Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Van Doude
7.7
Breathless (1960)
Breathless (1960)~ IMDb - 7.7/10, Rotten Tomatoes - 96% ~ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ...
movie
Breathless (1960)
1960
7.1
Love in the Afternoon (1957)
လူဆိုတာ မလုပ်ရဘူးဆိုတာကို ပိုလို့လုပ်ချင်တတ်တဲ့ အကျင့်နဲ့ သတ္တဝါမျိုးပါ.....အဲဒီလို သတ္တဝါမျိုးကိုမှ ဘာကိုမှမမြင်တော့လောက်အောင် ကန်းစေမဲ့ အချစ်မျိုးထည့်ဖြည့်ပေးလိုက်ရင် မိုးပေါ်က သိကြားမင်းမကလို့ တဖက်၅၀၀စီရှိတဲ့ နတ်သမီးတွေ တောင်းပန်ခယလည်း နောက်ပြန်လှည့်တော့မှာမဟုတ်ပါဘူး.....အချစ်ဆိုတဲ့ စကားလုံးလေးက အင်မတန်ရိုးရှင်းပါတယ်.....ဖွင့်ဆိုရတဲ့ အဓိပ္ပာယ်တွေကတော့ ဆန်းကြယ်လွန်းတာမှ အနန္တစကြာဝဠာဆိုတာ တကယ်ရှိနေပါလားဆိုတာထက်ကို ပိုဆန်းကြယ်လွန်းပါတယ်.....ဒီအရာကို တခြားလူလုပ်ရင်မကြိုက်ပေမဲ့ ကိုယ့်မျက်စိထဲ ချစ်စရာကောင်းတယ်လို့ထင်တဲ့လူလုပ်နေရင်တော့ စိတ်ဝင်စားစရာ သည်းခံချင်စရာလေးဖြစ်သွားတဲ့အထိကို လူ့စိတ်ကိုပြောင်းလဲစေတာလည်း အချစ်ပါပဲ.......တခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို မြင်တဲ့အချိန်ကနေစပြီး အသက်ဆုံးသွားတဲ့အချိန်ထိ ကိုယ့်ဘေးမှာ မပူမပင်မကြောင့်မကျဘဲ ထားချင်တာလည်း အချစ်ပါပဲ.....ဒါပေမဲ့ ကိုယ်အင်မတန်မုန်းတီးပါတဲ့ဆိုတဲ့အရာကို ကိုယ်အင်မတန်ချစ်ပါတယ်ဆိုတဲ့သူ လုပ်လို့ အသက်ဆုံးရှုံးတဲ့အထိ တုံ့ပြန်တတ်တာလည်း အချစ်ပါပဲ.....ပြောရရင်ကုန်မှာကိုမဟုတ်ပါဘူး အနန္တစကြာဝဠာဆိုတာ အချစ်ရဲ့ အဓိပ္ပာယ်ရှင်းတမ်းနဲ့ယှဉ်ရင် မြူမှုန်တဝက်သာသာရယ်ရှိတာပါ.....ဒီဇာတ်ကားလေးကတော့ ပလေးဘွိုင်းလို့ သိနေလျက်နဲ့ ကိုယ့်အဖေစုံထောက်ကြီးကလည်း စုံစမ်းနေလျက်နဲ့ကို စုံလုံးကန်း ချစ်မိသွားတဲ့ အကြောင်းလေးကို ဟာသလေးနှော အပြောကောင်းကောင်းလေးတွေပေါင်းထည့်ပြီး တင်ဆက်ရိုက်ပြထားတာပါ......ဒီခေတ်ရဲ့ ချစ်စကားတွေနဲ့ အရင်ခေတ်က ချစ်စကားတွေ ဒီခေတ်လူငယ်တွေနဲ့ ...
movie
Love in the Afternoon (1957)
7.8
The Day of the Jackal (1973)
The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie
The Day of the Jackal (1973)
1973