Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Vanitha Vijayakumar
7
Haraa (2024)
Haraa (2024) တစ်ကိုယ်တော်ပုစ္ဆာရှင်းတမ်း Genre – Thriller, Action IMDB – 7.8/10အသစ်စက်စက်ထွက်ရှိထားတဲ့ တမီးလ်စကားပြော သည်းထိတ်ရင်ဖို အိန္ဒိယ အက်ရှင်ကားလေး ဖြစ်ပါတယ်။ မင်းသားကြီး Mohan တစ်ယောက် ၁၄ နှစ်ကြာ ဇာတ်ကားမရိုက်ပဲ အနားယူနေခဲ့ရာကနေ ယခုမှ ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွိုင်တာပူရ်မြို့မှာ ဘုရားပွဲ စီတန်းလှည့်လည်မှာကို ရဲတွေတသိုက် ပြဿနာမတက်အောင် လုံခြုံရေးတွေ တင်းကြပ်စွာ ချမှတ်ပြီး အလုပ်တွေ များနေကြတယ်။ အဲဒီမှာလည်း ပဟေဠိဆန်ဆန်နဲ့ ရမ်ဆိုတဲ့ဘဲတစ်ပွေဟာ သမီးဖြစ်သူ အဆုံးစီရင်ပြီး ဆုံးပါးခဲ့ရတာကို ပူဆွေးနေခဲ့တဲ့အတွက် တစ်ကိုယ်တော် စုံစမ်းထောက်လှမ်းနေတယ်။ သူ့နောက်ကိုလည်း ရဲလိုလို ဘာလိုလို လူတွေအုပ်လိုက်က အသည်းအသန် လိုက်ဖမ်းနေကြတယ်။သမီးလေးဖြစ်သူ သေဆုံးမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ရမ်တစ်ယောက် ကြက်သွန်နွှာသလို တစ်ဆင့်ချင်း ဖော်ထုတ်နေရင်းနဲ့ မြေအောက်လောက လူမိုက်ဂိုဏ်းတွေရဲ့ နိုင်ငံရေး မသမာမှုတွေရဲ့ ကမ္ဘာထဲကို တစ်စတစ်စ ချည်းနင်းဝင်ရောက်မိခဲ့တဲ့အချိန်မှာတော့….။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.9GB / ...
movie
Haraa (2024)
2024
7.5
Operation Laila (2024)
Operation Laila (2024)"လိုင်လာအော်ပရေးရှင်း" ==================================Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.2GB/1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Operation Laila (2024)
2024
7.1
Aneethi (2023)
Aneethi (2023)IMDb - 7.4/10 The Times Of India - 3.5/5"မိုးလင်းကနေ မိုးချုပ်ထိ မနားတမ်းအလုပ်လုပ်တယ်... အလုပ်က နားလိုက်တာနဲ့ ဒီလောက်ကျယ်တဲ့မြို့ကြီးမှာ ငါ့အတွက်နေရာဆိုတာမရှိဘူး.." တစ်နေကုန် အစားအသောက်ပို့ရင်း တစ်ပုံစံထဲ ငြီးငွေ့စရာနေ့တွေထဲ တွေ့သမျှလူတိုင်းကို သတ်ပစ်ချင်စိတ်နဲ့ အိပ်မရညတွေဖြတ်သန်းရင်း စိတ်ရောဂါကို အံတုနေရတဲ့ ဇာတ်လိုက်ကျော်မင်းသား..။တစ်နေ့ ညနက်မှပို့တဲ့ Deli way ထဲက အသံချိုချို လက်လှလှလေးနဲ့ ကြွေကျသွားတဲ့ နှလုံးသားကြောင့် | နေ့တိုင်း ဒီအိမ်ကြီးဆီ ချစ်ရသူလေးအတွက် မုန့်ပို့ဖို့ အကြောင်းတွေရှာပြီး နည်းလမ်းရှာအနားကို ပြေးကပ်ရပါပြီ။ စိတ်ရောဂါဆိုတာ ပန်းလေးလိုပါပဲ ဂရုထားပုံပေါ်မူတည်ပြီး ကြွေရင်ကြွေ ၊ မကြွေရင် ဝေ ။ဒီလိုအခြေအနေမှာမှ လူသတ်ချင်နေတဲ့မင်းသားတစ်ယောက် အချစ်မှာမျောပါသွားတဲ့အခါ အရောင်မဲ့ကမ္ဘာကြီး သက်တံ့တွေထွန်းလာတော့တာပေါ့။ ဒီလိုနဲ့ ချစ်တတ်လာတဲ့မင်းသားဟာ တစ်နေ့တာမှာ အပြုံးတွေဝေ အသက်ရှင်လာသလိုခံစားရလာရကနေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် တရားခွင်ရင်ဆိုင်ရမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ..။ဒီ့အပြင် ချစ်ရသူကိုယ်တိုင်ကပါ သူ့ကို ချနင်းပြီး အသုံးချသွားတဲ့အခါ..။ ...
movie
Aneethi (2023)
2023