ဒန်မှာ အလုပ်ဆက်လုပ်ဖို့ ဗီဇာအတွက်ကနေဒါ ပြန်လာတဲ့အခါမှာတော့ ငယ်သူငယ်ချင်းနှစ်ဦးဟာငယ်ငယ်ကသံယောဇဉ်နဲ့ အချင်းချင်း Crush နေကြပေမယ့်မိဘချင်းက ပြိုင်ဖက်တွေမို့ ပီဇာစစ်ပွဲကြားက ရိုမီယိုနဲ့ ဂျူးလီယက်စ်လို ဖြစ်နေကြပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကြားထဲက ...
movie
Little Italy (2018)
2018